Tuesday, January 27, 2026

တောင်ကြီး – နေပြည်တော်ခရီးစဉ် ဗိုလ်ချုပ်ကြီးယွက်စစ်ဖျက်သိမ်း နိုင်ငံတော်အဆင့်အစည်းအဝေးအချို့လည်းပျက်  

တောင်ကြီး – နေပြည်တော် ခရီးစဉ်အား လျာထားသည့်အတိုင်း ဖြစ်မလာသည့်အတွက် ဗိုလ်ချုပ်ကြီး ယွက်စစ်က ဖျက်သိမ်းလိုက်သည့်အပေါ် နိုင်ငံတော်အဆင့်ကျင်းပမည့်  JICM  အစည်းအဝေး၊ လက်နက်ကိုင်တိုင်းရင်းသားတို့၏ PPST အစည်းအဝေးအားလည်း ကျင်းပနိုင်တော့မည်မဟုတ်သိရသည်။

Photo by SHAN-RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်

တောင်ကြီး – နေပြည်တော် ခရီးစဉ်အား သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ် ဖျက်သိမ်းလိုက်သည့်အတွက် အောက်တိုဘာ ၂၆-၂၇ ရက်နေ့ အပစ်ရပ်လက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်များ၏ PPST အစည်းအဝေးလည်းဖျ က်သိမ်းလိုက်သည့် အပြင် အောက်တိုဘာ ၂၉ ရက်နေ့ ကျင်းပမည့် နိုင်ငံတော်အဆင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် ပူးတွဲအကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းရေးအစည်းအဝေး (Joint Implementation Coordination Meeting ) JICM အစည်းအဝေး အားလည်း ကျင်းပတော့မည်မဟုတ်ကြောင်း သိရှိရသည်။

“အရင်ကဆိုရင် တာချီလိတ်ကနေအမြဲတမ်းသွားနေကျလေ။ ဒီတခေါက်က လက်ဆောင်တွေဘာတွေ ပေးဖို့ ယူသွားရမယ့် ပစ္စည်းပစ္စယတွေကလည်းများတော့ လွယ်တိုင်းလျဲန်းက နေ ဟိုမိန်း – လင်းခေး – တောင်ကြီး လမ်းဘက်သွားဖို့ စီစဉ်တာ နိုင်ငံတော်က လာပါလို့ ပြောပေမယ့် ရလခတိုင်း (အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က) ခွင့်မပြုဘူး၊ ဒီအကြောင်းကို ဌာနချုပ်မှာ သတင်းစာရှင်းလင်းပွဲ လုပ်မယ်။ ဒီရက်ပိုင်းအတွင်း ” – ဟု RCSS အရာရှိကြီးတဦးက ပြောသည်။

၂၀၁၉ ခု အောက်တိုဘာလ ၂၈ ရက်နေ့ တွင် ၄ နှစ်မြောက် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး အခမ်းအနား ကျင်းပမည်ဖြစ်သော်လည်း သျှမ်းပြည်တပ်မတော် RCSS/SSA အနေဖြင် ့တက် ရောက် တော့မည်မဟုတ်ဟုလည်း သိရှိရသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ် သည် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ ခေါင်းဆောင်များပါ၀င်ဖွဲ့စည်းထားသည် PPST (Peace Process Steering Team – ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ) ၏ ယာယီဥက္ကဌ တာဝန်ယူထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

PPST နိုင်ငံရေးလမ်းပြမြေပုံ နိုင်ငံရေးအင်အားစု နှင့် အရပ်ဘက် အဖွဲ့အစည်းများ ချပြဆွေးနွေးသွားမည်

0
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)၏ နိုင်ငံရေးလမ်းပြမြေပုံကို နိုင်ငံရေးအင်အားစုနှင့် အရပ်ဘက် အဖွဲ့အစည်း တွေ့ဆုံပြီး ဆွေးနွေးသွားမည်ဖြစ်ကြောင်း PPST က ပြောဆိုလိုက်သည်။ အဆိုပါ ပြောဆိုမှုသည် ယနေ့ ဧပြီ (၄)ရက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့မှ အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် PPST ၏...

တန်းတူရေး၊ ညီညွတ်ရေး အတွက် ဖြေရှင်းချက် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

0
အမျိုးသားတန်းတူရေး၊ အမျိုးသားညီညွတ်ရေး အတွက် ဖြေရှင်းချက်သည် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်ကြောင်း နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်သည်။ ယနေ့ မနက်ပိုင်း နေပြည်တော်တွင် ကျင်းပသည့် ၉ ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး...

NCA အဖွဲ့ တချို့ နှင့် တပ်မတော်ကြားပစ်ခတ်မှု ကို NCA အတိုင်း ညှိနှိုင်းအဖြေရှာသွားမည်

0
NCA လက်မှတ်ထိုးထားသည့် အဖွဲ့တချို့ နှင့် တပ်မတော် ကြား ထိတွေ့ ပစ်ခတ်မှု ရှိသော်လည်း NCA အတိုင်း ညှိနှိုင်း အဖြေရှာ သွားမည် ဟု PPST ယာယီ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောသည်။   ယနေ့ ၉ ကြိမ်မြောက်...

JICM ကို ထောင့်စေ့အောင် ပြင်ဆင်ရန် လိုအပ် ဟု ဗိုလ်ချုပ်ကြီး ယွက်စစ် ပြောဆို

0
မနက်ဖန်တွင် ကျင်းပမည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းရေး အစည်းအဝေး (JICM) ကို ထောင့်စေ့အောင် ပြင်ဆင်ရန် လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောဆိုလိုသည်။ အဆိုပါ ပြောဆိုမှုသည် ယနေ့ နေပြည်တော်ရှိ Horizon Lake...

PPST အစည်းအဝေးကို သြဂုတ်လ လယ်ခန့်တွင်ကျင်းပမည်ဟု RCSS ပြော

0
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့စည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST အစည်းအဝေးအား သြဂုတ်လ ၂၁ ရက်သို့ပြောင်းရွှေ့သွားသည်ဟုသိရသည်။ RCSS အတွင်းရေးမှူး ၂ လည်းဖြစ်ပြောရေးဆိုခွင့်လည်းဖြစ်သည့် ဗိုလ်မှူးကြီးစိုင်းငင်းက - PPST အစည်းအဝေးပေါ့။ တစ်ဆို့နေတဲ့ငြိမ်းချမ်းရေးအကြောင်း ၊ ၂၁ ရာစု ပင်လုံညီလာခံ...