CATEGORY
Women and Gender
Women and Gender focus news
သီပေါတွင် လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ နေအိမ် ၃လုံးပျက်စီး
SHAN -
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့တွင် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီး လက်နက်ကြီးထိမှန်သေဆုံးပြီး၊ နေအိမ် ၃လုံးပျက်စီးသွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့်( ဩဂုတ်လ ၁၀ရက်) မှစတင်ပြီး သီပေါအခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ(၂၃)၊ ခြေမြန်တပ်ရင်း ခမရ-၅၀၃/၅၀၄ တို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် PDF...
ဟိုပုံးမြို့နယ် အမျိုးသမီးများကို စစ်မှုထမ်းရန် စစ်ကောင်စီ စတင်ခေါ်ဆောင်တော့မည်
SHAN -
သျှမ်းပြည် တောင်ပိုင်း ဟိုပုံးမြို့နယ်တွင် စစ်ကောင်စီမှ အမျိုးသမီးများကို စစ်မှုထမ်းရန် စတင်သတိပေး ခေါ်ဆောင်သွားမည်ဟု စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစတင်၍ ဟိုပုံးမြို့နယ်ရှိ ရပ်ကွက်များတွင် စစ်ကောင်စီမှ စစ်မှုထမ်းခေါ်ရန် အတွက် ပိုက်ဆံကောက်ပြီးနေပြီး၊ ရပ်ကွက်လူကြီးများလည်း အမျိုးသမီးစစ်မှုထမ်းနာမည်ပေါက်သူများကို လာရောက် သတိပေးမှု ရှိနေကြောင်း ဟိုပုံးမြို့ ဒေသခံအမျိုးသားတစ်ဦးက...
ဗုံး၊ကျည်သံကြား ရက်သားကလေးနဲ့ မိခင် လမ်းခရီးကြမ်း
“တဒုန်းဒုန်း တဒိုင်းဒိုင်း” ပစ်ခတ်သံတွေကို ဂရုမစိုက်နိုင်လောက်အောင် ကြောက်စိတ်တွေ၊ စိုးရိမ်မှုတွေက အသက်ကိုပါ မမှုဘဲ မလှိုင်လှိုင်မျိုး တစ်ယောက် ကလေးကို ရအောင် မွေးဖွားနေပါတယ်။ နောက်ဆုံးတော့ ကျယ်လောင်နေတဲ့ လက်နက်ကြီးသံနဲ့အတူ ကလေးကို ကောင်းမွန်စွာ မွေးဖွားနိုင်ခဲ့ပါတယ်။ မလှိုင်လှိုင်မျိုးဟာ အသက် ၃၅နှစ်အရွယ်ရှိပြီး၊ ဇူလိုင်လ ၁၅ ရက် ည...
မိုးကုတ်အနောက်ပိုင်းကို စစ်ကောင်စီ လက်နက်ကြီးပစ် မိခင်နှင့်ကလေး ပွဲချင်းပြီး သေဆုံး၊ ၅ ဦး ဒဏ်ရာရ
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ လေးရက်ကြာ တစ်ဖက်သက် အပစ်ရပ်ထားစဉ် မိုးကုတ်မြို့နယ် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်းကြောင့် မိခင်နှင့် ကလေး ပွဲချင်းပြီး သေဆုံး၍ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၅ ရက်) ည ၉...
လားရှိုးမြို့တွင် ရှော့တိုက်ဒုံးကျ ကလေးနှင့် အမျိုးသမီး ၃ ဦးသေဆုံး၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရ
သျှမ်းပြည် လားရှိုးမြို့၊ ရပ်ကွက် (၉) တွင် ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲသဖြင့် ကလေးနှင့် အမျိုးသမီး ၃ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင် ၁၀ )ရက် နံနက် ၆ နာရီကျော်တွင် လားရှိုးမြို့ ရပ်ကွက် (၉)၊ ဘူတာရုံသံလမ်းဘေးသို့...
သျှမ်းပြည် လားရှိုးမြို့ပေါ် လူနေရပ်ကွက်များသို့ လက်နက်ကြီး၊ ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခြင်းကြောင့် အမျိုးသမီး ၅ ဦးနှင့် ကလေး ၂ ဦး အပါအဝင် အရပ်သား ၁၄ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၃ ရက်)မှ စတင်ပြီး ယနေ့ (ဇူလိုင်...
ကျောက်မဲ မိသားစုလိုက် လက်နက်ကြီး ထိမှန်သေဆုံးမှု မြှင့်တက်
သျှမ်းပြည် ကျောက်မဲမြို့တွင် စစ်ကောင်စီနှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့၏ နှစ်ဘက်တိုက်ပွဲအကြား လက်နက်ကြီးကြောင့် မိသားစုလိုက် ထိမှန်သေဆုံးမှု မြှင့်တက်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၂၉ ရက်) နံနက် ၉ နာရီကျော်တွင် ကျောက်မဲမြို့ ရပ်ကွက်(၈)ရှိ အထက-(၁) ကျောင်းရှေ့တွင် စစ်ကောင်စီတပ်မှ...
ကျောက်မဲ တိုက်ပွဲပြင်းထန်၊ လက်နက်ကြီးထိမှန်၍ အမျိုးသမီးတစ်ဦး အပါအဝင်၂ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရ
သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့ ယနေ့ (ဇွန် ၂၅ ရက်) နံနက်ပိုင်းက စပြီး တိုက်ပွဲ ပြင်းထန်နေရာ လက်နက်ကြီးထိမှန်၍ အမျိုးသမီး တစ်ဦး အပါအဝင်၂ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့ကြောင်း...
