Tuesday, February 3, 2026

CATEGORY

နိုင်ငံရေး

စည်ပင်ဘတ်ဂျက် လုံလောက်မှု မရှိသဖြင့် ဆီဆိုင်မြို့ ရေလုံလောက်စွာ မရရှိ

သျှမ်းပြည် ဆီဆိုင်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာရေးဌာနမှ ဘတ်ဂျက်မလုံလောက်မှုနှင့် လျှပ်စစ်မီး မရရှိခြင်းတို့ကြောင့် ဒေသခံများ ရေလုံလောက်စွာ မရကြောင်း သတင်းရရှိသည်။ ဆီဆိုင်မြို့နယ်တွင် လျှပ်စစ်မီးကို လုံလောက်စွာ မရရှိသည့်အပြင် မြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာရေးဌာနမှ ဘတ်ဂျက် မလုံလောက်မှုများကြောင့် ရေသွယ်တန်းခြင်း၊ သယ်ယူပို့ဆောင်ပေးခြင်းနှင့် ရေတင်ရန် အခက်အခဲများ ဖြစ်နေပြီး...

ပထမဆုံးအကြိမ် ထနော့အမျိုးသားနေ့ အခမ်းအနားကို ကလောမြို့နယ်တွင် ကျင်းပပြုလုပ်

သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် ငုတ်ကျေးရွာအုပ်စု တောင်ပို့လှ ကျေးရွာတွင် ထနော့အမျိုးသားနေ့ အခမ်းအနားကို ပထမဆုံးအကြိမ် ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း စုံစမ်းသိရသည်။ ထနော့လူမျိုး အများဆုံးနေထိုင်ကြသည့် ဒေသတစ်ခုဖြစ်သော ကလောမြို့နယ် ငုတ်ကျေးရွာအုပ်စု၊ တောင်ပို့လှကျေးရွာတွင် ပြီးခဲ့သည့် (မတ်လ ၈ ရက်)တွင် ထနော့အမျိုးသားနေ့ အခမ်းအနားကို ပထမဆုံးအကြိမ် ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း ဒေသခံ...

ဒလန် ဟု စွတ်စွဲ သျှမ်းဘုန်းကြီးနှင့် ဒကာ ကို သတ်ဖြတ်ခဲ့သည့် ပျားစစ်ကြောင်း လူထုထောက်ခံမှုမရှိရင် လက်နက်ဖြုတ်ပေးမည်ဟုပြောဆို

သျှမ်းပြည်တောင်ပိုင်း၊ဖယ်ခုံမြို့နယ် အုံတိုင်း ကျေးရွာရှိ သျှမ်းဘုန်းကြီး ကျောင်းထိုင်ဆရာတော် ဦးဓမ္မသာရ နှင့် ၎င်း၏ ဒကာဖြစ်သူ ဦးအိုက်ပီးတို့ကို  ပျားစစ်ကြောင်းမှ ဒလန်ဟု စွတ်စွဲကာ သတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။ သျှမ်းဘုန်းကြီး ဦးဓမ္မသာရ နှင့် ဦးအိုက်ပီးတိုသည် စစ်ကောင်စီထောက်တိုင် ဒလန်များဖြစ်ကြကြောင်း ဖယ်ခုံပြည်သူများက ပျားစစ်ကြောင်းကို သတင်းပေးခြင်းကြောင့် စစ်ဆေးရာ ရဲဘော်...

လွိုင်လင်တိုးဂိတ်အနီး စစ်ကောင်စီလက်အောက်ခံ မူးယစ်ပူးပေါင်းအဖွဲ့မှ ကားသမားများကို အကြောင်းမဲ့ စစ်ဆေးခြိမ်းခြောက်

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့အထွက် တိုးဂိတ်အနီးတွင် စစ်ကောင်စီလက်အောက်ခံ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ပူးပေါင်းအဖွဲ့များမှ ကားသမားများကို အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေးပြီး ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ မတ်လ (၈) ရက် ည ၈ နာရီကျော်အချိန်တွင် လွိုင်လင်မြို့အထွက် တိုးဂိတ်အနီးရှိ စစ်ကောင်စီလက်အောက်ခံ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး...

