CATEGORY

နိုင်ငံရေး

ညောင်ရွှေမြို့နယ် စစ်ကောင်စီက ဒရုန်း၊လက်နက်ကြီးဖြင့် ပစ်ခတ် နေအိမ်ထိခိုက်ပျက်စီး

သျှမ်းပြည် ညောင်ရွှေမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ ဒရုန်း၊လက်နက်ဖြင့် ကျေးရွာအတွင်းသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ ညောင်ရွှေမြို့နယ် အင်လေး‌တောင်ဘက်ရှိ ရေပူကျေးရွာတွင် ယမန်နေ့ (ဧပြီလ ၅ ရက် )စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်း၊ လက်နက်ကြီးများဖြင့် အကြောင်းရင်းမဲ့ ပစ်ခတ်ခဲ့ခြင်းကြောင့် နေအိမ် ၂ လုံး နှင့်ဆိုင်ကယ်တစ်စီး...

“၁၀၂၇ စစ်ဆင်ရေး”ကြောင့် လားရှိုးဒေသခံများ မိအေး ၃ ခါနာ

နွေဉီးတော်လှန်ရေးနဲ့အတူ "၁၀၂၇ စစ်ဆင်ရေး" ကို မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့တွေက ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်တုန်းက ထိုးစစ်ပြန်လည်စတင်ပြီး နဂိုသိမ်းပိုက်ထားတဲ့ မြို့တွေ အပြင် နောင်ချို လားရှိုး မိုးကုတ် မိုးမိတ် မဘိမ်း သီပေါ ကျောက်မဲ မြို့တို့ကိုပါ...

အပစ်ရပ်ကြေညာခဲ့သော စစ်ကောင်စီတပ် မိုးကုတ်မြို့နယ်ကို လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်

အပစ်ရပ်ကြေညာထားသော စစ်ကောင်စီသည် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့် မိုးကုတ်မြို့နယ်အတွင်းကို ယနေ့ (ဧပြီ ၅)ရက် နေ့လည် ၂နာရီခွဲဝန်ကျင်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ စစ်ကောင်စီတပ်သည် ဧပြီလ (၂)ရက်မှ (၂၂)ရက်အထိ အပစ်ရပ်ကြေညာခဲ့သော်လည်း ယနေ့ ( ဧပြီ ၅)ရက်နေ့လည်...

ကျေးသီးမြို့အဝင်အထွက် စစ်ကောင်စီလက်အောက်ခံ ရဲများ စစ်ဆေးမှုလုပ်၊ငွေညှစ်တောင်းခံ

သျှမ်းပြည် ကျေးသီးမြို့ အဝင်အထွက်တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ စစ်ဆေးမှုတင်းကြပ်ပြီး ငွေညှစ်တောင်းခံနေကြောင်း စုံစမ်းသိရသည်။ ဧပြီလ ပထမပတ်မှ စတင်၍ ကျေးသီးမြို့ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်များက မြို့အဝင်အထွက်တွင် သွားလာနေသည့် ကားများ၏ လိုင်စင်နှင့်ယာဉ်မောင်းလိုင်စင်များကို စစ်ဆေးမှုများ ပြုလုပ်၍ ငွေညှစ်တောင်းခံမှုများ ပြုလုပ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ကျေးသီးအဝင်...

နိုင်ငံတဝှမ်း ငလျင်ဘေးသင့်နေချိန် တောင်ကြီး PNOမှ အမျိုးသမီး စစ်မှုထမ်းစာရင်း လိုက်လံကောက်ခံနေ

မြန်မာနိုင်ငံတဝှမ်း ငလျင်ဘေးဒဏ်သင့်နေချိန် သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ဖာမွန်းကျေးရွာအုပ်စုတွင် PNO ပြည်သူ့စစ်မှ အမျိုးသမီးစစ်မှုထမ်းလာရောက် ကောက်ခံနေကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီ လက်အောက်ခံ PNOပြည်သူ့စစ်သည် အသက်(၁၈)နှစ်မှ (၂၇) နှစ်အရွယ် အမျိုးသမီးများကို စစ်မှုထမ်းရန်အတွက် စာရင်းလာရောက် ကောက်ခံနေပြီး ထိုစာရင်းထဲတွင် စစ်ရှောင်များ၊ တခြားဒေသမှ လာရောက် အလုပ်လုပ်ကိုင်နေသည့်...

