Tuesday, January 27, 2026

လက်နက်ထောက်ပို့လုပ်၍ AAC ရုံးကို ထိုင်းအစိုးရက အပြီးပိတ်သိမ်းဟု သတင်းအမှားဖြန့်

မြန်မာရွှေ့ပြောင်းအလုပ်သမားများစွာကို ခိုလှုံခွင့်ပေး၍ ကူညီနေသည့် ထိုင်းနိုင်ငံ မဟာချိုင်ရှိ လက်တွဲကူညီ AAC ရုံးခန်းသည် အလုပ်သမားအရေးဗန်းပြပြီး KNU/ KNDF နှင့် NUG-PDF တို့ကို လက်နက်ထောက်ပို့ လုပ်နေခြင်းကြောင့် ထိုင်းအစိုးရက ဖြိုဖျက်၍ အပြီးပိတ်သိမ်းရန် အမိန့်ထုတ်လိုက်ကြောင်း သတင်းအမှား ဖြန့်ချိနေပါသည်။

အဆိုပါ သတင်းအမှားကို MT News – Myanmar Transparency အမည်ဖြင့် တယ်လီဂရမ်ချန်နယ်မှ ဧပြီလ ၂၃ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး “အလုပ်သမားအရေးဗန်းပြပြီး KNU/ KNDF နှင့် NUG-PDF ကို လက်နက်ထောက်ပို့ လုပ်နေသည့် AAC ရုံးခန်း အသွင်ပြောင်း AAC ဂေဟာကို ဖြိုဖျက်၍ လုံးဝအပြီးပိတ်ရန် အမိန့်ထုတ်ခံရ” ဟု (မူရင်းအတိုင်း) ရေးသားဖော်ပြခဲ့သည်။

ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၅,၇၀၀ ကျော်ရှိပြီး အခြားသော စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များကပါ ထပ်ဆင့်ဖော်ပြထားသည်။

မူရင်းလင့်ခ် – https://archive.is/oKn3D


ဆက်စပ်သတင်းအမှားလင့်ခ် – https://archive.ph/g1qHh

အဆိုပါ အကြောင်းအရာကို MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့်နှင့် Dawei Watch တို့၏ အချက်အလက် စစ်ဆေးသူများက တိုက်ဆိုင်စစ်ဆေးခြင်း ပြုလုပ်သောအခါ မှားယွင်းနေကြောင်း စိစစ်တွေ့ရှိခဲ့သည်။

◼︎ သတင်း စိစစ်တွေ့ရှိချက်

ဧပြီလ ၂၂ ရက်နေ့တွင် ထိုင်းအာဏာပိုင်များက ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအရေးကို ၁၀ နှစ်ကျော် ကူညီဆောင်ရွက်ပေးနေသည့် “လက်တွဲကူညီ AAC မဟာမိတ်” အဖွဲ့ရုံးခန်းကို အပြီးပိတ်သိမ်းရန် ဒုတိယအကြိမ် လာရောက်အမိန့်ပေးခဲ့ကြောင်း AAC အဖွဲ့ဒါရိုက်တာ ဦးခိုင်ကြီးက DVB သတင်းဌာနကို ပြောသည်။

AAC မဟာမိတ်ရုံးသည် ထိုင်းဥပဒေအရ ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် တရားဝင် အသင်းပင်းဖွဲ့စည်းခွင့် မရှိခြင်းကြောင့်ဆိုကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းကစ၍ ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်းပြီး ချိတ်ပိတ်ကာ ပိတ်သိမ်းရန် အမိန့်ထုတ်ခဲ့ခြင်း ဖြစ်သည်။

DVB သတင်းလင့်ခ် – https://rb.gy/vqpfx6

ထိုင်းအာဏာပိုင်များက ဂေဟာပိတ်သိမ်းရန် ညွှန်ကြားခြင်းမှာ ရက်ပေါင်း ၆၀ ပြည့်ပြီဖြစ်သည့်အတွက် လက်ရှိ အဆောက်အအုံကို ဖြိုပေးရန် ဒုတိယအကြိမ်လာရောက်အမိန့်ပေးခဲ့ပြီး ဂေဟာ၌ နေထိုင်နေသော မသန်စွမ်း အလုပ်သမားများကိုပါ ပြောင်းရွှေ့ပေးရန် ညွှန်းကြားခဲ့ကြောင်း ဧရာဝတီသတင်းဌာနက ဖော်ပြသည်။

