Tuesday, January 27, 2026

သျှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးတစ်ဦး အဂတိလိုက်စားမှုဖြင့်တိုင်ကြားခံထားရသည့် အပေါ် သျှမ်းပြည်နယ်ဝန်ကြီးချုပ်ဖြေရှင်း  

သျှမ်းပြည်နယ် အစိုးရအဖွဲ့၏ပြည်သူ့အတွက် တတိယနှစ် (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများ နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတရပ်ကို တောင်ကြီးမြို့ ၊ မြို့တော်ခန်းမတွင်ကျင်းပခဲ့ပြီး သတင်းမီဒီ ယာတစ်ခုလျှင် သိလိုသည့်မေးခွန်း ၃ ခုသာမေးမြန်းခွင့်ပြုခဲ့သည် ။

Photo by SHAN-သျှမ်းပြည်နယ် အစိုးရအဖွဲ့၏ပြည်သူ့အတွက် တတိယနှစ် (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများ နှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ ဇွန်လ ၁၄ ရက် ၂၀၁၉

ဇွန်လ ၁၄ ရက်နေ့တွင်ကျင်းပခဲ့သောအဆိုပါသတင်းစာရှင်းလင်းပွဲသို့ သျှမ်းသံတော်ဆင့်မှလည်းတက်ရောက်ခဲ့ရာ သျှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်း အဂတိလိုက်စားမှုဖြင့် တိုင်ကြားခံထားရ သည့် ၀န်ကြီးတစ်ဦး အားသျှမ်းပြည်နယ်အစိုးရအဖွဲ့မှ မည်သို့ စီစဉ်ဆောင်ရွက် နေကြောင်း  မေးမြန်းခဲ့ရာ သျှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က-

“ တိုင်ကြားခြင်းခံရတာတော့ ဟုတ်ပါ တယ် ။ ဒါပေမဲ့ အဂတိ လိုက်စားတာမဟုတ်တဲ့အ တွက် အဂတိ လိုက်စားမှု တိုက်ဖျက် ရေးကော်မရှင်ကနေ ကျနော်တို့ကိုသီးခြား စုံစမ်းစစ်ဆေး ဖို့ ဆောင်ရွက် ပါဆိုပြီး ညွှန်ကြားလာတယ် ၊ ကျနော်တို့ကလည်း သက်ဆိုင်ရာ လုပ်ထုံး လုပ်နည်း ညွှန်ကြားချက်တွေအတိုင်း စုံညီခုံရုံးဖွဲ့ပြီး စစ်ဆေးလို့ ပြီးပါပြီ မကြာခင် ကျနော်တို့ တရားဝင်ထုတ်ပြန်မှာဖြစ်ပါတယ် ။ လုပ်မှားကိုင်မှား လေးပဲဖြစ်ပါတယ် အဂတိလိုက် စားတာမဟုတ်ပါဘူးလို့ ၊ ကျနော်ဒီနေရာကနေဖြေ ကြားလိုပါတယ် ” ဟု ပြန်လည် ဖြေကြားခဲ့သည် ။

အင်းလေးကန်ဇုန်ဝင်ကြေးကောက်ကခံမှု အတွက် ၂၀၁၇ – ၂၀၁၈ ခုနှစ်က တင်ဒါ ခေါ်ယူရာတွင် သတ်မှတ်စည်းကမ်းများအတိုင်းချိုးဖောက်၍ တင်ဒါရရှိသူ နှင့် သျှမ်းပြည် နယ် အစိုးရအဖွဲ့ကြား တင်ဒါစည်းကမ်းများ ပြင်ဆင်ဆောင်ရွက်ခဲ့သည်ဟုဆို ကာ သျှမ်းပြည် နယ်အစိုးရအဖွဲ့ဝင် (ယခင် ဘဏ္ဍာရေးဝန်ကြီး )ယခုလျှပ်စစ် စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ အား Save the Inlay lake မှ အတွင်းရေးမှူး ဦးညီညီထွန်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ မတ်လ(၂၉) ရက်နေ့က တိုင်ကြားထားရကြောင်းသိရှိရသည် ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းပြည်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ရွေးကောက်ပွဲအမှု ထောင်ဒဏ် ၂ နှစ် ထပ်မံချ

0
သျှမ်းပြည်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ကို ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ -၁၃၀(က) ဖြင့် ထောင်ဒဏ် ၂ နှစ် ထပ်မံချလိုက်ကြောင်း စုံစမ်းသိရသည်။ သြဂုတ် ၃ရက်တွင် တောင်လေးလုံး အကျဥ်းထောင် တရားရုံးမှ သျှမ်းပြည်ဝန်ကြီးချုပ် ကို ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်မှု ရာဇသတ်ကြီး...

