သျှမ်းဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နိုင်လွတ်လုံ ဖြင့်ရဲစခန်းတွင် တိုင်ကြားခံရ

0

သျှမ်းပြည်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် ကို ယနေ့ (ဇန်နဝါရီ ၂၈)ရက် တွင် နိုင်လွတ်လုံ ဥပဒေ ဖြင့် တောင်ကြီးမြို့မရဲစခန်းတွင် တိုင်ကြားထားကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် တိုင်းကြားခံရသည့်အကြောင်းရင်းမှာ တာချီလိတ်မြို့ မြေယာကိစ္စကို ဖြေရှင်းခြင်းမရှိသည့်အတွက် နိုင်လွတ်လုံ (နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးခြင်း) ဥပဒေ ပုဒ်မ-၆ အရ ရဲစခန်းတွင် တိုင်ကြားထားခံရကြောင် းတောင်ကြီးမြို့မ ရဲစခန်းမှ စုံစမ်းသိရသည်။

“ တိုင်ကြားစာကိုတော့ လက်ခံထားတယ် ဒီတိုင်ကြားစာနဲ့ပတ်သက်ပြီးတော့ နိုင်လွတ်လုံ ဥပဒေ ပုဒ်မ ၆ အရ လာတိုင်တဲ့ သူကို ရက်ပေါင်း ၃၀ အတွင်း ပြန်အကြောင်းကြားရမယ်။ ဥပဒေအရအရေးယူဆောင်ရွက်ဖို့အတွက် ဆင့် ကဲ ဆင့်ကဲ အားလုံးကို တင်ပြရ မှာ ဖြစ်တယ် ။ အမှုက တိုက်ရိုက်ဖွင့်လို့မရဘူး အကြီး အကဲတယောက်ဖြစ်နေတဲ့ အတွက် သက်ဆိုင်ရာ သက်ဆိုင်ရာတွေကို ကျနော်တို့ကတောင်းယူရမှာ တွေ ရှိတယ် ။ ကျနော်တို့ကတော့ ဥပဒေအရပဲ လုပ်ထုံးလုပ်နည်းတွေနဲ့ လုပ်သွားမယ် ” တောင်ကြီး မြို့ အမှတ်(၁) မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးထက်နိုင်ဟိန်း ကပြောသည် ။


သျှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ လွယ်စတုံကျေးရွာအနီးရှိ မြေလွတ်၊မြေလပ်၊မြေရိုင်းများလုပ်ပိုင်ခွင့်နှင့် ပတ်သက်ပြီး မြေပိုင်ရှင် ဦးစိုင်းဆမ်က သျှမ်းပြည်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် အား ရဲစခန်းတွင် တိုင်ကြားထားကြောင်း စုံစမ်းသိရသည်။


အဆိုပါမြေနှင့်ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံး သုတေတန သတင်းပြန်ကြားရေး နှင့် တိုင်ကြားဌာန က ကာယကံ ရှင်များနစ်နာမှုမရှိအောင် ဖြေရှင်းဆောင်ရွက်ပေးရန် ၂၀၁၆ ခုနှစ်ကတည်းကစပြီး ယနေ့အထိ ၃ ကြိမ်တိုင်တိုင် သျှမ်းပြည် ဝန်ကြီးချုပ် ကို ညွှန်ကြားထား သော်လည်း ဝန်ကြီးချုပ်က မဖြေရှင်းပေးသဖြင့် ယခုကဲ့သို့ ရဲစခန်းတွင် တိုင်ကြားခံရ ခြင်းဖြစ်ကြောင်း သိရသည်။

“ ဘာကြောင့် နိုင်လွတ်လုံနဲ့ဖွင့် လဲဆိုရင် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ရေးနဲ့ နဲ့ ပုဂ္ဂိုလ်ဆိုင်ရာ ကာကွယ်ရေးဥပဒေရှိတယ်။ အဲ့ဒီဥပဒေ ပုဒ်မ နံပါတ် ၈ အပိုဒ်ခွဲ (ဆ) နိုင်ငံသားများ၏ ရွေ့ပြောင်းနိုင်တဲ့ ပစ္စည်းဖြစ်စေ မရွေ့ပြောင်းနိုင်တဲ့ ပစ္စည်းဖြစ်စေ သိမ်းယူခွင့်မရှိဘူး ၊အဲ့ကြောင့်ဖွင့်တာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော် သမ္မတရုံးက ညွှန်ကြားချက်ကို မလိုက်နာလို့ဖွင့်တာ ” ဟု ဦးသိန်းဝင်း ယင်းအမှုအား လိုက်ပါဆောင်ရွက်ပေးသူကပြောသည် ။

တာချီလိတ်မြို့ ၊ ဟောင်လိတ်ကျေးရွာ အုပ်စု ၊ လွယ်စတုံကျေးရွာ အနီး မြေလွတ် ၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့် ရရှိသော မြေယာ (၉၃.၁၉) ဧကအား အောက်ခြေရှိ အထွေ ထွေ အုပ်ချုပ်ရေး ဝန်ထမ်းများနှင့် မြေစာရင်းဦး စီးဌာန မှ ဝန်ထမ်းများက မြေကွက်များ ရောင်းချခြင်း ကိစ္စနှင့် ပတ်သက်၍ မြေပိုင်ရှင်က တင်ပြတိုင်ကြားရာတွင်လည်း နိုင်ငံတော် သမ္မတရုံးက ပြည်ထဲရေး ဝန်ကြီးဌာနနှင့် သျှမ်းပြည်အစိုးရအဖွဲ့တို့ကို စီစစ်တင်ပြစေခဲ့သည်။


ယင်းမြေယာ ကိစ္စအား ပြည်ထဲရေးဝန်ကြီးဌာနမှ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနသို့ တာဝန်ပေးစစ်ဆေး ချက်များအရ တိုင်ကြားမှုမှန်ကန်ကြောင်း၊ တရားဥပဒေနှင့် မညီသော လ/န ၃၉ အားချထားပေးခဲ့သော သက်ဆိုင်ရာဝန်ထမ်း များအား အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လည်း နိုင်ငံတော် သမ္မတရုံး မှ သက်ဆိုင်ရာ ဝန်ကြီးဌာန များသို့ အကြောင်းကြားထားပြီးဖြစ်ကြောင်း တရားလိုများဘက်မှရှင်းလင်းချက်အရသိရပါသည်။

Leave a Comments