မှတ်ပုံတင်ပြုလုပ်ရာတွင် သတ်မှတ်ရက်ထက်ကျော်လွန်နေလျှင် (သို့) ငွေကြေးပို တောင်းခံမှုများရှိနေလျှင် တိုင်ကြားနိုင်သည်ဟုဆို

သျှမ်းပြည်နယ် အစိုးရအဖွဲ့၏ပြည်သူ့အတွက် တတိယနှစ် (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများ နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ဇွန်လ (၁၄) ရက်နေ့က တောင်ကြီးမြို့ ၊ မြို့တော်ခန်းမတွင်ကျင်းခဲ့ပြီး သတင်းမီဒီ ယာတစ်ခုလျှင် သိလိုသည့်မေးခွန်း (၃)ခုသာမေးမြန်းခွင့်ပြုခဲ့သည် ။

Photo by SHAN- သျှမ်းပြည်နယ် လ.၀.က ဦးစီးမှူး ဦးဝင်းလွင်

လ.၀.က တွင်မှတ်ပုံတင်ပြုလုပ်ရာ ၌ အချိန်ကြန့်ကြာခြင်းများ ၊ငွေကြေး ပိုကောက်ခံ ခြင်းများ နှင့် ကျောင်းသားကဒ် ပါမှ မှတ်ပုံတင် ရရှိနိုင်မည်ဟု စသည့် အခက်အခဲများ အား တောင်ကြီး ခရိုင်အတွင်းရှိဒေသခံတိုင်းရင်းသားများက ကမီဒီယာသို့တင်ပြ လာမှုအပေါ် သျှမ်းသံတော်ဆင့်မှ လ.၀.က ဌာနသို့မေးမြန်းရာ –

မကြာသေးခင်က လားရှိုး လ.၀.က ကို အဂတိလိုက်စားမှုကော်မရှင် ကနေအရေး ယူခဲ့ တဲ့ဖြစ်စဉ်မျိုးရှိခဲ့ပါတယ် ။ မီဒီယာများအနေနဲ့ အခုလိုကျနော်တို့အားနည်း ချက်ကို ထောက်ပြပေးတာ ကြိုဆိုပါတယ် ။ တိုင်စရာ ရှိရင်လဲ ကျနော်တို့ဆီတိုင်လို့ရပါတယ် ။ နေ့စဉ်နဲ့ အမျှလဲ ကျနော်တို့က တိုင်တောခံနေရတဲ့ အနေအထားမျိုးပါ ” ဟု လ.၀.က မှ သျှမ်းပြည်နယ် ဦးစီးမှူး ဦးဝင်းလွင်ကပြောသည် ။

လ.၀.ကသို့ လာရောက်မှတ်ပုံတင်ပြုလုပ်ရာတွင် တိုင်းရင်းသားအများစုမှာ ရုံးသို့ကိုယ် တိုင် လာရန်ကြောက်ကြပြီး၊ ဘာသာစကားအခက်အခဲ များကိုအခွင့်ကောင်းယူသော ပွဲစားများဖြင့် ဆောင်ရွက် သောကြောင့် ငွေကြေးအကုန်ကျများခြင်းသာဖြစ်ကြောင်း ၊ နိုင်ငံသား ဖြစ်ကြောင်းတိုင်းရင်းသားဖြစ်ကြောင်းနှင့် လိုအပ်သည့် သက်သေအ ထောက်အထား ခိုင်လုံ ရက်နှင့် (၄၈) ရက်အတွင်း အချိန်မှီ မဆောင်ရွက်ပေးပါက ဌာနမှ ဥပဒေအရ အရေးယူ ခံရနိုင်ကြောင်း၊ အချက်အလက်ခိုင်လှုံရက်နှင့် မှတ်ပုံတင် ထုတ်မပေးပါက ၄င်းထံသို့တိုင်ကြားနိုင်ကြောင်း ဦးဝင်းလွင်က ဆက်လက်ရှင်းပြသည် ။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE