CATEGORY

နိုင်ငံရေး

ကလောတွင် ကျောက်မီးသွေးသုံးရထားဖြင့် ပြန်လည်ပြေးဆွဲရန် စီစဉ်

သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ကလောဘူတာတွင် ကျောက်မီးသွေးသုံး ရထားဖြင့် ပြန်လည်ပြေးဆွဲရန် စီစဉ်နေကြောင်း ကလောမြို့ဒေသခံများထံမှ သတင်းရရှိသည်။ ပြည်တွင်း၊ ပြည်ပခရီးသွားများ စိတ်ဝင်စားမှုများပြားသည့် ကလောမြို့နယ်ရှိ ကလောဘူတာမှ တဆင့် ဟဲဟိုးမြို့ ဘဝသံသရာတံတားအထိ ကျောက်မီးသွေးသုံး မီးရထားအသုံးပြုကာ အပျော်စီးရထားပြန်လည်ပြေးဆွဲရန်စီစဉ်နေကြောင်း ကလောမြို့ဒေသခံများကပြောသည်။ “ပြေးဆွဲမယ့်ရက် အတိအကျတော့ မသိရသေးဘူး၊ ရထားစက်ခေါင်းကို ပြန်ပြင်ပြီးရင်ဆွဲမယ်လို့တော့ကြားတယ်၊...

မိုင်းရယ် MNDAA တပ်သားများ ဈေးဆိုင်များတွင် အကြွေးယူစားပြီး ပြန်မဆပ်

ိသျှမ်းပြည် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုမှ MNDAA တပ်ဆုတ်ခွာစဉ် ကိုးကန့်တပ်သားများ ဈေးဆိုင်တွင် အကြွေးယူစားခဲ့သည်ကို ပိုက်ဆံမရှင်းခဲ့ခြင်းကြောင့် ဆိုင်ရှင်များ စိတ်ဆိုးဒေါသထွက်နေကြောင်း စုံစမ်းသိရသည်။ ဧပြီလ (၁၈) ရက်တွင် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စု နောင်မိုကျေးရွာရှိ MNDAA စစ်ဆေးရေးဂိတ်မှ ကိုးကန့်တပ်သားများသည် ဝမ်လုံကျေးရွာအတွင်း ကုန်စုံဆိုင်များမှ စားသောက်ကုန်များကို အကြွေးယူစားခဲ့ပြီး...

အသံတိတ်အဆိပ်၊ မြန်မာ့ရွှေတွင်း နိုင်ငံတကာမြစ်များကို ဘယ်လိုခြိမ်းခြောက်လဲ။

သျှမ်းပြည်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ်အနီး စည်းကမ်းမဲ့ရွှေတူးဖော်မှုတွင် ဆိုင်ရာနိုက်(Cyanide) ဓာတုရည် စွန့်ပစ်မှုကြောင့် မဲခေါင်မြစ်အပါအဝင် ဒေသတွင်းရေအရင်းအမြစ်အပေါ် ဆိုးရွားစွာ သက်ရောက်မှု ရှိလာမည် ကို  စိုးရိမ်မှုများ မြင့်တက်လာနေသည်။ အသက် ၃၅ နှစ် အရွယ် စိုင်းဦးသည် တာချီလိတ်ခရိုင် မိုင်းလင်းမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင်နေထိုင်သည်။  စိုင်းဦးသည် သူမွေးထားသော နွားများ ရေကန်သို့ ရေဆင်းသောက်နေသည်ကို ရပ်ကြည့်ရင်း...

လားရှိုးမြို့ပေါ် စစ်ကောင်စီယန္တရား ပြန်လည်ပတ်ပါက စစ်မှုထမ်းခေါ်ယူခံရမည်ကို ဒေသခံများစိုးရိမ်

သျှမ်းပြည် လားရှိုးမြို့ပေါ်သို့ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများ ပြန်လည်ပတ်ပါက စစ်မှုထမ်းခေါ်ယူခံရမည်ကို ဒေသခံများ စိုးရိမ်နေကြောင်း စုံစမ်းသိရသည်။ မေလ (၁) ရက်မှစတင်ပြီး စစ်ကောင်စီတပ် ပြန်လည်အခြေစိုက်ထားသည့် လားရှိုးမြို့ပေါ်တွင် အုပ်ချုပ်ရေးယန္တရားများ ပြန်လည်ပတ်နိုင်ရန် စစ်ကောင်စီလက်အောက်ခံ ဌာနပေါင်းစုံမှ ဝန်ထမ်းအများအပြား ထပ်မံရောက်ရှိနေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ဧပြီလ ၂၂...

မိုးဗြဲမြို့ စစ်ကောင်စီတပ် အင်အားအလုံးအရင်း စစ်ကြောင်းထိုး၊ တိုက်ပွဲများပြင်းထန်နေ

သျှမ်း - ကရင်နီနယ်စပ်၊ မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်နေသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့တို့နှင့် တိုက်ပွဲများ ပြန်လည်ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယနေ့ (ဧပြီလ ၂၈ ရက်) နံနက် (၅) နာရီခန့်မှ စတင်၍ စစ်ကောင်စီတပ်က မိုးဗြဲမြို့ကို ပြန်လည် ထိန်းချုပ်နိုင်ရန်အတွက် ခြေမြန်တပ်ရင်း...

