Wednesday, January 28, 2026

JICM ကို ထောင့်စေ့အောင် ပြင်ဆင်ရန် လိုအပ် ဟု ဗိုလ်ချုပ်ကြီး ယွက်စစ် ပြောဆို

မနက်ဖန်တွင် ကျင်းပမည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းရေး အစည်းအဝေး (JICM) ကို ထောင့်စေ့အောင် ပြင်ဆင်ရန် လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောဆိုလိုသည်။

Photo by NCA-S-EAO

အဆိုပါ ပြောဆိုမှုသည် ယနေ့ နေပြည်တော်ရှိ Horizon Lake View Hotel တွင် ပြုလုပ်သည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ( PPST) အစည်းအဝေးတွင် ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ မနက်ဖန်မှ ကျင်းပပြုလုပ်မယ့် JICM အစည်းအဝေးအတွက် မိမိတို့ ဖက်ကနေ ထောင့်စေ့အောင် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ လက်ရှိ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စစ်ရေး၊ အခြေအနေ အရ JICM အစည်းအဝေးရဲ့ ရလဒ် ကိုတိုင်းရင်းသား ပြည်သူက စိတ်ဝင်တစား စောင်မျှော် နားစွင့်နေပါတယ်” ဟု ဗိုလ်ချုပ်ကြီး ယွက်စစ် က ဆိုသည်။

ထို့ကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေး အတွက် ကောင်းမွန်သည့် ရလဒ် ရှိအောင် ကြိုးပမ်းဆွေးနွေးကြရန်လည်း PPST ယာယီ အဖွဲ့ခေါင်းဆောင် က တိုက်တွန်းလိုက်သည်။

JICM အစည်းအဝေးသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင့်ဆင့် တရားဝင်ပြန်လည် စတင် နိုင်ရန် အရေး ပါသည့် အစည်းအဝေး ဖြစ်သည့် အတွက် နှစ်ဖက် လက်ခံ နိုင်သည့် ဆုံးဖြတ်ချက် များ၊ လုပ်ငန်းစဉ်များ ချမှတ်နိုင်ရန် အတွက် မိမိတို့ ဘက်မှ တာဝန်ရှိကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းကြောင့် NCA အကောင်အထည် မဖော်နိုင်ခဲ့ဟု RCSS ပြော

0
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ရည်မှန်းထားသည့်အတိုင်း မဆောင်ရွက်နိုင်ခဲ့ခြင်းသည် နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းကြောင့် RCSS က ပြောဆိုလိုက်သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားတစ်ပိုင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား လက်မှတ်ရေးထိုးခဲ့သည့်...

NCA (၁၀)နှစ်ပြည့်ပွဲ ကျင်းပနေစဉ် စစ်တပ်က သီပေါမြို့နယ်ကို လေကြောင်းဗုံးကြဲ ဖိအားပေးတိုက်နေ

0
စစ်ကော်မရှင်တပ်သည် နေပြည်တော်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား ကျင်းပနေချိန် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့နယ်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းအတွက် အရေးပါသော သီပေါမြို့ကို စစ်ကော်မရှင်တပ်က...

တိုင်းရင်းသားများ ဖြစ်နိုင်တာကိုပဲ ပြောကြရန် NCA ၁၀ နှစ်ပြည့်ပွဲမှာ စစ်ခေါင်းဆောင်ပြော

0
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို နေပြည်တော်တွင် ကျင်းပနေသည်။ ယနေ့ (အောက်တိုဘာလ ၁၅ ရက်) တွင် ကျရောက်သည့် NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို နေပြည်တော်ရှိ MICC-1 တွင်...

စစ်ကော်မရှင် NSPNC နှင့် အပစ်ရပ် ၇ ဖွဲ့တို့ NCA ၁၀ နှစ်ပြည့်ပွဲအတွက် နေပြည်တော်၌ ဆွေးနွေးနေ

0
NCA စာချုပ် လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနား ပူးတွဲကျင်းပရေးအတွက် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့တို့၏ 7 EAO Alliance မဟာမိတ်အဖွဲ့နှင့် စစ်ကော်မရှင်၏ NSPNC တို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂၂ ရက်) နံနက်ပိုင်းမှ...

NCA ၁၀ နှစ်ပြည့်အခမ်းအနား ပူးတွဲကျင်းပရေး 7 EAO Alliance ဆွေးနွေး၊ လာမည့်ရွေးကောက်ပွဲ ကြားနေမည်ဟုဆို

0
အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့တို့၏ 7 EAO Alliance မဟာမိတ်အဖွဲ့မှ NCA စာချုပ် လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနား ပူးတွဲကျင်းပရေး ဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။ လာမည့် အောက်တိုဘာလ (၁၅) ရက်တွင် ကျရောက်မည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA...