ဆီဆိုင်မြို့နယ် PNO စစ်ဆေးရေးဂိတ်တွင် ကန့်သတ်ကုန်များကို စစ်ဆေးတင်းကြပ်နေ
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) စစ်ဆေးရေးဂိတ်များတွင် ကန့်သတ်ကုန်ပစ္စည်းများကို စစ်ဆေးတင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်များ ၊ ဆေးဝါးများ နှင့် စက်သုံးဆီများကိုသယ်ယူပို့်ဆောင်ရာာတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO များက သယ်ယူပို့ဆောင်ရန် ကန့်သတ်မှုများ ပြုလုပ်...
ဟိုပုံးမြေသိမ်းမှု ကန့်ကွက်သူ ၆ ဦး သတင်းအစနမရ
သျှမ်းပြည်တောင်ပိုင်း၊ဟိုပုံးမြို့နယ် ညောင်ပင်ကျေးရွာမှ မြေယာသိမ်းဆည်းမှုကို ကန့်ကွက်ခဲ့သည့် ရွာသူကြီးအပါအဝင် ဒေသခံ ၆ဦးသည် ယနေ့ (မေ ၂၇)ရက်အထိ ပြန်လည်မလွတ်မြောက်သေးဘဲ သတင်းအစန မရရှိသေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ ပအိုဝ်းပြည်သူ့စစ် ( PNO)...
“ရက် ၁၀၀” စီမံချက် လွိုင်လင် – မိုင်းပွန်ဂိတ် စစ်ဆေးမှုတင်းကြပ်၊ ငွေတောင်းကြမ်းနေ
စစ်အစိုးရသစ်၏ “ ရက် ၁၀၀” စီမံချက်ကြောင့် သျှမ်းပြည် တောင်ပိုင်း လွိုင်လင် - မိုင်းပွန် စစ်ဆေးရေး ဂိတ်တွင် ကုန်စည်စစ်ဆေးမှုတင်းကြပ်ပြီး ငွေတောင်းကြမ်းနေကြောင်း စုံစမ်းသိရသည်။ (မေလ ၁ ရက်)မှ စပြီး စစ်ကော်မရှင်၏ အစိုးရ “ရက် ၁၀၀” စီမံချက်အရ သျှမ်းပြည်...
ညောင်ရွှေတွင် ဧည့်စာရင်းစစ်ပြီး စစ်ကော်မရှင်က ပေါ်တာဆွဲ ဖမ်းဆီးမှုများရှိ
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး နယ်ခံမဟုတ်သူများကို ဖမ်းဆီပေါ်တာဆွဲနေကြောင်း ဒေသခံများပြောသည်။ ပြီးခဲ့သည့် မေလ၂၁ရက်တွင် ညောင်ရွှေမြိုနယ် အင်းလေးဒေသ နန်းပန်မြို့မှ အသက် ၃၀ ကျော် လင်မယားနှစ်ဦးသည် ညောင်ရွှေမြို့တွင် သွားရောက်တည်းခိုစဉ် စစ်ကော်မရှင်တပ်က ဧည့်စာရင်းဝင်စစ်ကာ ဖမ်းဆီးသွားကြောင်း ၎င်းအသိမိတ်ဆွေ တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထိုသို့...
သျှမ်းတောင် ဂေါ်ဖီထုတ်ဈေးမရ၊ စိုက်ခင်းရှင်းလင်းရသည့်အထိဖြစ်
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် ရွာငံမြို့နယ် အောင်ပန်းမြို့နှငိ့ ပင်လောင်းဒေသဘက်များတွင် ဂေါ်ဖီထုတ် ဈေးနှုန်းကျဆင်းပြီး တောင်သူများ အရှုံးပေါ်ကာ စိုက်ခင်းများရှင်းလင်းရသည့်အဆင့်ထိရောက်ရှိနေကြောင်း သတင်း ရရှိသည်။ သျှမ်းတောင်တွင် ဂေါ်ဖီထုတ်၊ ခရမ်းချဉ်သီး ၊ပန်းဂေါ်ဖီ၊ မုန်ညင်းထုတ်အပါအဝင် ပြောင်းစသည့် ကုန်စိမ်းသီးနှံများကို များကို အဓိကစိုက်ပျိူးကာ ပြည်မနှင့်အခြားပြည်နယ်သို့ တင်ပို့ရောင်းချ အသက်မွေးဝမ်းကျောင်းပြုကြသည်။ ယခု မိုးဦးကျရာသီ...
