ပြည်ထောင်စု တိုင်းရင်းသား ဒုတိယဝန်ကြီးရာထူးအတွက် အစိုးရကမ်းလှမ်းမှု SNLD ထပ်မံငြင်းဆို
SHAN -
ပြည်ထောင်စု အစိုးရ တိုင်းရင်းသားရေးရာဝန်ကြီးအား ဝိုင်းရံအလုပ်ကူနိုင်မည့် ဒုတိယဝန်ကြီး တိုးချဲ့ခန့်အပ်ရေးအတွက် သင့်လျော်သည့် ပုဂ္ဂိုလ်တဦးဦးမှ လက်ခံရယူရန် အစိုးရကမ်းလှမ်းလာမှုအား သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ကငြင်းဆိုလိုက်သည်ဟုသိရသည်။ အဆိုပါရာထူးအတွက် သမ္မတရုံးဝန်ကြီးဌာန မှ အဆင့်မြင့်အရာရှိကြီးတဦးက သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ထံ ဖုန်းဖြင့်ဆက်သွယ်လာကြောင်း၊ ထိုရာထူးအတွက် မည်သို့ဆန္ဒရှိသည်...
CSSU ဥက္ကဌ ရာထူးလက်ခံမည့် ကျားဖြူပါတီဥက္ကဌ နှစ်ပတ်လည် အစည်းအဝေးတက်ရောက်မည်မဟုတ်ဟုဆို
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ဌာနချုပ်လွယ်တိုင်းတွင် ကျင်းပ ရန်စီစဉ်ထားသည့် သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU နှစ်ပတ်လည်အစည်းအဝေးတွင် အလှည့်ကျ ဥက္ကဌရာထူးတာဝန်ယူရမည့် SNDP ကျားဖြူပါတီဥက္ကဌ အစည်းအဝေးတက်ရောက်နိုင်မည်မဟုတ်ဟုသိရသည်။ “အစက လွယ်တိုင်းလျန်းမှာအစည်းအဝေးသွားတက်ဖို့ စီစဉ်ထားတယ်။ နောက်တော့ ကျနော် စင်္ကာပူမှာ နှလုံးသွားခွဲ ရတယ်။ နှလုံးခုန် မမှန်ဘူး။ သွေးတိုးရောဂါလည်း...
လာမည့်ကြားဖြတ်ရွေးကောက်ပွဲ SNLD မှ ၂ နေရာ ၀င်ရောက်ယှဉ်ပြိုင်မည်
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ပြုလုပ်သော သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ၏ အစည်းအဝေးတွင် ကြားဖြတ်ရွေးကောက်ပွဲ၌ ၂ နေရာ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။ သျှမ်းပြည်တောင်ပိုင်းလဲချားမြို့နယ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလက ကွယ်လွန်သွားသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းမွန်း၏နေရာနှင့် ယခု ဂျန္နဝါရီလဆန်းက ကွယ်လွန်သွားသော မန္တလေးတိုင်း သျှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်ဇော၏ နေရာတွင်ဖြစ်ကြောင်းသိရသည်။ သျှမ်းပြည်တောင်ပိုင်း လွယ်လင်မြိ့နယ်...
ရခိုင် ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာအေးမောင်ဖမ်းဆီးခံရမှု သျှမ်းခေါင်းဆောင်များထံ ဂယက်ရိုက်
SHAN -
နိုင်ငံတော်သစ္စာဖေါက်မှုဟုဆိုကာ ဒေါက်တာအေးမောင် ဖမ်းဆီးခံရမှုသည် သျှမ်းပြည်ညီညွတ်ရေး ကော်မတီ CSSU ဉက္ကဌ ရာထူးလွှဲပြောင်းတာဝန်ယူရေးအတွက်စီစဉ်နေသည့် သျှမ်းခေါင်းဆောင် များအတွင်း ဂယက်ရိုက်စေသည်ဟု အတွင်း ရေးမှူးများအဖွဲ့ က ပြော သည်။ သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ဥက္ကဌ ရာထူးအား လာမည့်လဆန်းပိုင်းအတွင်း နှစ်ပတ်လည် အစည်းအဝေးကျင်းပကာ လွှဲအပ်မည်ဖြစ်ကြောင်း၊ သျှမ်းနှင့်ရခိုင်အသွင်သဏ္ဌာန်...