လက်ရှိ AAC မဟာမိတ်အဖွဲ့ရုံး၌ ခိုလှုံနေကြသူ ၁၀၀ ဝန်းကျင်ရှိပြီး ၎င်းတို့မှာ MOU စနစ်ဖြင့် ရောက်ရှိလာသူ အများစု ဖြစ်ကာ လုပ်ခလစာမရရှိဘဲ လုပ်ငန်းခွင်အတွင်း အလုပ်ရှင်အလုပ်သမား အငြင်းပွားမှု ဖြစ်ပွားနေခြင်း၊ အလုပ်မရ၍ နေထိုင်ရန် အခက်အခဲဖြစ်နေခြင်း၊ လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရရှိထားပြီး နစ်နာကြေးမရသူတို့ ပါဝင်ကြောင်း သတင်း၌ဖော်ပြသည်။

ဧရာဝတီ သတင်းလင့်ခ် – https://shorturl.at/trq1j

◼︎ သုံးသပ်ချက်

ထို့ကြောင့် AAC ရုံးခန်းသည် အလုပ်သမားအရေးဗန်းပြ၍ KNU/ KNDF နှင့် NUG-PDF တို့ကို လက်နက်ထောက်ပို့လုပ်ခြင်းကြောင့် ထိုင်းအစိုးရက အပြီးပိတ်သိမ်းခဲ့သည် ဆိုသည့်ဖော်ပြချက်က မှားယွင်းနေပါသည်။ ပိတ်သိမ်းသည့်အကြောင်းအရင်းမှာ AAC ရုံးကို ထိုင်းအစိုးရထံတွင် တရားဝင် မှတ်ပုံမတင်ထားခြင်းကြောင်း ဖြစ်သည်ကို စိစစ်တွေ့ရသည်။

သတင်းအမှားဖြန့်ချိသူတွေက AAC မဟာမိတ်အဖွဲ့ရုံး ပိတ်သိမ်းရန် အမိန့်ထုတ်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အများပြည်သူ အထင်အမြင်လွဲမှားမှုဖြစ်အောင် ရည်ရွက်ရှိရှိဖြင့် သတင်းအမှားဖြန့်ချိနေခြင်း ဖြစ်သည်။

စာဖတ်ပရိတ်သတ်များအနေဖြင့်လည်း အွန်းလိုင်းပေါ်မှ ပြန့်နှံ့လာသော သတင်းများကို ချက်ချင်းမယုံကြည်ဘဲ လွတ်လပ်သော သတင်းမီဒီယာနှင့် သတင်းအချက်အလက် စစ်ဆေးသည့် အဖွဲ့အစည်းများတွင် စောင့်ကြည့်၊ မေးမြန်းအတည်ပြုကြရန် တိုက်တွန်းလိုပါသည်။

Myanmar Fact-checking Network အဖွဲ့ဝင်များ အချက်အလက်စစ်ဆေးထားသည့် သတင်းများကို ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

သျှမ်းသံတော်ဆင့်၊ Dawei Watch၊ The Red Flag တို့ ပူးပေါင်းစိစစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ငလျင်လှုပ်ပြီးနောက် ပေါ်လာတဲ့ ကရင်နီပြည်က ကျင်းကြီးဟာ ​​​မှောင်ခိုလမ်းဖြစ်တယ်ဆိုတဲ့ သတင်းအမှား

0
ကရင်နီပြည်မှာ ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း မြေကျွံကျသွားပြီး အနက် ၁၀၀ ကျော်ရှိတဲ့ ကျင်းကြီးဟာ မှောင်ခိုလမ်းဖြစ်တယ်ဆိုပြီး ဖေ့ဘွတ်လူမှုကွက်ရက် စာမျက်နှာပေါ်မှာ ပျံ့နှံ့နေပါတယ်။ အဲ့ဒီအကြောင်းအရာကို ဖေ့ဘွတ်လူမှုကွန်ယက်စာမျက်နှာတခုဖြစ်တဲ့ K Moon Eain ဆိုတဲ့အကောင့်က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့မှာ စတင်ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့ အကြောင်းအရာတွေကို...

