စစ်ခေါင်းဆောင်ကို ထိပ်သီးအစည်းအဝေး ဖိတ်သည့်ကိစ္စ ထိုင်းဝန်ကြီးချုပ် ဖြေရှင်းပေးရန် ထိုင်းလွှတ်တော်အမတ် တောင်းဆို

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပနေသည့် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား တက်ရောက်ရန် ထိုင်းဝန်ကြီးချုပ်မှ ဖိတ်ကြားခဲ့ခြင်းကိစ္စ ဖြေရှင်းပေးရန် ထိုင်းလွှတ်တော်အမတ် ကန်နာဝီက တောင်းဆိုလိုက်သည်။

ယနေ့ (ဧပြီလ ၃ ရက်) တွင် ကျင်းပသည့် ထိုင်းအောက်လွှတ်တော် အစည်းအဝေးအတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ဘင်းမ်စတက် BIMSTEC ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်မှ ဖြေရှင်းချက်ပေးရန် ထိုင်းလွှတ်တော်အမတ် ကန်နာဝီက တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဖြစ်သူ Phumtham Wechayachai အား ထိုင်းသတင်းထောက်များမှ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဘင်းမ်စတက် ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားသည့်ကိစ္စ မေးမြန်းရာ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ မေးမြန်းရန် တုံ့ပြန်ပြောဆိုခဲ့သည်။

ဘန်ကောက်မြို့တွင် ပြုလုပ်သည့် ၆ ကြိမ်မြောက် BIMSTEC အစည်းအဝေးသည် စစ်အာဏာသိမ်း ၄ နှစ်ကျော်ကာလတွင် ဒေသတွင်းအဆင့် ထိပ်သီးအစည်းအဝေးတစ်ခုသို့ နိုင်ငံတကာနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေးအဖွဲ့များ တားမြစ်ကန့်ကွက်နေသည့်ကြားက စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခွင့် ရနေခြင်းဖြစ်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဧပြီလ (၃) ရက်နှင့် (၄) ရက်နေ့တို့တွင် ကျင်းပပြုလုပ်မည့် ဘင်းမ်စတက် အစည်းအဝေးများကို တက်ရောက်ရန် ယနေ့ မွန်းလွဲပိုင်း (၂) နာရီတွင် မြန်မာနိုင်ငံမှ ဘန်ကောက်မြို့သို့ ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

ဘန်ကောက်မြို့တွင် ကျင်းပနေသည့် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေ

ယနေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့သည့် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးတွင် စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ ငလျင်ဘေးနှင့် ပတ်သက်၍ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ် ငြိမ်သက်ခဲ့ကြသည်။

ဘင်းမ်စတက် BIMSTEC ထိပ်သီးအစည်းအဝေး ကာလအတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှ အခြားသော နိုင်ငံခေါင်းဆောင်များနှင့်လည်း တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ငလျင်ဒဏ်ကြောင့် ဖြစ်ပေါ်ကြုံတွေ့နေရသည့် အခြေအနေ၊ ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း MRTV သတင်းတွင် ယမန်နေ့ ည ၈ နာရီသတင်းတွင် ဖော်ပြသည်။

ဘန်ကောက်မြို့တွင် ကျင်းပမည့် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ဖိတ်ကြားသည့် ဆုံးဖြတ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ APHR မှ ဧပြီလ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အလားတူ Defend Myanmar Democracy အပါအဝင် မြန်မာနိုင်ငံမှ စစ်အာဏာရှင် ဆန့်ကျင်ရေး ၃၁၉ ဖွဲ့က စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခွင့်မပြုရန် ထိုင်းအစိုးရအား မတ်လ (၃၀) ရက်တွင် တောင်းဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

ရနောင်းတွင် မြန်မာနိုင်ငံသားပိုင် ဘတ်သန်း ၅၀ တန် မှောင်ခိုပစ္စည်းဂိုဒေါင်ကြောင့် ဝန်ကြီးချုပ် ထိတ်လန့်တုန်လှုပ်

0
ထိုင်းဝန်ကြီးချုပ် အနုတင် (Anutin Charnviraku) သည် ရနောင်းပြည်နယ်အတွင်းရှိ မြန်မာနိုင်ငံသားတစ်ဦးပိုင်ဆိုင်သော ဘတ်သန်း ၅၀ တန်ဖိုးရှိ မှောင်ခိုလျှပ်စစ်ပစ္စည်းများ သိုလှောင်ထားသည့် တရားမဝင်ဂိုဒေါင်တစ်ခုကို ကိုယ်တိုင်သွားရောက် စစ်ဆေးခဲ့ကြောင်း ဘန်ကောက်ပို့စ်တွင် ဖော်ပြသည်။ ယမန်နေ့ (မေလ ၁၀ ရက်) က ထိုင်းဝန်းကြီးချုပ်ဦးဆောင်သည့် အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...