လက်နက်ထောက်ပို့လုပ်၍ AAC ရုံးကို ထိုင်းအစိုးရက အပြီးပိတ်သိမ်းဟု သတင်းအမှားဖြန့်

မြန်မာရွှေ့ပြောင်းအလုပ်သမားများစွာကို ခိုလှုံခွင့်ပေး၍ ကူညီနေသည့် ထိုင်းနိုင်ငံ မဟာချိုင်ရှိ လက်တွဲကူညီ AAC ရုံးခန်းသည် အလုပ်သမားအရေးဗန်းပြပြီး KNU/ KNDF နှင့် NUG-PDF တို့ကို လက်နက်ထောက်ပို့ လုပ်နေခြင်းကြောင့် ထိုင်းအစိုးရက ဖြိုဖျက်၍ အပြီးပိတ်သိမ်းရန် အမိန့်ထုတ်လိုက်ကြောင်း သတင်းအမှား ဖြန့်ချိနေပါသည်။

အဆိုပါ သတင်းအမှားကို MT News – Myanmar Transparency အမည်ဖြင့် တယ်လီဂရမ်ချန်နယ်မှ ဧပြီလ ၂၃ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး “အလုပ်သမားအရေးဗန်းပြပြီး KNU/ KNDF နှင့် NUG-PDF ကို လက်နက်ထောက်ပို့ လုပ်နေသည့် AAC ရုံးခန်း အသွင်ပြောင်း AAC ဂေဟာကို ဖြိုဖျက်၍ လုံးဝအပြီးပိတ်ရန် အမိန့်ထုတ်ခံရ” ဟု (မူရင်းအတိုင်း) ရေးသားဖော်ပြခဲ့သည်။

ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၅,၇၀၀ ကျော်ရှိပြီး အခြားသော စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များကပါ ထပ်ဆင့်ဖော်ပြထားသည်။

မူရင်းလင့်ခ် – https://archive.is/oKn3D


ဆက်စပ်သတင်းအမှားလင့်ခ် – https://archive.ph/g1qHh

အဆိုပါ အကြောင်းအရာကို MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့်နှင့် Dawei Watch တို့၏ အချက်အလက် စစ်ဆေးသူများက တိုက်ဆိုင်စစ်ဆေးခြင်း ပြုလုပ်သောအခါ မှားယွင်းနေကြောင်း စိစစ်တွေ့ရှိခဲ့သည်။

◼︎ သတင်း စိစစ်တွေ့ရှိချက်

ဧပြီလ ၂၂ ရက်နေ့တွင် ထိုင်းအာဏာပိုင်များက ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအရေးကို ၁၀ နှစ်ကျော် ကူညီဆောင်ရွက်ပေးနေသည့် “လက်တွဲကူညီ AAC မဟာမိတ်” အဖွဲ့ရုံးခန်းကို အပြီးပိတ်သိမ်းရန် ဒုတိယအကြိမ် လာရောက်အမိန့်ပေးခဲ့ကြောင်း AAC အဖွဲ့ဒါရိုက်တာ ဦးခိုင်ကြီးက DVB သတင်းဌာနကို ပြောသည်။

AAC မဟာမိတ်ရုံးသည် ထိုင်းဥပဒေအရ ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် တရားဝင် အသင်းပင်းဖွဲ့စည်းခွင့် မရှိခြင်းကြောင့်ဆိုကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းကစ၍ ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်းပြီး ချိတ်ပိတ်ကာ ပိတ်သိမ်းရန် အမိန့်ထုတ်ခဲ့ခြင်း ဖြစ်သည်။

DVB သတင်းလင့်ခ် – https://rb.gy/vqpfx6

ထိုင်းအာဏာပိုင်များက ဂေဟာပိတ်သိမ်းရန် ညွှန်ကြားခြင်းမှာ ရက်ပေါင်း ၆၀ ပြည့်ပြီဖြစ်သည့်အတွက် လက်ရှိ အဆောက်အအုံကို ဖြိုပေးရန် ဒုတိယအကြိမ်လာရောက်အမိန့်ပေးခဲ့ပြီး ဂေဟာ၌ နေထိုင်နေသော မသန်စွမ်း အလုပ်သမားများကိုပါ ပြောင်းရွှေ့ပေးရန် ညွှန်းကြားခဲ့ကြောင်း ဧရာဝတီသတင်းဌာနက ဖော်ပြသည်။

