Wednesday, January 28, 2026

တန်းတူရေး၊ ညီညွတ်ရေး အတွက် ဖြေရှင်းချက် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

အမျိုးသားတန်းတူရေး၊ အမျိုးသားညီညွတ်ရေး အတွက် ဖြေရှင်းချက်သည် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်ကြောင်း နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်သည်။

ယနေ့ မနက်ပိုင်း နေပြည်တော်တွင် ကျင်းပသည့် ၉ ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ( JICM) အဖွင့်မိန့်ခွန်းတွင် ပြောဆိုသွားသည်။

“လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရခြင်းရဲ့ အရင်းအမြစ်ဖြစ်တဲ့ အမျိုးသား တန်းတူရေး အမျိုးသား ညီညွတ်ရေးအတွက် ဖြေရှင်းချက်ဟာ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးပဲ ဖြစ်ပါတယ် ဆိုတာကို အားလုံးက တစ်ညီတစ်ညွှတ်တည်း လက်ခံ ကြပြီးဖြစ်ပါတယ်” JICM အဖွင့်မိန့်ခွန်းတွင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။

Photo by NCA-s-EAO

JICM အစည်းအဝေးသို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် (၁၀) ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။

ဒီမိုကရေစီ အသွင်ကူးပြောင်းသည့် ကာလမှာ ဘယ်လို လုပ်ငန်းစဉ်မျိုး နှင့် ကူးပြောင်းမည်ကို ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို ဘယ်လို အဆင့်မျိုးနှင့် တည်ဆောက် ကြမည်ကို အချင်းချင်းကြား သဘောထား အမျိုးမျိုး ရှိနိုင်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ကပြောဆိုလိုက်သည်။

“မတူကွဲပြားတဲ့ သဘောထားအမြင်တွေကို တစ်ထပ်တည်းကျအောင် တစ်ခုတည်းဖြစ်အောင် အသင်းအကြပ်ဖိအားပေးမှုတွေ ဖြေရှင်းလို့ မရနိုင်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ EAO များ ပိုမိုပါဝင်လာရေး စသည့် အကြောင်းအရာများကို နှစ်ဖက် ညှိနှိုင်းရေး အဖွဲ့မှ ၈ လ နီးပါး အချိန်ယူပြီး တရားဝင် ညှိနှိုင်းရေး အစည်းအဝေး ၈ ကြိမ် တိုင်တိုင် အပြန်အလှန်ညှိနှိုင်းဆွေးနွေးရာမှာ ထိုက်သင့်သည့် ရလဒ်ကောင်းများ ရရှိခဲ့ကြောင်း JICM အစည်းအဝေးမှာ တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ် ဘက်မှ (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ကပြောသည်။

သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ သည် သြဂုတ် (၁၂) ရက်နေ့တွင် အလွတ်သဘောတွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေး နှင့် ငြိမ်းချမ်းရေး အတွက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ( NRPC) မှာ အလွတ်သဘောတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က သတင်းမီဒီယာများကို ယမန်နေ့တွင် ဖြေကြားခဲ့သည်။

“အဓိက အားဖြင့် ဆွေးနွေးတာက ဒေသဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးပေါ့။ ဒီကိစ္စတွေကတော့ အဓိကပါပဲ။ လူကြီးတွေ တွေ့တဲ့ချိန်မှာ ပုံမှန်အစည်းအဝေးခန်းထဲ တွေ့တာထက်စာရင် အလွတ်ပေါ့။ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး တွေ့တယ်။ သူတို့ပြော နိုင်တယ်ဆိုရင် နှစ်ယောက် ပိုပြီးတော့လည်း နားလည်မှု တည်ဆောက်နိုင်မယ်။ ယုံကြည်မှုလည်း ပိုခိုင်မာလာတယ်။ အထူးသဖြင့် အဲ့ဒီကိစ္စတွေပဲ ပြောကြတာပါ။” ဟု ဦးဇော်ဌေး ကပြောသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် ( RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် ဗိုလ်မှူးကြီး စိုင်းငင်း တို့ တက်ရောက်ခဲ့ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဗိုလ်ချုပ်မွေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်ဆိုတဲ့သတင်းမှား

0
စစ်ကောင်စီက ဒီကနေ့ဖေဖော်ဝါရီ၊ ၁၃ရက်မှာ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မွေးနေ့ကို ဂုဏ်ပြုတာကြောင့်ရယ်၊ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းတဲ့အခါ အထောက်အပံ့ဖြစ်စေဖို့အတွက်ရော၊ တနိုင်ငံလုံးလက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းနိုင်ဖို့ပါရည်ရွယ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ကျခံရန်ကျန်ရှိတဲ့ ပြစ်ဒဏ်အားလုံးကနေ လွှတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်ဆိုတဲ့သတင်းတခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေပါတယ်။ အဲ့ဒီပျံ့နှံ့လာတဲ့သတင်းကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့နဲ့ Shan News Fact...

ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ရှိစေရန် စစ်ကောင်စီ ရည်ရွယ်ဖန်တီးနေဟု NLD ထုတ်ပြန်

0
ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ရှိစေရန် စစ်ကောင်စီက ရည်ရွယ်ဖန်တီးနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ) က ယနေ့ (စက်တင်ဘာ ၁၄) ရက် ရက်စွဲဖြင့် ထုတ်ပြန်ပြောဆိုလိုက်သည်။ . ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဥပဒေမဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခြင်းသည် ၎င်းတို့ ဆက်လက်ရပ်တည်နိုင်ရေးအတွက် ကြားခံ တစ်ဦးအဖြစ် ပြန်ပေးဆွဲထားသလို လျှို့ဝှက်ထားသော...

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ကို အမှုအချို့ လွတ်ငြိမ်းချမ်းသာခွင့်ပြု

0
စစ်ကောင်စီ မှ ယနေ့ ( သြဂုတ် ၁) ရက် ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့မှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပါအဝင် ဒေါ်အောင်ဆန်းစုကြည် တို့ကို အမှု အချို့ လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့ကြောင်း စစ်ကောင်စီ လက်အောက်ခံ သတင်း နှင့် ပြန်ကြားရေးက ထုတ်ပြန်သည်။ . ၂၀၂၁...

ကျပ်နှစ်သောင်းတန် ငွေစက္ကူ၊ ဒေါ်အောင်ဆန်းစုကြည် ကတ်နှင့် စစ်အုပ်စု၏ အလှုပ်အခတ်

0
နိဒါန်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့၏ တွေ့ဆုံခြင်း ဆိုင်ရာ တဖက်သက်သတင်းစကားများမှ အစပြုကာ ၂၀၂၃ ခုနှစ် ဇူလိုင်လ၏ နောက်ဆုံးရက်သတ္တပတ် အတွင်း ကျပ်နှစ်သောင်းတန် ငွေစက္ကူများ ထုတ်ဖြန့်မည့်ကိစ္စ၊ တရားမဲ့ ဖမ်းဆီးခံထားရသူ ဒေါ်အောင်ဆန်းစုကြည်အား နေရာပြောင်းရွှေ့မည်ဆိုသည့် သတင်းနှင့် အာဏာသိမ်းစစ်အုပ်စုတွင်း ဆောက်တည်ရာမရ ဖြစ်နေသည့်...

ဒေါ်အောင်ဆန်းစုကြည် နှင့် ထိုင်း နိုင်ငံခြားရေးဝန်ကြီးတို့ တနာရီခွဲဝန်းကျင် တွေ့ဟု စစ်ကောင်စီ ထုတ်ပြန်

0
ထိုင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Don Pramudwinai တို့သည် ဇူလိုင် ၉ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် တနာရီခွဲနီးပါး တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီ သတင်းပြန်ကြားရေး ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောဆိုလိုက်သည်။ “ထိုင်းနိုင်ငံ ရဲ့ ဒု - ဝန်ကြီးချုပ်...