နောင်ချို TNLA မှ ဖုန်းအသုံးပြုသူ တွေ့ရှိပါက ဒဏ်ငွေ ၁၀ သိန်းနှင့် ထောင် ၂ နှစ် ချမှတ်မည်ဟုဆို

သျှမ်းပြည် နောင်ချိုမြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA မှ ဖုန်းအသုံးပြုသူများကို တွေ့ရှိပါက ဒဏ်ငွေ ၁၀ သိန်းနှင့် ထောင် ၂ နှစ် ချမှတ်မည်ဟု စာဖြင့် သတိပေးထားကြောင်း စုံစမ်းသိရသည်။

မတ်လ နောက်ဆုံးပတ်မှ စတင်ပြီး TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ပေါ်နှင့် အနီးတဝိုက် ကျေးရွာများရှိ ဓာတ်တိုင်နှင့် အုတ်နံရံများတွင် အနီရောင်နောက်ခံ စာရွက်များဖြင့် ဖုန်းအသုံးပြုလျှင် တွေ့ရှိပါက ဒဏ်ငွေ ၁၀ သိန်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်မည်ဟု သတိပေးထားပြီး စစ်ဆေးတင်းကြပ်မှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။

“ကျောက်ကြမ်းဘက်မှာ ဖုန်းလိုင်းရှိတယ်၊ ဒါပေမယ့် အခု ဖုန်းသွားမပြောရဲကြတော့ဘူး။ TNLA တွေက ဖုန်းသုံးတဲ့လူတွေ့ရင် ဒဏ်ငွေ ၁၀ သိန်းနဲ့ ထောင်ဒဏ် ၂ နှစ်ချမယ်လို့ စာရွက်အနီရောင်နဲ့ လိုက်ကပ်ထားတာ။ အဲ့မှာတင် မကဘူး၊ မြို့ထဲက ဓာတ်တိုင်နဲ့ အုတ်တံတိုင်းတွေမှာလည်း အဲ့လို လိုက်ကပ်ထားတယ်။ အခု မြို့ထဲမှာ ဖုန်းမသုံးရဲတော့ဘူး”ဟု နောင်ချိုမြို့တွင် ကျန်ရှိနေသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နောင်ချိုမြို့နှင့် ၄ မိုင်ကျော် ကွာဝေးသည့် ကျောက်ကြမ်းကျေးရွာ အနီးတဝိုက်တွင် ဖုန်းလိုင်းရှိခြင်းကြောင့် ဒေသခံများ သွားရောက်ဆက်သွယ်လေ့ရှိရာ လက်ရှိတွင် TNLA ဘက်မှ ၎င်းနေရာသို့ သတိပေးစာ လာရောက်ကပ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

နောင်ချိုမြို့နယ်တွင် TNLA မှ ဖုန်းအသုံးပြုလျှင် ဒဏ်ငွေနှင့် ထောင်ဒဏ် ချမှတ်မည်ဆိုသည့် သတိပေးစာနှင့် ပတ်သက်၍ အတည်ပြုနိုင်ရန် သျှမ်းသံတော်ဆင့်မှ TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ လွေးယေဦးထံသို့ စာပို့ မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

ပြီးခဲ့သည့် မတ်လ (၁၆) ရက်တွင် နောင်ချိုမြို့ တောင်ရပ်ကွက်ရှိ စိန်ရတနာ ပရိယတ္တိ စာသင်တိုက်ကို စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခံရခြင်းသည် ဖုန်းလိုင်း ခေတ္တပြန်ဖွင့်ပြီးနောက် ဖြစ်ပွားခဲ့ကာ စစ်ကောင်စီထံ သတင်းပေးမှုကြောင့် ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုကြသည်။

နောင်ချို

ထို့နောက် TNLA ဘက်မှ လေကြောင်းအန္တရာယ် စိုးရိမ်မှုကို အကြောင်းပြပြီး ဖုန်းအသုံးပြုခွင့်ကို စစ်ဆေးတင်းကြပ်လိုက်ခြင်းကြောင့် မြို့ပေါ်မှ ပြည်သူများလည်း အခြားဒေသရှိ Starlink စတားလင့် အင်တာနက် အသုံးပြုနိုင်မည့် နေရာများသို့ စိုးရိမ်စိတ်ဖြင့် ခက်ခက်ခဲခဲ သွားလာနေရကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တော်တော်များများ မြို့ပြင်ထွက်ပြီး ဖုန်းပြောနေရတယ်။ တချို့လည်း ဆိုင်ကယ်နဲ့ ဘေးဆိုက်တွဲလေးနဲ့ သွားကြတော့ လမ်းမှာ စိတ်ပူရတယ်။ တချို့ဆို လိုင်းရတဲ့ နေရာကနေ နိုင်ငံခြားက သားသမီးနဲ့ ဖုန်းပြောပြီး ပိုက်ဆံသွားထုတ်တာ အဲ့တာလည်း လုံခြုံရေး စိုးရိမ်ရတယ်။ အခု လမ်းသွားလမ်းလာဆိုရင် ဖုန်းမထုတ်ရဲကြတော့ဘူး။ စစ်ဆေးနေတာတော့ ရှိပြီ၊ ဖမ်းဆီးထောင်ချတာ မရှိသေးဘူး”ဟု နောင်ချိုမြို့နယ်မှ လူငယ်တစ်ဦးက ပြောသည်။

အလားတူ ဖေဖော်ဝါရီလ ပထမပတ်တွင်လည်း TNLA ထိန်းချုပ်ထားသည့် သီပေါမြို့နယ်တွင် တားမြစ်ထားသည့်ကြားက ဖုန်းပြောဆို ဆက်သွယ်သည်ဟုဆိုကာ စံဖိတ်ကျေးရွာရှိ ဒေသခံ အရွယ်စုံ (၄၀) ကျော်ကို ဖုန်းနှင့်အတူ နေအိမ်၊ လမ်းမကြီးတလျှောက်တွင် TNLA တပ်သားများက ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောဆိုသော်လည်း မဟုတ်မှန်ကြောင်း TNLA ဘက်မှ ပြန်လည်ငြင်းဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...