လက်ရှိ AAC မဟာမိတ်အဖွဲ့ရုံး၌ ခိုလှုံနေကြသူ ၁၀၀ ဝန်းကျင်ရှိပြီး ၎င်းတို့မှာ MOU စနစ်ဖြင့် ရောက်ရှိလာသူ အများစု ဖြစ်ကာ လုပ်ခလစာမရရှိဘဲ လုပ်ငန်းခွင်အတွင်း အလုပ်ရှင်အလုပ်သမား အငြင်းပွားမှု ဖြစ်ပွားနေခြင်း၊ အလုပ်မရ၍ နေထိုင်ရန် အခက်အခဲဖြစ်နေခြင်း၊ လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရရှိထားပြီး နစ်နာကြေးမရသူတို့ ပါဝင်ကြောင်း သတင်း၌ဖော်ပြသည်။

ဧရာဝတီ သတင်းလင့်ခ် – https://shorturl.at/trq1j

◼︎ သုံးသပ်ချက်

ထို့ကြောင့် AAC ရုံးခန်းသည် အလုပ်သမားအရေးဗန်းပြ၍ KNU/ KNDF နှင့် NUG-PDF တို့ကို လက်နက်ထောက်ပို့လုပ်ခြင်းကြောင့် ထိုင်းအစိုးရက အပြီးပိတ်သိမ်းခဲ့သည် ဆိုသည့်ဖော်ပြချက်က မှားယွင်းနေပါသည်။ ပိတ်သိမ်းသည့်အကြောင်းအရင်းမှာ AAC ရုံးကို ထိုင်းအစိုးရထံတွင် တရားဝင် မှတ်ပုံမတင်ထားခြင်းကြောင်း ဖြစ်သည်ကို စိစစ်တွေ့ရသည်။

သတင်းအမှားဖြန့်ချိသူတွေက AAC မဟာမိတ်အဖွဲ့ရုံး ပိတ်သိမ်းရန် အမိန့်ထုတ်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အများပြည်သူ အထင်အမြင်လွဲမှားမှုဖြစ်အောင် ရည်ရွက်ရှိရှိဖြင့် သတင်းအမှားဖြန့်ချိနေခြင်း ဖြစ်သည်။

စာဖတ်ပရိတ်သတ်များအနေဖြင့်လည်း အွန်းလိုင်းပေါ်မှ ပြန့်နှံ့လာသော သတင်းများကို ချက်ချင်းမယုံကြည်ဘဲ လွတ်လပ်သော သတင်းမီဒီယာနှင့် သတင်းအချက်အလက် စစ်ဆေးသည့် အဖွဲ့အစည်းများတွင် စောင့်ကြည့်၊ မေးမြန်းအတည်ပြုကြရန် တိုက်တွန်းလိုပါသည်။

Myanmar Fact-checking Network အဖွဲ့ဝင်များ အချက်အလက်စစ်ဆေးထားသည့် သတင်းများကို ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

သျှမ်းသံတော်ဆင့်၊ Dawei Watch၊ The Red Flag တို့ ပူးပေါင်းစိစစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင် တွင်အမည်ခံကုမ္ပဏီများ နှိမ်နင်းမှု မြန်မာ ၇ ဦး ပါဝင်၊ ပိုင်ဆိုင်မှု ဘတ် ၆၃၃ သန်းကျော် ဖမ်းဆီးရမိ

0
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင်အတွင်း ဥပဒေဟာကွက်များကို အလွဲသုံးစားလုပ်ကာ တရားမဝင် လှုပ်ရှားနေသည့် နိုင်ငံခြားသား အမည်ခံ ကုမ္ပဏီကွန်ရက်ကြီးတခုကို ထိုင်းနိုင်ငံတော်ရဲတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး မြန်မာနိုင်ငံသား ၇ ဦး အပါအဝင် နိုင်ငံ ၄ ခုမှ သံသယရှိသူများကို ဖမ်းဝရမ်းထုတ်ထားကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ ဇူလိုင်လ...

