မြန်မာနိုင်ငံတဝှမ်း ငလျင်ဒဏ်ကြောင့် ဝမ်းနည်းနေချိန် သင်္ကြန်ပွဲအတွက် စစ်ကောင်စီ ရန်ပုံငွေကောက်

မြန်မာနိုင်ငံတဝှမ်း ငလျင်ဘေးဒဏ်ကြောင့် ပူဆွေးဝမ်းနည်းနေချိန် တောင်ကြီးမြို့နှင့် ဟိုပုံးမြို့တွင် သင်္ကြန်ပွဲ ကျင်းပရန်အတွက် စစ်ကောင်စီမှ အလှူငွေ ကောက်ခံနေကြောင်း စုံစမ်းသိရသည်။

မတ်လ (၂၈)ရက် မွန်းလွဲပိုင်းတွင် မန္တလေးမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ပြင်းအား ရစ်ချ်တာစကေး ၇ ဒဿမ ၇ အဆင့်ရှိ ငလျင်ဒဏ်ကြောင့် မြန်မာနိုင်ငံတဝှမ်း သေဆုံးသူ ၃၀၈၅ ဉီး ရှိနေချိန် စစ်ကောင်စီက သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် သင်္ကြန်ပွဲကျင်းပရန် ပြင်ဆင်နေသည်။

ဧပြီလ ပထမပတ်အတွင်း တောင်ကြီးမြို့ပေါ်ရှိ အလှူရှင်များထံ စာပို့၍ သင်္ကြန်ပွဲ၌ ယိမ်းအကများ၊ စတုဒီသာ ကျွေးမွေးမှုများနှင့် နေ့ညလုံခြုံရေး လုပ်ငန်းများအတွက် အလှူငွေများကို ကောက်ခံနေကြောင်း တောင်ကြီးမြို့ ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သင်္ကြန်အတွက် အလှူခံဖို့ စာတွေပို့လာပါတယ်၊ သင်္ကြန်အတွက် ဆိုပြီး ပိုက်ဆံတောင်းတာပါ။ လမ်းလျှောက်သင်္ကြန်နဲ့ စတုဒီသာကျွေးဖို့ ဟိုတယ် ၁ လုံးကို ၁ သိန်းကျပ် အလှူငွေထည့် ပေးရမယ်တဲ့။ ရပ်ကွက်အတွင်း ဘာမှ လုပ်ပေးတာမျိုး မရှိဘူး၊ ငလျင်ဒဏ် ခံရတဲ့ တချို့အိမ်တွေကို ဘာမှ ကူညီတာလည်း မရှိဘူး။ အရက်မူးပြီး ပိုက်ဆံတောင်းဖို့ စိတ်ကူးပဲ ရှိကြတာ” ဟု တောင်ကြီးမြို့မှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် တောင်ကြီးမြို့တွင်လည်း ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သကဲ့သို့ တောင်ကြီးမြို့နှင့် ၁၉ မိုင် ဝေးကွာသည့် ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၁၀၀ ကျော်ရှိပြီး နေအိမ်အများအပြား ပျက်စီးနေသည်။

ဟိုပုံးမြို့က သင်္ကြန်မဏ္ဍပ်

“တောင်ကြီး ဘေးပတ်ပတ်လည် ငလျင်ဘေးသင့်နေချိန် တောင်ကြီးမှာ သင်္ကြန်လုပ်တာက မဖြစ်သင့်ဘူး။ အင်းလေးမှာဆိုရင် ပြန်လည်ထူထောင်ဖို့က အရမ်းလိုအပ်နေတာလေ။ အိမ်တွေပျက်စီး၊ လူတွေလည်း ညမအိပ်ရတဲ့ အနေအထားပဲ၊ ဒါကို စစ်ကောင်စီက ငလျင်ဘေးအတွက် ငွေမကောက်ဘဲ သင်္ကြန်အတွက် ငွေကောက်တာက အရမ်းရုပ်ဆိုးတယ်” ဟု တောင်ကြီးမြို့ ဒေသခံအမျိုးသမီးက ဆိုသည်။

အလားတူ သျှမ်းပြည် ဟိုပုံးမြို့တွင် ငလျင်ကြောင့် ပျက်စီးသွားသည့် သမိုင်းဝင် သီရိမင်္ဂလာ ရွှေချမ်းသာ ဟိုပုံးမွေတော် စေတီရှေ့တွင်လည်း စစ်ကောင်စီမှ ဗဟိုမဏ္ဍပ် ဆောက်၍ ပျော်ပွဲရွှင်ပွဲ ပြုလုပ်ရန် စီစဉ်နေကြောင်း ဟိုပုံးမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

“ဟုတ်တယ် ဟိုပုံးမွေတော်ဘုရားက ငလျင်ကြောင့် ပျက်စီးနေတာကို အဲ့ရှေ့မှာပဲ ဗဟိုမဏ္ဍပ် ဆက်လုပ်နေတာ မဖျက်ဘူး။ ပြီးတော့ သင်္ကြန်မှာ ကပြဖျော်ဖြေဖို့ ရပ်ကွက်အလိုက်ကို ယိမ်းတွေ လေ့ကျင့် နေကြတာ။ နိုင်ငံမှာ ဒီလိုအရေးပေါ် အခြေအနေ ဖြစ်နေတာကို သူတို့တွေ ဒီလိုလုပ်နေတာကတော့ ခံစားလို့မရဘူး၊ မဖြစ်သင့်ဘူးပေါ့”ဟု ၎င်းဒေသခံက ပြောသည်။

မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ဟိုပုံးမြို့ရှိ သမိုင်းဝင် ဟိုပုံးမွေတော် (သီရိမင်္ဂလာ ရွှေချမ်းသာ) စေတီ၏ ထီးတော် မြေခပျက်စီးခဲ့ပြီး ပြန်လည်ပြုပြင်မှု ပြုလုပ်ရန်လည်း အလှူငွေ ကောက်ခံမှုများ ပြုလုပ်နေကြောင်းကို ၎င်းက ဆက်ပြောသည်။

သျှမ်းပြည်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည့် UWSA၊ NDAA၊ MNDAA နှင့် TNLA တို့ ထိန်းချုပ်ထားသည့် နယ်မြေများတွင် ငလျင်ဘေးသင့်သူများကို စာနာသည့်အနေဖြင့် သင်္ကြန်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများကို ဖျက်သိမ်းကြောင်း ကြေညာထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...