မိုးဗြဲမြို့ နေရပ်ပြန်ပြည်သူများ စစ်တပ် သတ်မှတ်ပေးသည့် ဘုန်ကြီးကျောင်းအတွင်း နေထိုင်ရ
သျှမ်းပြည် မိုးဗြဲမြို့သို့ နေရပ်ပြန်သည့် ဒေသခံများကို စစ်ကောင်စီ သတ်မှတ်ပေးထားသည့် ဘုန်ကြီးကျောင်းအတွင်းသာ နေထိုင်ခွင့်ပြုကြောင်း စုံစမ်းသိရသည်။ မိုးဗြဲမြို့ကို စစ်ကော်မရှင်တပ်က ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။ ထို့နောက် နေရပ်ပြန်သည့် ဒေသခံအချို့ကိုရပ်ကွက်အတွင်းတွင်နေထိုင်ခွင့်မပြုဘဲ စစ်ကော်မရှင် သတ်မှတ်ထားသည့် ဘုန်းကြီးကျောင်းအတွင်းသာ နေထိုင်စေပြီး အပြင်ထွက်သွားလာခွင့်ကိုလည်း ကန့်သတ်ထားကြောင်း...
စစ်တပ်ထိန်းချုပ် သီပေါမြို့အနီး ရှော့တိုက်ဒုံးပစ်ခတ်ခံရ
သျှမ်းပြည် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၄ ရက်) ညနေ ၅ နာရီခွဲကျော်တွင် စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံး (၃) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စံဖိတ်ကျေးရွာအုပ်စုရှိ ဖာဖိတ်ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း...
ရွာငံတွင် အမျိုးသား(၃)ဦးထပ်မံ အသတ်ခံရ၊ မေလအတွင်း (၉)ဉီးသတ်ခံရ
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာနှင့် ကျောက်ငှက်ကျေးရွာတို့တွင် အမျိုးသား(၃)ဦးထပ်မံ အသတ်ခံရပြီး၊ မေလအတွင်း (၉)အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် မေလ (၂၀)ရက် ညသန်းခေါင်ယံ အချိန် ကျောက်ငှက်ကျေးရွာတွင် အသက် (၃၀)ကျော် ပျူစောထီးအမျိုးသား တစ်ဦးနှင့် အသက် (၃၀)ကျော် ဒေသခံ အမျိုးသားတစ်ဦးကို ဒလန်ဟု...
“၆၈ နှစ်” သျှမ်းတော်လှန်ရေး ခရီးရှည်ကို ပြန်သုံးသပ်ရန် RCSS ဥက္ကဋ္ဌ တိုက်တွန်း
SHAN -
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ကိုယ်တိုင် သုံးသပ်ထားသည့် သဝဏ်လွှာကို ယနေ့ (မေလ ၂၁ ရက်)တွင် ထုတ်ပြန်လာသည်။ သျှမ်းတော်လှန်ရေးသည် ၁၉၅၈ ခုနှစ် မေ ၂၁ ရက်တွင် သျှမ်းလူငယ်ခေါင်းဆောင် စဝ်ဆောယန္တ...
တောင်ကြီး စစ်ကော်မရှင်တပ်အတွက် စစ်သုံးစရိတ် တအိမ်လျှင် တစ်လ ၃ သောင်းကောက်
သျှမ်းပြည် တောင်ကြီးမြို့အတွင်းရှိ ရပ်ကွက်အချို့တွင် စစ်ကော်မရှင်တပ်အတွက် စစ်မှုထမ်းကြေး အပြင် “ စစ်အသုံးစရိတ်”ဟုဆိုကာ ဒေသခံများထံ ငွေကြေးများ ထပ်မံ ကောက်နေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ရှိ စိန်ပန်းရပ်ကွက်၊ ရွှေတောင်ရပ်ကွက်၊ ကျောင်းကြီးစုရပ်ကွက် နှင့် ဘုရားဖြူရပ်ကွက် အချို့တို့တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးအပြင် စစ်အသုံးစရိတ် အမည်ဖြင့် ငွေကြေးများကောက်ခံနေကြောင်း ငး တောင်ကြီးမြို့...