မိုင်းလားတပ် (NDAA) က စစ်ကော်မရှင်နှင့် ပူးပေါင်း ပြီး တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်မည်ဆိုသည့် သတင်းမှား

0
သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့ (NDAA) သည် စစ်ကော်မရှင်နှင့် စစ်ရေးအရ ပူးပေါင်းလိုက်ပြီဖြစ်ကြောင်းနှင့် တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်ရန် အင်အားနှစ်သောင်းဖြင့် စစ်ပြင်နေပြီဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း “နောင်ရိုး” အမည်ရှိ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက NDAA တပ်ဖွဲ့ဝင်များ လက်နက်ကိုင်ဆောင်ထားသည့် ဓာတ်ပုံများနှင့်အတူ...

ထိုင်းရောက် မြန်မာစစ်ဘေးရှောင်များကို ID ကတ်ပြား ထုတ်ပေးသည့် အစီအစဉ် ထိုင်းအစိုးရ တရားဝင်စတင်

0
လက်နက်ကိုင်ပဋိပက္ခများကြောင့် ထွက်ပြေးတိမ်းရှောင်လာပြီး ထိုင်းနိုင်ငံအတွင်း သတ်မှတ်ထားသော ယာယီခိုလှုံရာစခန်းများ၌ အထူးခွင့်ပြုချက်ဖြင့် နေထိုင်နေကြသည့် မြန်မာနိုင်ငံသား စစ်ဘေးရှောင်များအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံကတ်ပြား (ID cards) များ စတင်ထုတ်ပေးမည့် လူဦးရေစီမံခန့်ခွဲမှု အစီအစဉ်တစ်ရပ်ကို ထိုင်းနိုင်ငံ အုပ်ချုပ်ရေးဦးစီးဌာန (DOPA) က တရားဝင် စတင်လိုက်ပြီဖြစ်ကြောင်း Khaosod...

မြန်မာဒုက္ခသည်များအား အလုပ်လုပ်ခွင့်ပြုသည့် ထိုင်းနိုင်ငံသည် အာရှနိုင်ငံများအတွက် စံပြဖြစ်ဟု ကုလသမဂ္ဂပြော

0
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်ကြသော မြန်မာဒုက္ခသည်များအား ထိုင်းအစိုးရက အလုပ်အကိုင်ကန့်သတ်ချက်များ ဖြေလျှော့ပေးခဲ့ပြီးနောက် လူပေါင်း ၅,၅၀၀ ကျော် အလုပ်အကိုင်ရရှိခဲ့သည်။ ထို လုပ်ဆောင်ချက်သည် ဒုက္ခသည်ပြဿနာရင်ဆိုင်နေရသည့် အာရှဒေသတွင်းနိုင်ငံများအတွက် ရှေ့ဆောင်လမ်းပြစံပြနမူနာတစ်ခု ဖြစ်လာကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပြောကြားလိုက်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံခြားအကူအညီများကို...

ထိုင်းတွင်ဆေးလိပ်သောက်သူအသစ် လုံးဝမရှိလာစေရေး ဥပဒေပြဋ္ဌာန်းရန် အစိုးရစဉ်းစားနေ

0
ထိုင်းနိုင်ငံတွင် ဆေးလိပ်သောက်သုံးသူအသစ်များ မပေါ်ပေါက်လာစေရန် သတ်မှတ်ထားသော နှစ်နောက်ပိုင်းမွေးဖွားသူ လူငယ်များအား ဆေးလိပ်နှင့် နီကိုတင်းထုတ်ကုန်များ တရားဝင်ဝယ်ယူခွင့် အပြီးတိုင်ပိတ်ပင်မည့် "နီကိုတင်းကင်းစင်သော မျိုးဆက် (Nicotine-Free Generation)" မူဝါဒကို ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက စတင်လေ့လာသုံးသပ်နေကြောင်း The Nation Thailand တွင်ဖော်ပြသည်။ မေလ ၂၈ ရက် (ကြာသပတေးနေ့)...