CSSU နှစ်ပတ်လည်အစည်းအဝေး လွယ်တိုင်းလျန်းဌာနချုပ်တွင်ကျင်းပမည်
SHAN -
သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ၏ နှစ်ပတ်လည်အစည်းအဝေးကို သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် လွယ်တိုင်းလျန်းတောင်တွင် လာမည့်လဆန်းပိုင်း ကျင်းပမည်ဖြစ်ကြောင်းသိရသည်။ ဖေဖော်ဝါရီ်လ ၁ ရက်နှင့် ၂ ရက်နေ့တို့တွင် Committee For Shan State Unity နှစ်ပတ်လည် အစည်း အဝေးကို RCSS/SSA ဌာနချုပ် လွယ်တိုင်းလျန်းတွင်...
UNFC နှင့် အပစ်ရပ် PPST ခေါင်းဆောင်းများ RCSS/SSA ဌာနချုပ်တွင်ထပ်မံတွေ့ဆုံလို
ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC နှင့် အပစ်ရပ် အဖွဲ့ NCA – EAOs တို့၏ ငြိမ်းချမ်းရေးလုပ် ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တို့ ချင်းမိုင်မြို့တွင် ပထမ အကြိမ်တွေ့ဆုံ ပြီးသည့်နောက် ဒုတိယ အကြိမ်အတွက် RCSS/SSA ဌာနချုပ် တွင်တွေ့ဆုံကြရန် အဆိုပြု...
၂၀၁၈ အတွင်းကြားဖြတ်ရွေးကောက်ပွဲ ထပ်မံကျင်းပပေးမည်ဟု နေပြည်တော်လွှတ်တော်တွင် ဆုံးဖြတ်
SHAN -
လစ်လပ်လျှက်ရှိသော ပြည်နယ်နှင့်တိုင်းအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များနေရာအား အစားထိုးနိုင်ရေးအတွက် ၂၀၁၈ အတွင်း ကြားဖြတ်ရွေးကောက်ပွဲထပ်မံကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ဂျန္နဝါရီလ ၁၅ ရက်ကစတင်သော အမျိုးသားလွှတ်တော်အစည်းအဝေးတွင် - ကြားဖြတ်ရွေးကောက်ပွဲ ထပ်မံကျင်းပရန် ဆွေးနွေးခဲ့ကြခြင်းဖြစ်ပါသည်။ သို့သော် ဘယ်နေ့ဘယ်ရက်တွင်ကျင်းပမည်ကိုမူ မသိရသေးကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်ဦးအောင်မြင့်က လွှတ်တော်အစည်းအဝေးအပြီး သတင်းထောက်များ အားပြောကြားသည်။ ဆွေးနွေးမှုများပြုလုပ်ပြီး...
SHAN -
NCA အဓိပ္ပါယ်ဖွင့်ဆိုမှုအပေါ် ၊ နိုင်ငံရေး ဆွေးနွေးပွဲ ပြင်ဆင်မှုတွေအပေါ် နားလည်မှု လွဲနေတာတွေကို ပြန်လည်ဆွေးနွေးဖို့အတွက် ရည်ရွယ်ပြီး တိုင်းရင်းသားအပစ်ရပ် ၈ ဖွဲ့ EAO ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အရေးပေါ်အစည်းအဝေးတရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ခုမ့်ဖူးခမ်းဟိုတယ်မှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။ ဂျန္နဝါရီလ...
SHAN -
သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီ များ လူထုနှင့် ကွင်းဆင်းတွေ့ ဆုံစဉ် အစိုးရတပ်မတော် မှ နည်းအမျိုးမျိုးဖြင့် ဟန့်တား သဖြင့် ၂၀၁၈ ဂျန္နဝါရီ ၁၂ - ၁၄ ရက် အထိ လင်းခေးမြို့တွင်ကျင်းပရန် စီစဉ်ထားမှုအား အကန့်အသတ်မရှိ...
ရက်ပိုင်းသာလိုသော်လည်း လင်းခေးမြို့မှာ သျှမ်းနိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့ရန် မသေချာသေး
SHAN -
၂၀၁၈ ဇန္နဝါရီ ၁၂ ရက်မှ ၁၄ ရက်နေ့ထိ သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပဖို့ရန် စီစဉ်ထားသော်လည်း လက်တွေ့မှာ ကျင်းပနိုင်ဖို့ မသေချာသေးကြောင်း သျှမ်းခေါင်းဆောင်များ အသိုင်းအဝိုင်းက ပြောသည်။ “တောင်ကြီးမှာ အကြိုကျင်းပဖို့ ကျနော်တို့ ဒီလ ၇-၉ ရက်နေ့ အထိ လျာထားတယ်။ တောင်ကြီးမှာ အကြိုမကျင်းပနိုင်ရင်...