ပြုပြင်ဖန်တီးထားသော ဓါတ်ပုံဖြင့် ထိုင်း – မြန်မာနယ်စပ်တွင် SSPP တံဆိပ်တုံးပါ မူးယစ်ဆေး သယ်လာသူတို့ ထိုင်းစစ်တပ်နှင့် ပစ်ခတ်မှုဖြစ်ဟု သတင်းအမှားဖြန့်

လူမှုကွန်ရက်မီဒီယာတွင် ပြုပြင်ဖန်တီးထားသော ဓါတ်ပုံဖြင့် ထိုင်း-မြန်မာနယ်စပ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တံဆိပ်တုံးပါ (999) သုံးလုံးမူးယစ်ဆေးသယ်လာသူနှင့် ထိုင်းစစ်တပ်တို့ ပစ်ခတ်မှုဖြစ်ပွား၍ ၄ ဦးသေဆုံးကြောင်းကို ၂၀၂၅ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် သတင်းအမှားဖြန့်ချိနေပါသည်။ ရှမ်းပြည်နယ် ဖက်ဒရယ် ဒီမိုကရေစီ သတင်းစုံ အမည်ဖြင့် လူမှုကွန်ရက်အကောင့်တစ်ခုမှ...

လက်နက်ထောက်ပို့လုပ်၍ AAC ရုံးကို ထိုင်းအစိုးရက အပြီးပိတ်သိမ်းဟု သတင်းအမှားဖြန့်

မြန်မာရွှေ့ပြောင်းအလုပ်သမားများစွာကို ခိုလှုံခွင့်ပေး၍ ကူညီနေသည့် ထိုင်းနိုင်ငံ မဟာချိုင်ရှိ လက်တွဲကူညီ AAC ရုံးခန်းသည် အလုပ်သမားအရေးဗန်းပြပြီး KNU/ KNDF နှင့် NUG-PDF တို့ကို လက်နက်ထောက်ပို့ လုပ်နေခြင်းကြောင့် ထိုင်းအစိုးရက ဖြိုဖျက်၍ အပြီးပိတ်သိမ်းရန် အမိန့်ထုတ်လိုက်ကြောင်း သတင်းအမှား ဖြန့်ချိနေပါသည်။ အဆိုပါ သတင်းအမှားကို MT...

သျှမ်းရှေ့မှ လာသော ကုန်တင်ကားရာချီ ဟိုပုံးမြို့တွင် ဖမ်းဆီးထိန်းသိမ်းခံရ

သျှမ်းပြည် အ‌ရှေ့ပိုင်းမှ ကုန်ပစ္စည်းတင်ဆောင်လာသော ကုန်တင်ကားကြီးရာချီကို စစ်ကောင်စီက ဟိုပုံးမြို့တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်မှစတင်ပြီး သျှမ်းပြည် အရှေ့ပိုင်းမှ ကုန်ပစ္စည်းတင် တင်ဆောင်လာသော ကုန်တင်ကားရာနှင့်ချီကို စစ်ကောင်စီမှ အခွန်ကိစ္စ အကြောင်းကာ ဟိုပုံးမြို့ရှိ တပ်မတော် ကွန်ပျူတာ နှင့် နည်းပညာသိပ္ပံကျောင်းဝန်းအတွင်း...

ရွာငံ စစ်ရှောင်အမျိုးသမီးငယ်များကို စစ်ကောင်စီတပ်သားများက အုပ်စုဖွဲ့မုဒိမ်းကျင့်မှုရှိ

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်ရှောင်အမျိုးသမီးငယ်များကို စစ်ကောင်စီတပ်သားများက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အုပ်စုဖွဲ့ မုဒိမ်းကျင့် ကျူးလွန်မှုများကို ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)မှ ယမန်နေ့ ဧပြီလ (၂၄) ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မေလ (၆)ရက်နေ့တွင် ရွာငံနယ်ဘက်သို့ ဝင်ရောက်လာသော စစ်ကောင်စီ စစ်ကြောင်းသည်...

တရားမဝင်အလုပ်လုပ်ကိုင်မှုကြောင့် ကျောင်းသားဗီဇာများကို ထိုင်းအစိုးရ ပြန်လည်စိစစ်မည်

ထိုင်းနိုင်ငံတွင် ကျောင်းသားဗီဇာ ဖြင့် တရားမဝင် အလုပ်လုပ်ကိုင်နေမှုကိုတားဆီးရန် ခွင့်ပြုသည့်သက်တမ်းကို ထိုင်းနိုင်ငံ အဆင့်မြင့် ပညာရေး၊ သိပ္ပံ၊ သုတေသန နှင့် တီထွင်ဆန်းသစ်မှု ဝန်ကြီးဌာနနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန တို့ပူးပေါင်း ကာ ပြန်လည်စိစစ်သွားမည်ဟု သတင်းရရှိသည်။ ထိုင်းနိုင်ငံ၏ ဥပ‌ဒအရ နိုင်ငံတကာကျောင်းသားများ၏ ဗီဇာများကို တစ်ကြိမ်လျှင်ရက် (၉၀)နှင့်...

Latest news