သျှမ်းအစိုးရ၏တစ်နှစ်တာ ကာလလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အားဝန်ကြီးချုပ် တင်ပြ  

သျှမ်းပြည်နယ်မြို့တော် တောင်ကြီးတွင်ပြုလုပ်သော သျှမ်းပြည်နယ်အစိုးရ၏ သတင်းစာရှင်းလင်းပွဲတွင် သျှမ်းပြည်နယ် အစိုးရအဖွဲ့၏ပြည်သူ့အတွက် တတိယနှစ် (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများကို သျှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဤကဲ့သို့ ရှင်းလင်းပြောကြားခဲ့သည်။

ဇွန်လ ၁၄ ရက်က ကျင်းပသော သျှမ်းပြည်နယ်အစိုးရ၏ သတင်းစာရှင်းလင်းပွဲ

အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် ဆောင်ရွက်ရာတွင် ၂၀၁၈ – ၂၀၁၉ ခုနှစ်အတွင်း သျှမ်းပြည်နယ်တွင်ဖြစ်ပွားခဲ့သော အမှုကြီး ၃၆၇ မှု ၊ အခြားအမှု ၅၂၆၃ မှု ၊ ကြိုတင်ကာကွယ်မှု ရ၉၅၀ မှု စုစုပေါင်း ၁၃၅၈၀ မှု ဖြစ်ပွားခဲ့ပြီး မူးယစ်ဆေး ၀ါးဖမ်းဆီးရမှု အနေဖြင့် ၄၀၇၉ မှု ဖြစ်ပြီးတရားခံ စုစုပေါင်း ၃၉၉၈ ဦးနှင့် တန်ဖိုးငွေကျပ် ၂၀၆.၄ ဘီလီယံ ဖမ်းဆီးရမိ အရေးယူဆောင်ရွက်ခဲ့ကြောင်း ။

တရားမဝင်သစ်များရှာဖွေဖော်ထုတ်ဖမ်းစီးခြင်း လုပ်ငန်းအနေဖြင့် ၂၀၁၈ ခုနှစ်ဧပြီ လမှ ၂၀၁၉ ခုနှစ် မတ်လအထိတရားမဝင်ကျွန်းသစ်လုံး/ခွဲသား ၁၈၆.၂၉ တန် ၊ သစ်မာ ၂၁၅၄.၁ တန် အခြား ၁၈၁၆.၅ တန် ၊ ကျွန်းသစ်မာ အခြားသစ်လုံးခွဲသား စုစုပေါင်း ၅၈၃၃.၆ တန် တရားခံ ၈၃၂ ဦး ၊ မော်တော်ယာဉ် ၆၃၆ စီး ၊ ထော်လာဂျီ ၂၀ စီး ၊ ဆိုင်ကယ် ၂၃၂ စီး ၊ စက်လှေ ၃ စီး ၊ ကရိန်း ၂ စီး ၊ ထွန်စက် ၈ စီး ၊ ဘက်ဟိုး ၁ စီး ၊ သစ်စက်အင်ဂျင်နှင့် အခြားဆက်စပ်ပစ္စည်းမျိုးစုံ တို့အား ဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့ ကြောင်း ။

သျှမ်းပြည်နယ် သတ္တု လုပ်ကွက်စီစစ်ချထားရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် အ လုပ်အကိုင် အခွင့်အလမ်းတိုးပွားလာစေရန် အသေးစား စမ်းသပ်ခွင့်ပြုမိန့် ၂၁ ခု ၊ ဧရိ ယာ ၂၇၈.၀၇ ဧက ၊ လက်လုပ်လက်စားထုတ်လုပ်ခွင့်ပြုမိန့် ၄၃ ခု ၊ ဧရိယာ ၈၆.၂ ဧက စုစုပေါင်းခွင့်ပြုမိန့် ၆၄ ခု ၊ ဧရိယာ ၃၆၄.၂ ဧက တို့အားခွင့်ပြုမိန့်ချထားနိုင်ကြောင်း ။

၂၀၁၈ – ၂၀၁၉ ပညာသင်နှစ်တွင် သျှမ်းပြည်နယ်အတွင်းအခြေခံကျောင်းပေါင်း ၆၂၃၆ ကျောင်းဖွင့်လှစ် ပညာသင်ကြားပေး လျှက်ရှိပြီး ၊ ဆရာ/ဆရာမ ဦးရေ ၃၈၀၅၁ ဦးတို့ မှ ကျောင်းသား/သူပေါင်း ၈၄၈၁၉၃ ဦးတို့အားသင်ကြား ပို့ချပေးလျှက်ရှိကြောင်း နှင့် ကျောင်းအဆင့်တိုးမြှင့် မှုအနေဖြင့် စာသင်ကျောင်းပေါင်း ၅၈၇ ကျောင်း တိုးမြှင့် ဖွင့်လှစ်နိုင်ခဲ့ကြောင်း ။

ကျန်းမာရေးကဏ္ဍအနေဖြင့် ဆေးရုံ ၁၆၄ ရုံ ၊ တိုင်းရင်းဆေးရုံ ၃ ရုံ ၊ တိုင်းရင်းဆေးကု ဌာန ၄ ခုတွင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ငွေကျပ် ၁၃၅၆.၆၅၁ သန်းနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ငွေကျပ် ၄၈၀၆ သန်း ဆေးဝါးများဝယ်ယူကာပြည်သူ လူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေး လျှက်ရှိကြောင်း ပြောဆိုသွားပါသည်။

သျှမ်းပြည်နယ် အစိုးရအဖွဲ့၏ပြည်သူ့အတွက် တတိယနှစ် (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများ နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ကို ဇွန်လ (၁၄) ရက်နေ့က သျှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြို့ ၊ မြို့တော်ခန်းမတွင်ကျင်းပခဲ့သည် ။

ဇွန်လ ၁၄ ရက်က ကျင်းပသော အဆိုပါသတင်းစာရှင်းလင်းပွဲတွင်သတင်းဌာနပေါင်း ၂၀ ခန့်မှ သတင်းထောက်များတက်ရောက်ခဲ့ကြပါသည်။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE