CATEGORY
Women and Gender
Women and Gender focus news
မန်တုံမြို့နယ် တိုက်ပွဲအတွင်း အမျိုးသမီး ၁ ဦး ဒဏ်ရာရပြီး လူနေအိမ်အများအပြား ထိခိုက်ပျက်စီး
သျှမ်းပြည် မန်တုံမြို့နယ်တွင် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေစဉ်အတွင်း အရပ်သားဒဏ်ရာရရှိခြင်းနှင့် နေအိမ်ထိခိုက်ပျက်စီးခြင်းများ ရှိကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ ၁၉ ရက်တွင် မန်တုံမြို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရပြီး လူနေအိမ် ၁၀ လုံးထက်မနည်း...
သျှမ်းပြည် ကွတ်ခိုင်မြို့တွင် လက်နက်ကြီးကြောင့် ကလေး ၁ ဦးနှင့် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်က အရပ်သား ၂ ဦးကို ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၇ ရက်) ညနေ ၃ နာရီကျော်တွင် ကွတ်ခိုင်မြို့ ရပ်ကွက်(၁)...
စစ်ရေးပဋိပက္ခအတွင်း အမျိုးသမီးများ အကြမ်းဖက်ခံရမှု ပိုများလာ
SHAN -
နှစ်စဉ်နှစ်တိုင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး နိုင်ငံတကာ အထိမ်းအမှတ်နေ့အဖြစ် နိုဝင်ဘာလ ၂၅ ရက်ကနေ ဒီဇင်ဘာလ ၁၀ ရက် လူ့အခွင့်အရေးနေ့ အထိ (၁၆)ရက်တာ လှုပ်ရှားမှု၊ ဖဲကြိုးဖြူလှုပ်ရှားမှုကို ကျင်းပခဲ့ကြပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ၁၆ ရက်တာလှုပ်ရှားမှုနဲ့ ပတ်သတ်ပြီး ဘယ်လိုပြုလုပ်နေကြလဲ၊ စိန်ခေါ်မှုတွေ ဘယ်လိုရှိလဲ၊ အမျိုးသမီးအပေါ်...
သမီးလေးအသက်ကို လုယူသွားတဲ့ စစ်ဘီလူး
“အမေ ဘယ်လို ဖြေဆည်ရမှာလဲ ချစ်သမီးလေးရယ်... ။ သမီး နဲ့ နောက်ထပ် စကားပြောနိုင်ဖို့ အမေဘယ်လို လုပ်ရမလဲ..။ မျက်လုံးလေးဖွင့်ပြီး အမေ့ကို ပြောပြပါလား သမီးရယ်“လို့ သျှမ်းဘာသာ စကားနဲ့ ငိုယိုပြီး ပြောတဲ့သူကတော့ သမီးလေးနဲ့ ၈ နှစ်ကျော်ကြာ ခွဲခွာပြီး တိုင်းတပါးမှာ...
သျှမ်း-မန္တလေးနယ်စပ် မိုင်းလုံမြို့ လေယာဉ်ဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦးသေ၊ အရပ်သား ၁၀ ဦးဒဏ်ရာရ
သျှမ်းပြည် ကျောက်မဲမြို့နယ် မိုင်းလုံမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး အရပ်သား ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၅ ရက်) နံနက် ၉ နာရီအချိန်ခန့်က သျှမ်း-မန္တလေးနယ်စပ်ရှိ မိုင်းလုံမြို့တွင် စစ်ကောင်စီတပ်မှ...
ဆီဆိုင် စစ်ရှောင် ၁ သောင်းကျော်တိုးလာ၊ အများစု အမျိုးသမီးနှင့် ကလေးတွေဖြစ်
SHAN -
ကရင်နီပြည်အတွင်း “၁၁.၁၁ စစ်ဆင်ရေး” တိုက်ပွဲကြောင့် သျှမ်းပြည် ဆီဆိုင်မြို့နယ်ရှိ စစ်ရှောင်စခန်းများတွင် စစ်ရှောင်ဦးရေ ၁ သောင်းကျော်တိုးလာပြီး ထိုထဲတွင် အမျိုးသမီးနှင့် ကလေးများ ထက်ဝက်ကျော်ရှိကြောင်း စစ်ဘေးရှောင်စခန်း တာဝန်ရှိသူများက ပြောသည်။ ဆီဆိုင်မြို့နယ်အတွင်း ယခင် စစ်ရှောင်ဦးရေနှင့် ယခု "၁၁.၁၁ စစ်ဆင်ရေး"ကြောင့် အသစ်ရောက်လာသည့် စစ်ရှောင်...
သျှမ်းပြည် သိန္နီမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအတွင်းသို့ စစ်ကောင်စီတပ်မှ ပစ်ခတ်သော ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခြင်းကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရကြောင်း စုံစမ်းသိရသည်။ သိန္နီမြို့နယ် ကျောင်းခမ်းဘုန်းကြီးကျောင်းတွင် ယနေ့ (ဒီဇင်ဘာ ၄ ရက်) နံနက်အချိန်က စစ်ကောင်စီတပ်မှ ပစ်ခတ်လာသည့် ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့်...
လားရှိုး စစ်ကောင်စီ တိုက်လေယာဉ်ဗုံးကြဲမှုကြောင့် အမျိုးသမီး ၂ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်တွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် အမျိုးသမီး ၂ ဦးသေဆုံးသွားခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာ ၂ ရက်) ည ၉ နာရီတွင် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ လုံတွေကျေးရွာတွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့်...
သျှမ်းပြည် သိန္နီမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးထိမှန်မှုကြောင့် အမျိုးသမီး ၁ ဦး အပါအဝင် ၃ ဦး ပွဲချင်းပြီး သေဆုံးကာ ကလေး ၂ ဦး ဒဏ်ရာပြင်းထန်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာ ၃၀ ရက်) ည ၉ နာရီအချိန်ခန့်တွင် သိန္နီမြို့အခြေစိုက်...
နမ့်ခမ်းမြို့နယ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ အမျိုးသမီးတစ်ဦးသေဆုံး၊ လူငယ်တစ်ဦး ဒဏ်ရာရ
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ယနေ့ (ဒီဇင်ဘာ ၁)ရက် နံနက်ပိုင်း၌ တိုက်ပွဲများ ပြင်းထန်ပြီး စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး လူငယ် တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့( ဒီဇင်ဘာလ ၁ ရက်နေ့) မနက် ၈ နာရီခွဲတွင် နမ့်ခမ်းမြို့...






