Tuesday, February 3, 2026

CATEGORY

နိုင်ငံရေး

PNO အထူးဒေသ (၆) အတွင်း လိုင်စင်မဲ့ ကားများ ဖမ်းဆီးမည်ဟု ထုတ်ပြန်လာ

ပအိုဝ်း ပြည်သူ့စစ် (PNO ) အထူးဒေသ (၆) အဖြစ်သတ်မှတ်ထားသည့် သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် ဟိုပုံးမြို့နယ် အတွင်းသို့ ဖြတ်သန်းသွားလာမည့် လိုင်စင်မဲ့ ကားများကို ဖမ်းဆီးမည်ဟု PNO က ထုတ်ပြန်ကြေညာခဲ့သည်။ ထိုထုတ်ပြန်ချက်သည် မတ် ၄ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး လိုင်စင်မဲ့ ကားနှင့်...

မုံးစီးတွင် သေနတ်ပစ်ခံရပြီး သေဆုံးသူများကို ယနေ့ အသုဘချမည်၊ ဒဏ်ရာရသူများအတွက် MNDAA မှ ဆေးကုသစရိတ် ကျခံမည်ဟုဆို

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မုံးစီးဒေသတွင် MNDAA ၏ ရွှေတူးဖော်မှုကို သွားရောက်ကန့်ကွက်စဉ် သေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သူ (၆) ဦးကို ယနေ့ အသုဘချမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ မတ်လ ၅ ရက်နေ့တွင် ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအုပ်စု ပိန်းခမ်ရွာရှိ ရေထွက်နေရာ၌ ရွှေတူးဖော်နေသည့် တရုတ်လူမျိုးများနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA...

နောင်ချို စစ်ရှောင်များ ဝမ်းရေးအတွက် ကြံခုတ်သည့် နေ့စားအလုပ် ရပ်နားထားရ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် နေထိုင်သည့် စစ်ရှောင်များသည် ဝမ်းရေးအတွက် ကြံခုတ်ပြီး ဝမ်းရေးဖြေရှင်းနေရပြီး လက်ရှိတွင် စစ်ကောင်စီနှင့် TNLA ပူပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်မှုကြောင့် ရပ်နားထားရကြောင်း သတင်းရရှိသည်။ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်း ၂၀၂၄ ခုနစ် ဇူလိုင်လတွင် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA )နှင့်...

စံကားဒေသတွင် PNO မှ ဆက်ကြေး ထပ်မံကောက်ခံနေ

သျှမ်းပြည် ‌ညောင်ရွှေမြို့နယ် စံကားဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO)မှ ဒေသခံများထံ ဆက်ကြေးအခွန်များ ထပ်မံကောက်ခံ နေကြောင်း စုံစမ်းသိရသည်။ ယခုနှစ် ၂၀၂၅ မတ်လမှ စတင်ပြီး စံကားဒေသရှိ ပြည်သူများထံ ကားရှိသော အိမ်များကို စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO)က ဆက်ကြေး အခွန်များ ထပ်မံကောက်ခံနေကြောင်း အသက်...

ညောင်ရွှေရောက် စစ်ဘေးရှောင်များကို ရိက္ခာဖြတ်တောက်ထားပြီး အတင်းအဓမ္မ နေရပ်ပြန်ခိုင်း

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံတွင်နေထိုင်သည့် စစ်ဘေးရှောင်များ၏ စားနပ်ရိက္ခာများကို ဖြတ်တောက်လိုက်ပြီး အတင်းအဓမ္မ နေရပ်ပြန်ခိုင်းနေသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် တွင် လာရောက်စစ်ရှောင်နေကြသူများကို ယခု မတ်လ အတွင်း နေရပ်ပြန်ကြရန် သက်ဆိုင်ရာအာဏာပိုင်များမှ အတင်းဖိအားပေး လက်မှတ်ထိုးခိုင်းကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။ အချို့သော စစ်ရှောင်များမှာ နေရပ်ပြန်သွားကြသော်လည်း...

MNDAA ထိန်းချုပ်ဒေသရှိ ကုန်စုံဆိုင်နှင့် ဆိုင်ခန်းများကို အခွန် အဆမတန်ကောက်ခံမည်

သျှမ်းပြည် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသော ဒေသရှိ ကုန်စုံဆိုင်နှင့် ဆိုင်ခန်းအမျိုးမျိုးကို အခွန်အခ စတင်ကောက်ခံသွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့အတွင်းရှိ ကုန်စုံဆိုင်အမျိုးမျိုး၊ ဟိုတယ်(Hotel) နှင့် KTV စသည့် ဆိုင်ခန်းနှင့် လုပ်ငန်းအမျိုးမျိုးကို...

တောင်ကြီးတွင် ပြည်သူ့စစ်မှုထမ်းအကြောင်းပြ အဓမ္မငွေညှစ်တောင်းယူနေ

သျှမ်းပြည် တောင်ကြီးမြို့တွင် ပြည်သူ့စစ်မှုထမ်းအကြောင်းပြကာ စစ်တပ်၊ ရဲ ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးမများက ပြည်သူများကို ခြိမ်းခြောက်ငွေညှစ်တောင်းယူမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၂၀ ရက်မှစတင်ကာ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၉) ကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီး၌ ဖွင့်လှစ်ပြီးနောက် ယင်းကဲ့သို့ ငွေညှစ်တောင်းခံမှုများ...

ဖယ်ခုံ စစ်ရှောင်ကူညီပေးသည့် သျှမ်းဘုန်းကြီး တစ်ပါးနှင့် အမျိုးသားတစ်ဉီး သေနတ်ပစ်သတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် လွယ်ပေါရွာသို့ စစ်ဘေးရှောင်လာရင်း စစ်ဘေးရှောင်များကိုပါ ကူညီပေးနေသည့် သျှမ်းဘုန်းကြီးတစ်ပါး နှင့် အမျိုးသားတစ်ဉီး သေနတ်ပစ်သတ်ခံရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ( မတ် ၄ရက် ) ညနေ ၄နာရီဝန်းကျင်တွင် ဖယ်ခုံမြို့နယ် လွယ်ပေါကျေးရွာသို့ စစ်ဘေးရှောင်လာရင်း စစ်ဘေးရှောင် အရေးကို ကူညီပေးနေသည့် သျှမ်းဘုန်းကြီး...

ဒီးမော့ဆို စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

ကရင်နီ (ကယားပြည်) ဒီးမော့ဆိုမြို့ ချယ်ရီကုန်း အနီးရှိ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ကာ စစ်ရှောင်အမျိုးသမီး တစ်ဉီး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၄ ) နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ဒီးမော့ဆိုအနောက်ခြမ်းရှိ KTV နှင့် ချယ်ရီကုန်း စျေးအနီးတွင်...

မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံရန် စစ်ခေါင်းဆောင်က ရှရုားကိုဖိတ်ခေါ်

အာရှနိုင်ငံ ၁၀ ခုစာရင်းတွင် မြန်မာနိုင်ငံသည် ဒုတိယနေရာမှ အဆင်းရဲဆုံးနိုင်ငံအဖြစ် ရောက်ရှိနေချိန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံသို့ ရှရုားနိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုများ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့သည်။ ယမန့်နေ့ (မတ်လ ၄ ရက်) မွန်းလွဲပိုင်းတွင် ရှရုားနိုင်ငံအစိုးရအဖွဲ့ဝန်ကြီးချုပ် H.E. Mikhail Vladimirovich Mishustim နှင့်အဖွဲ့ကို...

Latest news