ရုပ်သံဖိုင်အဟောင်းတွေကိုအသုံးပြုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ထိုင်းပြည်သူတွေက ဆန္ဒပြနေတယ်ဆိုတဲ့ သတင်းအမှား

ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထိုင်းပြည်သူတွေက လမ်းမပေါ်နဲ့ မြို့မတော်ခန်းမရှေ့မှာ ဆန့်ကျင်ဆန္ဒပြ၊ မောင်းထုတ်နေတယ်ဆိုတဲ့ ရုပ်သံဖိုင်တွေ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဆက်တိုက်ပြန့်နှံ့နေပါတယ်။ အဲ့ဒီရုပ်သံဖိုင်ကို သူပုန်းမလေး နာမည်နဲ့ လူမှုကွန်ရက်စာမျက်နှာတစ်ခုကနေ ဖြန့်ဝေခဲ့တာ တွေ့ရပြီး “သူများနိုင်ငံလာတော့ မောင်းထုတ်ခံရတဲ့ မင်းအောင်လှိုင်” လို့ (မူရင်း) ရေးသားဖော်ပြခဲ့ရာ...

လားရှိုးမြို့မှ MNDAA တပ်ဆုတ်ရန်ပြင်ဆင်၊ ဆေးရုံနှင့်ရုံးတွင်းပစ္စည်းများကို ကားတင်ပြောင်းရွှေ့

သျှမ်းပြည် လားရှိုးမြို့ပေါ်မှ ကိုးကန့်တပ်ဖွဲ့ MNDAA တပ်ဆုတ်ခွာရန် ပြင်ဆင်နေပြီး ဆေးရုံနှင့် ဌာနဆိုင်ရာ ရုံးတွင်းပစ္စည်းများ အားလုံးကို ကားတင်ပြောင်းရွှေ့နေကြောင်း စုံစမ်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်သို့ စစ်ကောင်စီဘက်မှ ပြန်လည်ဝင်ရောက်မည် ဆိုခြင်းကြောင့် ယမန်နေ့ (ဧပြီလ ၃ ရက်) မှ စတင်၍...

စစ်ခေါင်းဆောင်ကို ထိပ်သီးအစည်းအဝေး ဖိတ်သည့်ကိစ္စ ထိုင်းဝန်ကြီးချုပ် ဖြေရှင်းပေးရန် ထိုင်းလွှတ်တော်အမတ် တောင်းဆို

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပနေသည့် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား တက်ရောက်ရန် ထိုင်းဝန်ကြီးချုပ်မှ ဖိတ်ကြားခဲ့ခြင်းကိစ္စ ဖြေရှင်းပေးရန် ထိုင်းလွှတ်တော်အမတ် ကန်နာဝီက တောင်းဆိုလိုက်သည်။ ယနေ့ (ဧပြီလ ၃ ရက်) တွင် ကျင်းပသည့် ထိုင်းအောက်လွှတ်တော် အစည်းအဝေးအတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ဘင်းမ်စတက်...

မြန်မာနိုင်ငံတဝှမ်း ငလျင်ဒဏ်ကြောင့် ဝမ်းနည်းနေချိန် သင်္ကြန်ပွဲအတွက် စစ်ကောင်စီ ရန်ပုံငွေကောက်

မြန်မာနိုင်ငံတဝှမ်း ငလျင်ဘေးဒဏ်ကြောင့် ပူဆွေးဝမ်းနည်းနေချိန် တောင်ကြီးမြို့နှင့် ဟိုပုံးမြို့တွင် သင်္ကြန်ပွဲ ကျင်းပရန်အတွက် စစ်ကောင်စီမှ အလှူငွေ ကောက်ခံနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၂၈)ရက် မွန်းလွဲပိုင်းတွင် မန္တလေးမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ပြင်းအား ရစ်ချ်တာစကေး ၇ ဒဿမ ၇ အဆင့်ရှိ ငလျင်ဒဏ်ကြောင့် မြန်မာနိုင်ငံတဝှမ်း သေဆုံးသူ...

နောင်ချို TNLA မှ ဖုန်းအသုံးပြုသူ တွေ့ရှိပါက ဒဏ်ငွေ ၁၀ သိန်းနှင့် ထောင် ၂ နှစ် ချမှတ်မည်ဟုဆို

သျှမ်းပြည် နောင်ချိုမြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA မှ ဖုန်းအသုံးပြုသူများကို တွေ့ရှိပါက ဒဏ်ငွေ ၁၀ သိန်းနှင့် ထောင် ၂ နှစ် ချမှတ်မည်ဟု စာဖြင့် သတိပေးထားကြောင်း စုံစမ်းသိရသည်။ မတ်လ နောက်ဆုံးပတ်မှ စတင်ပြီး TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ပေါ်နှင့်...

Latest news