သျှမ်းဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နိုင်လွတ်လုံ ဖြင့်ရဲစခန်းတွင် တိုင်ကြားခံရ

သျှမ်းပြည်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် ကို ယနေ့ (ဇန်နဝါရီ ၂၈)ရက် တွင် နိုင်လွတ်လုံ ဥပဒေ ဖြင့် တောင်ကြီးမြို့မရဲစခန်းတွင် တိုင်ကြားထားကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် တိုင်းကြားခံရသည့်အကြောင်းရင်းမှာ တာချီလိတ်မြို့ မြေယာကိစ္စကို ဖြေရှင်းခြင်းမရှိသည့်အတွက် နိုင်လွတ်လုံ (နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးခြင်း)...

ရွေးကောက်ပွဲအလွန်ကာလတွင် တာဝန်ယူမည့် အစိုးရအဖွဲ့အပေါ် သျှမ်း လူငယ်များ၏ မျှော်လင့်ချက်

သျှမ်းပြည်နယ်တွင် လက်နက်ကိုင်ပဋိပက္ခများ၊ မူးယစ်ဆေးဝါးပြဿနာများဖြင့် ရင်ဆိုင်နေရသည့် ပြည်နယ်တစ်ခုဖြစ်သည်။ ထို့ပြင် ပညာရေး၊ကျန်းမာရေးကဏ္ဍများတွင်လည်း အားနည်းလျက်ရှိပြီး အထူးသဖြင့် အလုပ်အကိုင်ရှားပါးမှု ပြဿနာများကို ရင်ဆိုင်နေရသည်။ ယင်းပြဿနာများသည် သျှမ်းလူငယ်များအပေါ် ရိုက်ခတ်လျက်ရှိပြီး ၎င်းဒေသမှ လူငယ်များ၏ အနာဂတ်သည်လည်း မှေးမှိန်လျက်ရှိသည်။ ထို့ကြောင့် ယခု ရွေးကောက်ပွဲအလွန်ကာလတွင် တာဝန်ယူမည့် အစိုးရအဖွဲ့အပေါ်...

သျှမ်းပြည် COVID-19 ပြင်းထန်လာလျှင် အခြေခံ လူတန်းစားအတွက် ထောက်ပံ့ရန် စီစဉ်ထား

0
သျှမ်းပြည် အတွင်း COVID-19 ကူးစက်ပျံ့ပွါးမှု ပြင်းထန် လာလျှင် အခြေခံ လူတန်းစားများအတွက် စားဝတ်နေရေး အဆင်သင့် ထောက်ပံ့ရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။ အဆိုပါ အခြေခံ လူတန်းစားများကို ထောက်ပံ့ရန် အတွက် သျှမ်းပြည်နယ်အစိုးရ အဖွဲ့ နှင့် သျှမ်းပြည် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေး...

သျှမ်းအစိုးရ၏တစ်နှစ်တာ ကာလလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အားဝန်ကြီးချုပ် တင်ပြ  

သျှမ်းပြည်နယ်မြို့တော် တောင်ကြီးတွင်ပြုလုပ်သော သျှမ်းပြည်နယ်အစိုးရ၏ သတင်းစာရှင်းလင်းပွဲတွင် သျှမ်းပြည်နယ် အစိုးရအဖွဲ့၏ပြည်သူ့အတွက် တတိယနှစ် (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများကို သျှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဤကဲ့သို့ ရှင်းလင်းပြောကြားခဲ့သည်။ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် ဆောင်ရွက်ရာတွင် ၂၀၁၈ - ၂၀၁၉ ခုနှစ်အတွင်း သျှမ်းပြည်နယ်တွင်ဖြစ်ပွားခဲ့သော အမှုကြီး ၃၆၇...