စစ်ကောင်စီ တာကော်စစ်ဆေးရေးဂိတ်တွင် ထိုင်းထုတ်ကုန်များ ဖမ်းဆီးနေ

မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့ဘက်မှ တင်သွင်းလာသည့် ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများကို စစ်ကောင်စီ၏ သံလွင်မြစ်ကူးတံတား တာကော်စစ်ဆေးရေးဂိတ်တွင် စစ်ဆေးဖမ်းဆီးနေကြောင်း စုံစမ်းသိရသည်။

ဇွန်လ ၁ ရက်မှ စတင်၍ တာချီလိတ်မြို့မှ အခြားမြို့သို့ တင်ပို့မည့် ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများကို ကွန်ဟိန်းမြို့နယ်အတွင်း သံလွင်မြစ်ကူး တာကော်တံတားရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုတင်းကြပ်ပြီး ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း တာချီလိတ်-တောင်ကြီး ပြေးဆွဲနေသည့် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တင်လာတဲ့ ပစ္စည်းတွေက အကုန်ဖောက်စစ်တာ။ ထိုင်းပစ္စည်းတွေကို ဒီလ ၁ ရက်နေ့ ကတည်းက စပြီး ပေးမတင်ဘူး။ ကုန်တင်ကားကြီးတွေ ကားငယ်တွေကော ထိုင်းထုတ်ကုန် ဘယ်ပစ္စည်းကိုမှ ပေးမတင်ဘူး။ ထိုင်းကလာတဲ့ စားသောက်ကုန် သေးသေးလေးတွေတောင် ပေးမတင်ဘူး။ စစ်လို့တွေ့ရင် အဲ့ဂိတ်မှာ ချခဲ့ရတယ်” ဟု ကားသမားတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံမှ တင်ပို့လာသည့် ကုန်ပစ္စည်းများကို စစ်ကောင်စီ စစ်ဆေးရေးဂိတ်များမှ သယ်ဆောင်ခြင်းမပြုသည့်အတွက် ကားသမားနှင့် ဂိတ်မှူးအချို့ အခက်အခဲများ ကြုံတွေ့နေရကြောင်း တောင်ကြီး-တာချီလိတ် လိုင်းကားပြေးဆွဲသည့် တာဝန်ခံဂိတ်မှူး အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“သူတို့လုပ်ချင်သလို လုပ်နေတာ၊ အကြောင်းအရင်က ဘယ်သူမှလည်း သေချာမသိရဘူး။ ထိုင်းထုတ် ပစ္စည်းတွေကို ပေးမဖြတ်တော့ဘူး၊ တွေ့ရင်သိမ်းမယ်လို့ပဲ ပြောတယ်။ အခုချိန်မှာ ဒီလိုတွေ ဖြစ်နေတော့ ထမင်းငတ်မှာတောင် ကြောက်နေရတာ၊ ဘယ်လိုတွေလုပ်နေမှန်း မသိဘူး အကုန်ခက်ခဲကြတယ်”ဟု ၎င်းတာဝန်ခံဂိတ်မှူး အမျိုးသမီးက ပြောသည်။

လက်ရှိတွင် ကားသမားများမှာ ထိုင်းထုတ်ကုန်ပစ္စည်းများကို ယခင်ကဲ့သို့ လွတ်လပ်စွာ သယ်ဆောင်ခွင့် မရှိခြင်းကြောင့် စားဝတ်နေရေးအတွက် စိုးရိမ်နေရသည့်အပြင် ကားခများပါ ဈေးနှုန်းမြင့်တက်သွားကြောင်း တာချီလိတ် ကားသမားတစ်ဦးကပြောသည်။

“တချို့ ကားသမားတွေကြတော့ နားသွားကြပြီး။ တချို့တွေကြတော့ လူပဲတင်တော့တယ်၊ ပစ္စည်းတွေ တင်မရတော့ ခက်တယ်လေ။ အရင်လို အသွားအပြန်နဲ့ဆို ကုန်မတင်ရရင် မကျန်ဘူး။ အရင်လို ကုန်ပစ္စည်းမတင်ရတော့ ကားခတွေက ၅ သောင်းလောက်တော့ ဈေးတက်သွားတယ်” ဟု ၎င်းကားသမားက ပြောသည်။

ယခင်တွင် ကွန်ဟိန်းမြို့မှ တာချီလိတ်မြို့တို့ သွားသည့် ကားခသည် တစ်ဦးလျှင် ကျပ်ငွေ ၄ သောင်းခန့်သာ ရှိသော်လည်း လက်ရှိတွင် ကားခသည် ခရီးသည်တစ်ဦးလျှင် ကျပ် ၉ သောင်းခန့်အထိ ဈေးမြင့်တက်သွားကြောင်း သိရသည်။

ယခုကဲ့သို့ စစ်ကောင်စီမှ ထိုင်းနိုင်ငံ ထုတ်ကုန်ပစ္စည်းများကို ပိတ်ပင်ဖမ်းဆီးခြင်းသည် သျှမ်းပြည် အရှေ့ပိုင်း နှင့် သျှမ်းပြည် တောင်ပိုင်းတွင် တင်ပို့ရောင်းချနေသည့် ကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်လာနိုင်ကြောင်း တောင်ကြီးဒေသခံများက ပြောသည်။

ထို့အပြင် သျှမ်းပြည်အရှေ့ပိုင်းနှင့် သျှမ်းပြည် တောင်ပိုင်းရှိ စစ်ဆေးရေးဂိတ် ချထားသည့် မြို့အများစုတွင် ရုရှားနည်းပညာသုံး အက်ပလီကေးရှင်း ဆော့ပ်ဝဲတစ်ခု ဖြစ်သည့် (PSMS Application) သုံး၍ စစ်ကောင်စီ အလိုရှိသော CDM များ၊ ပုဒ်မ ၅၀၅ ဖြင့် စွပ်စွဲခံရသူများအား လိုက်လံ စစ်ဆေးနေကြောင်း ကားသမားများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...