သျှမ်းဝန်ကြီးချုပ် ကြိုတင်မဲလာထည့်ချိန် မဲဆွယ်သည့် စကားပြော

0

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လားရှိုးမြို့နယ် ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်လောင်း ၊ လက်ရှိ သျှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် လားရှိုးသို့ ကြိုတင်မဲသွားထည့်စဉ် စည်းရုံးရေးနှင့်ပတ် သက်သည့်စကားပြောဆိုခဲ့သည်ဟု နိုင်ငံရေးပါတီများအသိုင်းအဝိုင်းက ထောက်ပြသည်။

Photo by Ko Hlaing Ko Hlaing /Facebook

နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် ၂၀၂၀ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်းများ ၊ ပါတီ စည်းရုံးရေးမှူး များအနေဖြင့် နိုဝင်ဘာလ ၆ ရက်နေ့နောက်ဆုံးထားပြီး စည်းရုံးရေးဆင်းကြရမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာ ၂၈ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

သို့သော် ယနေ့ မနက် ၁၀နာရီက လားရှိုးမြို့ ရပ်ကွက် (၁၀) အုပ်ချုပ်ရေးရုံး အမှတ်(၂)တွင် သျှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ကြိုတင်မဲဆန္ဒလာပေးပြီး မဲရုံမှထွက်ခွါချိန် လားရှိုးရှိ မီဒီယာသမားများကို “ လွှတ်တော်ကိုယ်စားလှယ်လောင်း တယောက် အနေနဲ့ တိုက်တွန်းရမှာက ကျနော်ကိုမဲပေးလို့ တိုက်တွန်းရမှာပဲ” ဟု မဲဆွယ်စည်းရုံးသည့် စကားပြောဆိုခဲ့သည်။

Photo by Ko Hlaing Ko Hlaing/ Facebook

ထို့အပြင် သျှမ်းပြည်ဝန်ကြီးချုပ်အနေဖြင့် “ မိမိတို့ နှစ်သက်ရာ၊ မိမိတို့ အားကိုးရာ၊ မိမတို့ ယုံကြည်ရာ နိုင်ငံရေးပါတီ၊ သို့မဟုတ် တသီးပုဂ္ဂလိက အသီးသီးကို နိုဝင်ဘာ (၈)ရက်မှာ အားလုံးထွက်ပြီး တခဲနက် မဲပေးတော်မူကြပါ” ဟုလည်း ပြောဆိုခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည်ရွေးကောက်ပွဲ ငြိမ်းအေးချမ်းအောင်မြင်စွာ ကျင်းပနိုင်ရေး နှင့် မဲဆန္ဒရှင် ပြည်သူလူထုဖြင့် လွှတ်တော်ကိုယ်စားလောင်း တဦးဦး အားလွတ်လပ်စွာ ဆန္ဒပြုနိုင်ရန် နိုဝင်ဘာ (၆)ရက် ည ၁၂နာရီမှ နိုဝင်ဘာ (၈)ရက် ရွေးကောက်ပွဲကျင်းပပြီးသည့်အထိ ရွေးကောက်ပွဲ ဆိုင်ရာ စုဝေးဟောပြောခြင်းမဲဆွယ်စည်းရုံးခြင်း ရပ်နားရမည် ဖြစ်ကြောင်း ကြေငြာထားသဖြင့်ရွေးကောက်ပွဲဝင်ပါတီအသီးသီးက နိုဝင်ဘာလ ၇ ရက်နေ့ကို Silent Day ဟုဆိုကာ မဲဆွယ်စည်းရုံးမှုများမပြုလုပ်ခဲ့ကြတော့ပေ။

ထိုကာလအတွင်း မြေပြင်တွင်သာမက လူမှုကွန်ရက် ဝက်ဘ်ဆိုက်များ(Facebook နှင့် Twitter.. စသည်) အွန်လိုင်းဝက်ဘ်ဆိုက်များနှင့် မီဒီယာများတွင်လည်း မဲဆွယ်စည်းရုံးရာရောက်စေမည့် Postများ အကြောင်းအရာများ လွှင့်တင်ခြင်းမပြုရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

Leave a Comments