ဓာတ်ပုံဟောင်းကိုသုံးပြီး TNLA မှ စစ်ကိုင်းသို့ ပေးပို့သည့်လက်နက်များ ဖမ်းမိဆိုသည့် သတင်းမှား

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ စစ်ကိုင်းသို့ ပေးပို့သော လက်နက်များစွာ ဖမ်းမိကြောင်း ဓာတ်ပုံတစ်ပုံဖြင့် ဖြန့်ချိနေပါသည်။ အဆိုပါအကြောင်းအရာကို လူမှုကွန်ရက်စာမျက်နှာတစ်ဖြစ်သည့် “ဘကြီးအောင် ပြန်လာပြီ” ဟု အမည်ပေးထားသော အကောင့်တစ်ခုတွင် ဖြန့်ချိခဲ့ပြီး နိုဝင်ဘာလ ၁၀ ရက်နေ့အထိ Reaction ပြုလုပ်သူ ၇၁၆ ဦး၊...

မဟာချိုင်တွင် မြန်မာ ၁၃၀ ကျော် ဖမ်းဆီးခံရမှုကြောင့် ပန်းရောsင်ကဒ်ထုတ်ပေးသည့် လုပ်ငန်းစဉ် ရပ်တန့်ဆိုသည့် သတင်းအမှား

0
AAC မဟာမိတ်အဖွဲ့ ကိုရဲမင်းမှ ခေါ်ဆောင်လာသော တရားမဝင် ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၁၃၀ ကျော် ဖမ်းဆီးခံရပြီးနောက် ပန်းရောင်ကတ် လျှောက်ထားခွင့်များလည်း ပိတ်သိမ်းလိုက်ရကြောင်း သတင်းအမှား ဖြန့်ချိနေသည်။ အဆိုပါအကြောင်းအရာကို အောက်တိုဘာလ ၁၇ ရက်နေ့က စစ်တပ်ဝါဒဖြန့်တယ်လီဂရမ် ချန်နယ်တစ်ခု ဖြစ်သည့် နေပြည်တော် ချန်နယ်မှ ဖြန့်ဝေခဲ့ပြီး...

သင်္ကန်းဝတ်ဖြင့် အမုန်းတရားဖြန့်နေသော ပေါက်ကိုယ်တော်

0
ပျူစောထီးလက်နက်ကိုင်အဖွဲ့၏ သင်္ကန်းဝတ်ခေါင်းဆောင် ပေါက်ကိုယ်တော် (ခေါ်) အရိယဝံသသည် သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့သို့ ရောက်လာပြီးနောက် မြေပြင်ရှိ စစ်သည်များနှင့် တွေ့ဆုံကာ သျှမ်းနှင့် ပလောင် (တအာင်း) အကြား အမုန်းတရားပွားအောင် သွေးထိုးစကားများ ပြုလုပ်ခဲ့သည်။ တအာင်း(ပလောင်)အမျိုးသားများလွတ်မြောက်ရေးတပ်မတော် TNLA မှ တစ်နှစ်ကျော်ကြာ ထိန်းချုပ်ထားသော သီပေါမြို့ကို စစ်ကော်မရှင်တပ်က...

နောင်ချိုမြို့ကို စစ်တပ်မှ ပြန်လည်သိမ်းပိုက်ပေးရန် ဒေသခံများတောင်းဆိုနေဆိုသည့် သတင်းအမှား

0
သျှမ်းပြည် နောင်ချိုမြို့ ဒေသခံစစ်ရှောင်များမှ နောင်ချိုမြို့ကို စစ်တပ်မှ အမြန်ဆုံးပြန်လည် သိမ်းပိုက်ပေးရန် တောင်းဆိုနေကြကြောင်း ဓာတ်ပုံအချို့ဖြင့် သတင်းအမှားဖြန့်ချိနေပါသည်။ စဝ်နန်းဝတီမောင်ဆိုသည့် လူမှုကွန်ရက်အကောင့်တစ်ခုမှ ဖြန့်ချိခဲ့ပြီး “နောင်ချိုဒေသခံ စစ်ရှောင်များမှ နောင်ချိုမြို့ကို တပ်မတော်မှ အမြန်ဆုံးပြန်လည်သိမ်းပိုက်ပေးရန် တောင်းဆိုခဲ့မှုကြောင့် ကစထမှူးမှ နှစ်ပတ်အတွင်းမှာပင် နောင်ချိုမြို့ကို သိမ်းပိုက်ဖို့အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေ” ဟု...