‘အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် အကြမ်းဖက်သူများ လူမှုရေးပြစ်ဒဏ်ပေးရန် “

အမျိုးသမီးများအားလိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် အကြမ်းဖက်ခြင်း ကျူးလွန်သူ မည်သူ့ကိုမဆို ခြွင်းချက်မရှိ လူမှုရေး ပြစ်ဒဏ်ပေးခြင်းဖြင့် အမျိုးသမီးများအတွက်တရားမျှတမှုရှာဖွေခြင်းလမ်းကြောင်းကို ပူးပေါင်းပါဝင်ကြရန် အမျိုးသမီးများအဖွဲ့က တိုက်တွန်းတောင်းဆိုလိုက်သည်။ အဆိုပါ တောင်းဆိုချက်သည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်သည် မတ် (၈)ရက်တွင် အမျိုးသမီးအခွင့်အရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားသည့်အဖွဲ့အစည်းများဖြစ်ကြသော အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာ) အပါအဝင် အဖွဲ့အစည်း...

ကွတ်ခိုင် KIA ဆက်ဆံရေးရုံးမှ တပ်သား ၄၀ နီးပါးကို TNLA ကားတင်ပြီး နမ့်ဖတ်ကာဘက် ပို့ဆောင်

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ သာလွန်အင်အား အသုံးပြု၍ ကချင်လွတ်လပ်‌ရေးတပ် KIA ဆက်ဆံရေးရုံးရှိ တပ်သား ၄၀ ခန့်ကို ကားတင်ပြီး နမ့်ဖတ်ကာဘက်သို့ ပို့ဆောင်လိုက်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၇ ရက်) ညနေ ၃ နာရီခွဲခန့်တွင်...

လားရှိုး MNDAA မှ တစ်လတိတိ ဖမ်းဆီးထားသည့် မိန်းကလေး ပြန်လည်လွတ်မြောက်လာ

သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအုပ်စုအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA မှ ဖမ်းဆီးထားသည့် အသက်(၁၅)နှစ်အရွယ် နန်းယိင်းဟွမ်မှာ ဖမ်းဆီးခံရပြီး တစ်လတိတိတွင် ပြန်လည်လွတ်မြောက်လာကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၇ ရက်) ညနေ ၃ နာရီခွဲတွင် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ လုံမွန်းဘုန်းကြီးကျောင်းတွင် အခြေချတပ်စွဲထားသည့် ကိုးကန့်တပ်ဖွဲ့...

ပင်လောင်းမြို့နယ်အတွင်းရှိ ကျေးရွာအများစု ရေရှားပါးမှု ကြုံနေရ

သျှမ်းပြည် ပင်လောင်းမြို့နယ် အတွင်းရှိ ကျေးရွာများတွင် ရေရှားပါးမှု ပြဿနာများကြုံတွေ့ နေရကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ပင်လောင်းမြို့နယ် တောင်ဘက်ခြမ်းရှိ ကျေးရွာများဖြစ်သည် ဝါလီးကျေးရွာ၊ တောင်လေးကျေးရွာ၊ ပင်ခွန်ကျေးရွာ၊ နမ့်ဖာမူကျေးရွာ၊ ဆောင်းခါးကျေးရွာ၊ ဝါးပြုံးကျေးရွာ၊ ဆောင်ပြောင်းကျေးရွာ ၊ထီဗွားကျေးရွာ နှင့် လိန့်ညားကျေးရွာများတွင် အဝီစိတွင်းရေများ မရှိသည့်အပြင် မိုးရေ...

PNO အထူးဒေသ (၆) အတွင်း လိုင်စင်မဲ့ ကားများ ဖမ်းဆီးမည်ဟု ထုတ်ပြန်လာ

ပအိုဝ်း ပြည်သူ့စစ် (PNO ) အထူးဒေသ (၆) အဖြစ်သတ်မှတ်ထားသည့် သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် ဟိုပုံးမြို့နယ် အတွင်းသို့ ဖြတ်သန်းသွားလာမည့် လိုင်စင်မဲ့ ကားများကို ဖမ်းဆီးမည်ဟု PNO က ထုတ်ပြန်ကြေညာခဲ့သည်။ ထိုထုတ်ပြန်ချက်သည် မတ် ၄ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး လိုင်စင်မဲ့ ကားနှင့်...

မုံးစီးတွင် သေနတ်ပစ်ခံရပြီး သေဆုံးသူများကို ယနေ့ အသုဘချမည်၊ ဒဏ်ရာရသူများအတွက် MNDAA မှ ဆေးကုသစရိတ် ကျခံမည်ဟုဆို

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မုံးစီးဒေသတွင် MNDAA ၏ ရွှေတူးဖော်မှုကို သွားရောက်ကန့်ကွက်စဉ် သေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သူ (၆) ဦးကို ယနေ့ အသုဘချမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ မတ်လ ၅ ရက်နေ့တွင် ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအုပ်စု ပိန်းခမ်ရွာရှိ ရေထွက်နေရာ၌ ရွှေတူးဖော်နေသည့် တရုတ်လူမျိုးများနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA...

Latest news