ပင်လောင်းမြို့နယ် လက်နက်ကြီးထိ မိသားစုဝင် ၄ဦးအနက် အငယ်ဆုံးသမီး သေဆုံး
SHAN -
သျှမ်ပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် လင်ခံကျေးရွာတွင် စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် မိသားစုဝင်၄ဦးသည် ဆေးကုသနေစဉ် အငယ်ဆုံးသမီးဖြစ်သူ သေဆုံးသွားခဲ့ကြောင်းသိရသသည်။ ပြီးခဲ့သည့် ဇွန် ၂၀ရက် ညအချိန်တွင် ပင်လောင်းမြို့နယ် လင်ခံကျေးရွာ အတွင်းသို့ စစ်ကောင်စီ၏ ဆောင်းပြောင်းတပ်စခန်းမှ ပစ်လိုက်သည့် လက်နက်ကြီးကြောင့် မလပြည့်ဝန်းတို့ နေသောတဲအိမ်ပေါ်ကျပြီးနောက် တစ်မိသားစုလုံး...
နောင်ချို စစ်ကောင်စီတပ်က ဒရုန်းဗုံးကြဲ လက်နက်ကြီးပစ် အမျိုးသမီးတစ်ဦးထိမှန်၊ နေအိမ်ပျက်စီး
သျှမ်းပြည် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ နေ့စဉ်နီးပါး ဒရုန်းဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ဦးထိမှန်ပြီး နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၁၆) ရက်နှင့် (၁၇) ရက်တို့တွင် နောင်ချိုမြို့နယ် ဘန့်ဘွေးနှင့် အုမ္မသီးလမ်းခွဲတွင် အခြေစိုက်ထားသည့် စစ်ကောင်စီတပ်မှ ဆမ္မဆယ်နှင့် သုံးဆယ်ရွာဘက်သို့ နေ့စဉ်နီးပါး လက်နက်ကြီး ပစ်ခတ်မှုအပြင် ဒရုန်းဖြင့် ဗုံးလာရောက်ကြဲချမှုကြောင့် ပြည်သူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း နောင်ချိုဒေသခံများက ပြောသည်။ “မနေ့ကတော့ ညပိုင်း သုံးလေးလုံး လာပစ်တာရှိတယ်၊ တမြန်နေ့ကတော့ တနေကုန် ပစ်တာ။ ရှေ့ရက်ကတော့ ရွာထဲ ဒရုန်းဗုံးသီးကျပြီး လူနေအိမ် ပျက်စီးတာရှိတယ်။ စစ်တပ်က ညီနောင်မဟာမိတ်နဲ့ PDF တွေ ရွာထဲမှာ ရှိတယ်အထင်နဲ့ ဆမ္မဆယ်ကတော့ ပြောရရင် နေ့တိုင်းလိုလိုလက်နက်ကြီး ကျတယ်”ဟု နောင်ချိုမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ဇွန်လ ၁၂ ရက်တွင်လည်း စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးသည် ဆမ္မဆယ်ကျေးရွာရှိ လူနေအိမ်ထဲ ကျရောက်ပေါက်ကွဲ၍အမျိုးသမီးတစ်ဦး ထိမှန်ကာ ခြေလက်ထိခိုက်ပျက်စီးခဲ့ပြီး ဆေးကုသမှု ခံယူနေရကြောင်း နောင်ချိုဒေသခံများထံမှ သိရသည်။ အလားတူ နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာရှိ စစ်ကောင်စီတပ်မှ ဇွန်လ ၁၆ ရက် ညနေ ၃ နာရီခွဲခန့်တွင် ဆမ္မဆယ်ရွာသို့ ဒရုန်းဖြင့် ဗုံး(၄)လုံးလာရောက်ကြဲချ တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၁၅ ရက်နေ့ကလည်း အုမ္မတီးနှင့် အုမ္မခါးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ လက်နက်ကြီး(၈)လုံး ပစ်ခတ်ခဲ့ကြောင်း TNLA တပ်ဖွဲ့မှ ဇွန်လ ၁၇ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ “ဆမ္မဆယ်ကတော့ ၂ ရက်ဆက်တိုက် ကျတာပေါ့၊ ရွာသားတွေတော့ တော်တော်များများ မနေရဲကြတော့ဘူး။ တချို့နေရာတွေမှာလည်း စစ်ကောင်စီက စစ်နေတာရှိတယ်။ ဆီဆုံ၊ ပါဟက်၊ ချောင်းကြီး ၇/၈ ရွာတွေကို တိုက်ပွဲမဖြစ်ပဲနဲ့ ညီနောင်မဟာမိတ်တွေက ရှေ့နှစ်ပတ်ကတည်းကရှောင်ခိုင်းနေတာရှိတယ်”ဟု နောင်ချိုမြို့မှ ၎င်းဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။ နောင်ချိုမြို့နယ်တွင် သင်္ကြန်ကာလအတွင်း ပြန်လည်စတင်လာသည့် တကျော့ပြန်တိုက်ပွဲ ၂ လနီးပါးအတွင်း စစ်ကောင်စီ လက်နက်ကြီးကြောင့် အမျိုးသမီး ၅ ဦးအပါအဝင် ၁၀ ဦးသေဆုံးခဲ့ပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နောင်ချိုဒေသခံများထံမှ သိရသည်။ ထို့အပြင် ဇွန်လ (၁) ရက်နေ့မှ (၁၆) ရက်အထိ မိုးမိတ်နှင့် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံး(၄)လုံးနှင့် လက်နက်ကြီး(၄၂)ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း TNLA တပ်ဖွဲ့မှ ဇွန်လ (၁၇) ရက်တွင် ထုတ်ပြန်ထားသည်။





