Tuesday, January 27, 2026

PPST အစည်းအဝေးကို သြဂုတ်လ လယ်ခန့်တွင်ကျင်းပမည်ဟု RCSS ပြော

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့စည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST အစည်းအဝေးအား သြဂုတ်လ ၂၁ ရက်သို့ပြောင်းရွှေ့သွားသည်ဟုသိရသည်။

Photo NCA’S EAO- ယခုနှစ်မေလက ချင်းမိုင်မြို့တွင်ကျင်းပသော PPST အစည်းအဝေး

RCSS အတွင်းရေးမှူး ၂ လည်းဖြစ်ပြောရေးဆိုခွင့်လည်းဖြစ်သည့် ဗိုလ်မှူးကြီးစိုင်းငင်းက – PPST အစည်းအဝေးပေါ့။ တစ်ဆို့နေတဲ့ငြိမ်းချမ်းရေးအကြောင်း ၊ ၂၁ ရာစု ပင်လုံညီလာခံ ဒီ ၂၀၁၉ ထဲမှာ ကျင်းပ မလား ၊ ကျင်းပရင်အဆင်ပြေမလား ဆိုတာကို ဆွေးနွေးမှာဖြစ်မယ်။ လူစုံအောင်စောင့်ရတာကြောင့်အစည်းအဝေးရက်နောက်ကျသွားတာပါ – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

PPST အစည်းအဝေးအား သြဂုတ်လ ၅ ရက်နေ့တွင်ကျင်းပရန်လျာထားသော်လည်း သြဂုတ်လ ၂၁ မှ ၂၄ ရက်နေ့အထိ ပြောင်းရွှေ့ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

ထိုသို့ အစည်းအဝေးရက်ပြောင်းခြင်းနှင့်ပတ်သက်ပြီး 7 Day သတင်းဌာနက – KNU လည်း တက်ရောက်မည်ဖြစ်သဖြင့် ရက်အနည်းငယ်ရွှေ့ပေးရန် တောင်းဆိုလာသောကြောင့် ဖြစ်ကြောင်း ဖော်ပြထားသည်။

အပစ်ရပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ (RCSS/SSA , PNLO, CNF, ABSDF, KNU, DKBA, KNLA-PC, ALP ) စုပေါင်းကာ ၂၀၁၆ ခုနှစ်က PPST ကိုဖွဲ့စည်းလိုက်ပြီးလက်ရှိ PPST အစည်းအဝေးများတွင် NCA အကောင်အထည်ဖော်ဖက်များ ဖြစ်သည့် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) မှ ခေါင်းဆောင်များ ပါတက်ရောက်ဆွေးနွေးကြမည်ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

PPST နိုင်ငံရေးလမ်းပြမြေပုံ နိုင်ငံရေးအင်အားစု နှင့် အရပ်ဘက် အဖွဲ့အစည်းများ ချပြဆွေးနွေးသွားမည်

0
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)၏ နိုင်ငံရေးလမ်းပြမြေပုံကို နိုင်ငံရေးအင်အားစုနှင့် အရပ်ဘက် အဖွဲ့အစည်း တွေ့ဆုံပြီး ဆွေးနွေးသွားမည်ဖြစ်ကြောင်း PPST က ပြောဆိုလိုက်သည်။ အဆိုပါ ပြောဆိုမှုသည် ယနေ့ ဧပြီ (၄)ရက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့မှ အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် PPST ၏...

NCA အဖွဲ့ တချို့ နှင့် တပ်မတော်ကြားပစ်ခတ်မှု ကို NCA အတိုင်း ညှိနှိုင်းအဖြေရှာသွားမည်

0
NCA လက်မှတ်ထိုးထားသည့် အဖွဲ့တချို့ နှင့် တပ်မတော် ကြား ထိတွေ့ ပစ်ခတ်မှု ရှိသော်လည်း NCA အတိုင်း ညှိနှိုင်း အဖြေရှာ သွားမည် ဟု PPST ယာယီ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောသည်။   ယနေ့ ၉ ကြိမ်မြောက်...

တောင်ကြီး – နေပြည်တော်ခရီးစဉ် ဗိုလ်ချုပ်ကြီးယွက်စစ်ဖျက်သိမ်း နိုင်ငံတော်အဆင့်အစည်းအဝေးအချို့လည်းပျက်  

0
တောင်ကြီး - နေပြည်တော် ခရီးစဉ်အား လျာထားသည့်အတိုင်း ဖြစ်မလာသည့်အတွက် ဗိုလ်ချုပ်ကြီး ယွက်စစ်က ဖျက်သိမ်းလိုက်သည့်အပေါ် နိုင်ငံတော်အဆင့်ကျင်းပမည့်  JICM  အစည်းအဝေး၊ လက်နက်ကိုင်တိုင်းရင်းသားတို့၏ PPST အစည်းအဝေးအားလည်း ကျင်းပနိုင်တော့မည်မဟုတ်သိရသည်။ တောင်ကြီး - နေပြည်တော် ခရီးစဉ်အား သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်...