Tuesday, January 27, 2026

ရွေးကောက်ပွဲအလွန်ကာလတွင် တာဝန်ယူမည့် အစိုးရအဖွဲ့အပေါ် သျှမ်း လူငယ်များ၏ မျှော်လင့်ချက်

သျှမ်းပြည်နယ်တွင် လက်နက်ကိုင်ပဋိပက္ခများ၊ မူးယစ်ဆေးဝါးပြဿနာများဖြင့် ရင်ဆိုင်နေရသည့် ပြည်နယ်တစ်ခုဖြစ်သည်။ ထို့ပြင် ပညာရေး၊ကျန်းမာရေးကဏ္ဍများတွင်လည်း အားနည်းလျက်ရှိပြီး အထူးသဖြင့် အလုပ်အကိုင်ရှားပါးမှု ပြဿနာများကို ရင်ဆိုင်နေရသည်။ ယင်းပြဿနာများသည် သျှမ်းလူငယ်များအပေါ် ရိုက်ခတ်လျက်ရှိပြီး ၎င်းဒေသမှ လူငယ်များ၏ အနာဂတ်သည်လည်း မှေးမှိန်လျက်ရှိသည်။ ထို့ကြောင့် ယခု ရွေးကောက်ပွဲအလွန်ကာလတွင် တာဝန်ယူမည့် အစိုးရအဖွဲ့အပေါ် သျှမ်းလူငယ်များ၏ မျှော်လင့်ချက်များအား ဖော်ပြလိုက်ရပါသည်။

လာမယ့်အစိုးရသစ် လူ့အခွင့်အရေးနဲ့ပတ်သက်ပြီးအာရုံစိုက်စေချင်

ခွန်ခေတ်စံ (Taunggyi Youth Center)

“ကျနော်တို့တိုင်းရင်းသားဒေမှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ပဋိက္ခတစ်ခုခုဖြစ်ပြီဆိုရင် သျှမ်းပြည်နယ်အစိုးရက ဘာအသံတစ်ခုမှ မထွက်ရဲတဲ့ အပေါ်မှာ လုံး၀အားမရဘူး။ သျှမ်းပြည်နယ်ဝန်ကြီးချုပ်က ဘာသံမှမထွက်တဲ့အခါ ဝန်ကြီးရဲ့တာဝန်နဲ့၀တ္တရား အရမ်းညံ့တယ်လို့ မြင်တယ်။လာမယ့် အစိုးရသစ်သက်တမ်းမှာ ဒီလိုလူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ ကိစ္စမှာသေချာလေး အာရုံစိုက်ပြီး လုပ်ဆောင်ပေးစေချင်တယ်။ နောက်တစ်ခုက အဆင့်မြင့်ပညာရေးစနစ်တွေ လုပ်ဆောင်ပေးနိုင်ဖို့ တက္ကသိုလ်ကျောင်းသားတွေနဲ့ ဒီအစိုးရနဲ့ အလွတ်သဘောဖြစ်စေ တရားဝင်ဖြစ်စေ တွေ့ဆုံပွဲတွေ ညီလာခံပုံစံမျိုးတွေ၊ ဖိုရမ်လိုပုံစံမျိုးတွေ လုပ်စေချင်တယ်”

ဖွံ့ဖြိုးရေးအပိုင်းမှာ ပွင့်လင်းမြင်သာမှုရှိဖို့လိုတယ်

ခွန်ထွန်းကြည် (ကောင်ရွေးလူငယ်အဖွဲ့)

လာမယ့်အစိုးရလက်ထက်မှာ ပြင်ဆင်ပြီးတော့ လုပ်စေချင်တာ အဓိက ဖွံ့ဖြိုးရေးအပိုင်းမှာ ပွင့်လင်းမြင်သာမှုရှိဖို့ရယ်။ စောင့်ကြည့်မှုအပိုင်းတွေ လိုမယ်။ ဥပမာ ပြောရရင် လမ်းလုပ်တယ်၊ အရည်အသွေးပြည့်မီအောင် သူတို့ပေးလိုက်တဲ့ တင်ဒါအဖွဲ့ ကုမ္ပဏီအဖွဲ့တွေကို အမြဲတမ်းစောင့် ကြည့်သင့်တယ်လို့ ကျွန်တော်မြင်တယ်။

လူငယ်အခွင့် အလမ်းကိစ္စတွေမှာလဲ လုပ်တာတော့ လုပ်တယ်။ ဒါပေမဲ့ ပိုပြီးတော့ အားစိုက်ဆောင်ရွက် ပေးစေချင်တယ်။ လူငယ်နဲ့သက်ဆိုင်တဲ့ အလုပ်အကိုင်အခွင့် အလမ်းတွေရယ် ၊ လူငယ်တွေရဲ့ အရည်အသွေး မြှင့်တင်နိုင်မယ့် Youth Center တွေ လိုမျိုး လူငယ်တွေရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှု တွေအသုံးချလို့ ရမယ့် နေရာမျိုး တွေကို အာရုံစိုက်လုပ်ဆောင်ပေးစေချင်တယ် ။ ပြည်သူ့စကားကိုနားထောင်ဖို့ ပြည်သူတွေနဲ့ တစ်သားတည်း ဖြစ်မယ့် အစိုးရမျိုး ကိုမျှော်လင့်တယ် ။

Youth Center ရှိသင့်တယ်

ဝင့်ထည်ကောင်းမြတ် (Myanmar Institute of Peace and Security Studies)

“လူငယ်အဆင့် မဟာဗျူဟာစီမံချက်တွေက ထွက်ပြီ။ လူငယ်အရေးနဲ့ပတ်သက်ပြီး လူငယ့်ရေးရာဝန်ကြီးဌာနတစ်ခု တိုးပေးဖို့အထိ တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ အဲ့ဒါတွေကဖြစ်မလာဘူး။ လူကယ်ပြန်ဝန်ကြီးဌာနရဲ့လက်အောက်မှာပဲ သွားဝင်နေတယ်။ လူငယ့်ရေးရာတွေကို ဖော်ဆောင်နိုင်ဖို့ ဘတ်ဂျက်ကလည်း ရှိသင့်တယ်။ Youths Center တွေလိုတယ်။ တစ်ခြားတိုင်းနဲ့ပြည်နယ်တွေမှာ Youths Center တွေရှိသော်လည်း ကျွန်တော်တို့ရှမ်းပြည်မှာ Youths Center တွေ မရှိသေးဘူး၊ ကျယ်ဝန်းလှတဲ့ ရှမ်းပြည်နယ်အတွက် Youths Center တွေ အနည်းဆုံး သုံး ခုလောက်လိုချင်တာပေါ့။ တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံနဲ့ တာချီလိတ်မှာ တစ်ခုစီဖွင့်ဖို့လိုအပ်နေတယ်”

မူးယစ်ဆေးဝါးကိစ္စ ဖိအားပေးဆောင်ရွက်မယ့်အစိုးရ သျှမ်း/မြောက်လူငယ်တွေလိုလား

စိုင်းဟန် (Tai Youth Network လားရှိုး)

“ဖယ်ဒရယ်ဒီမိုကရေစီကိုသွားမယ့် တိုင်းပြည်တစ်ခုမှာ ကျွန်တော်တို့လူငယ်တွေရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ ဒီ ကျွန်တော်တို့ ရှမ်းမြောက်မှာဆိုရင် မူးယစ်ဆေးဝါးကိစ္စ၊ ဒီမူးယစ်ဆေးဝါးနဲ့ လူငယ်တွေ ကင်းကွာသွားအောင် ဆောင်ရွက်ပေးဖို့ အလွန်အရေးကြီးပါတယ်။ ပညာရေးပိုင်းမှာလည်း အများကြီး လိုအပ်နေသေးတယ်။ ကျွန်တော်တို့ဆီမှာ အလုပ်အကိုင်အခွင့်အလမ်းမရှိလို့ ဘွဲ့ရပြီး အလုပ်လက်မဲ့ဖြစ်တဲ့ လူငယ်တွေမှ အများကြီးပဲ။ တစ်ချို့က တရုတ်ကိုသွားကြတယ်။ တစ်ချို့က ထိုင်းဘက်ကိုသွားကြရတယ်။ ဒါကြောင့် ကျွန်တော်တောင်းဆိုချင်တာ အစိုးရအနေနဲ့ မူးယစ်ဆေးဝါးကိစ္စကို ဖိအားပေးဆောင်ရွက်ပေးပါ။ အလုပ်အကိုင်အခွင့်အလမ်း ရရှိအောင် ဖော်ဆောင်ပေးပါ။ ပညာရေးစနစ် မြှင့်မားတိုးတက်အောင်လုပ်ပေးပါ”

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းလူငယ်ချိတ်ဆက်မှုများလာရန် တွေ့ဆုံပွဲပြုလုပ်

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ချင်းမိုင်မြို့ သျှမ်းလူငယ်အဖွဲ့အစည်းက ဦးဆောင်ပြီး သျှမ်းလူငယ်များ တွေ့ဆုံပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေလ ၂၅ ရက်နေ့တွင် ချင်းမိုင်မြို့ သျှမ်းလူငယ်အဖွဲ့အစည်း ထူထောင်ခြင်း (၂၅) နှစ်ပြည့်အနေဖြင့် ထိုင်းနိုင်ငံ ဒေသအသီးသီးရှိ သျှမ်းလူငယ်များ ချိတ်ဆက်မှုရရှိရန်နှင့် သျှမ်းလူငယ်များ စုစည်းညီညွတ်ပြီး လှုပ်ရှားမှုတရပ်...

နိုင်ငံတကာ သျှမ်းလူငယ်ညီလာခံကို အိန္ဒိယနိုင်ငံ အာသံနယ်မှာ ကျင်းပ

0
အိန္ဒိယနိုင်ငံ အာသံပြည်နယ်အတွင်း နေထိုင်သည့် သျှမ်းလူမျိုးများမှ သျှမ်းယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲနှင့် ပထမအကြိမ် နိုင်ငံတကာ သျှမ်းလူငယ်ညီလာခံတို့ကို လက်ခံကျင်းပ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၂၁ ရက်မှ ၂၇ ရက်အထိ တစ်ပတ်ကြာ ကျင်းပပြုလုပ်နေသည့် သျှမ်းယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲ International Workshop on Tai...

စစ်ကောင်စီ  နှင့် TNLA တို့ တိုက်ပွဲကြား ကျဆုံးခဲ့သည့် သျှမ်းလူငယ်နှစ်ဦးကို ယနေ့ သဂြိုလ်မည်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မော်တောင်းကျေးရွာအနီးတွင် စစ်ကောင်စီ နှင့် TNLA တို့ ဖြစ်ပွားသည့်တိုက်ပွဲကြောင့် ကျဆုံးခဲ့ရသည့် သျှမ်းလူငယ် နှစ်ဦးကို ယနေ့ မေ (၅) ရက်မှာ သဂြိုလ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီ နှင့် TNLA  တို့တိုက်ပွဲကြား ကျဆုံးခဲ့ရသည့် အဆိုပါ သျှမ်းလူငယ်နှစ်ဦး၏ ရုပ်အလောင်းကို...

မိုင်းရှူးလူငယ်တဉီးအား စစ်ကောင်စီကားဖြင့်တိုက်မိ သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်ရှိ စစ်ကောင်စီတပ်မှ ကားတစ်စီးသည် ယနေ့ (ဇန်နဝါရီ ၂၉)ရက် နေ့လည် ၁နာရီ ဝန်းကျင်တွင် သျှမ်းလူငယ်တစ်ဦးကို ကားဖြင့်တိုက်ကာ လူငယ်သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ နေ့လည် ၁နာရီဝန်းကျင်တွင် မိုင်းရှူးမြို့နယ် ဝမ်လုံပန်စွဲကျေးရွာမှ မင်္ဂလာဆောင် တခုမှအပြန် စိုင်းမောင်ညို (ခ) စိုင်းနော်ခမ်းသည် ခြေလျင်တပ်ရင်း...

သျှမ်းပြည် COVID-19 ပြင်းထန်လာလျှင် အခြေခံ လူတန်းစားအတွက် ထောက်ပံ့ရန် စီစဉ်ထား

0
သျှမ်းပြည် အတွင်း COVID-19 ကူးစက်ပျံ့ပွါးမှု ပြင်းထန် လာလျှင် အခြေခံ လူတန်းစားများအတွက် စားဝတ်နေရေး အဆင်သင့် ထောက်ပံ့ရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။ အဆိုပါ အခြေခံ လူတန်းစားများကို ထောက်ပံ့ရန် အတွက် သျှမ်းပြည်နယ်အစိုးရ အဖွဲ့ နှင့် သျှမ်းပြည် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေး...