သိန္နီမြို့ MNDAA မှ တပ်သားသစ်စုဆောင်းရာတွင် အမျိုးသမီးများပါ စာရင်းကောက်နေ

သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ် MNDAA မှ တပ်သားသစ် စုဆောင်းရာတွင် အမျိုးသမီးများကိုပါခေါ်ယူရန် စာရင်းကောက်ယူနေကြောင်း သတင်းရရှိသည်။

သိန္နီမြို့နယ်မှ ကိုးကန့်တပ် MNDAA တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေသည့်ကြားက ယမန်နေ့ (ဇွန်လ ၁၅ )ရက်တွင် MNDAA မှ ဒေသခံများကိုအစည်းအဝေးခေါ်ယူပြီး မြို့တွင်းလုံခြုံရေးအတွက် တပ်သားသစ်အဖြစ် စစ်မှုထမ်းစုဆောင်းပေးရန် ပြောဆိုလာကြောင်း သိန္နီမြို့ဒေသခံများက ပြောသည်။

အသက် ၁၈ နှစ်အထက် အမျိုးသားများကို မြို့တွင်းလုံခြုံရေးအတွက် ရဲတပ်သားအဖြစ် ခေါ်ယူမည်ဖြစ်ပြီး အမျိုးသမီးများကိုမှု ရုံးပိုင်းဆိုင်ရာ အဖွဲ့များအဖြစ် ခေါ်ယူမည်ဖြစ်ကြောင်း သိန္နီမြို့ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျေးရွာအုပ်စုအလိုက် သွားရမယ်လို့ ပြောတယ်။ ဘယ်နေ့ဘယ်ချိန် သွားရမယ်တော့ မပြောသေးဘူး။ ကျမတို့ အုပ်စုကတော့ ၆ ယောက်ပါတယ်။ အမျိုးသားရော အမျိုးသမီးပါ သွားရမယ်လို့ ပြောတယ်” ဟု သိန္နီမြို့ ဒေသခံတစ်ဦးက ပြောသည်။

သိန္နီမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအားလုံး ကိုးကန့်တပ် MNDAA ၏ မြို့တွင်းလုံခြုံရေးတပ်ဖွဲ့အတွက် တပ်သားသစ်အဖြစ် စစ်မှုထမ်းရမည်ဖြစ်ကြောင်း သိရသည်။

အလားတူ သိန္နီမြိုပေါ်ရှိ ရပ်ကွက်တွင်လည်း ရပ်ကွက်တစ်ခုလျှင် ၂ ဦး တပ်သားသစ်အဖြစ် စစ်မှုထမ်း စုဆောင်းပေးရမည်ဟု ကိုးကန့်တပ် MNDAA က ပြောဆိုထားကြောင်း သိန္နီမြို့ဒေသခံ အမျိုးသမီးတစ်ဦး ပြောသည်။

“တခြားရပ်ကွက်တော့ မသိဘူး။ ကျမတို့ ရပ်ကွက်တော့ လူ ၂ ယောက် တောင်းတယ်။ အစည်းအဝေးလုပ်တာ ၂ ခါရှိပြီ အခုထိမပြီးသေးဘူး၊ နောက်တစ်ကြိမ်လုပ်ဦးမယ်တဲ့။ လူ ၂ ယောက်ရှာခိုင်းတာ ရှာလို့မရရင် သူတို့ကိုယ်တိုင် ဝင်ဖမ်းယူမယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

သို့သော် ဒေသခံအများစုမှာ ကိုးကန့်တပ် MNDAA ၏ တပ်သားသစ်အဖြစ် မည်သူမျှ တာဝန်မထမ်းချင်ကြပေ။

“ဘယ်သူမှတော့ သွားမလုပ်ချင်ကြဘူး၊ သေရမှာ ကြောက်တယ်။ ပြီးခဲ့တဲ့ အရင်တစ်ခေါက်တုန်းကလည်း သွားပြီးပြီလေ။ အဲ့တုန်းက ကျမတို့ရွာက ၃ ယောက်ပို့ပြီးပြီ၊ အခုလည်း ထပ်လာတောင်းတော့ သွားမယ့်လူတွေက မရှိတော့ဘူး။ ထွက်ပြေးကုန်ပြီ” ဟု သိန္နီမြို့ဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းတွင်လည်း လားရှိုးမြို့နယ်နှင့် သီပေါမြို့နယ်များတွင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နှင့် ကိုးကန့်တပ်ဖွဲ့ MNDD တို့ တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် တပ်သားသစ် စုဆောင်းခံရလျှင် ရှေ့တန်းထွက် စစ်တိုက်ရမည်ကို စိုးရိမ်နေကြောင်း ဒေသခံများကပြောသည်။

သိန္နီမြို့ကို “၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်း စတင်ခဲ့ချိန် ၂၀၂၃ စက်တင်ဘာကုန်ကတည်းက ကိုးကန့်တပ်ဖွဲ့ MNDAA က ချင်းရွှေဟော်မြို့နည်းတူ ပထမဆုံး ထိန်းချုပ်နိုင်ခဲ့သည့် မြို့ဖြစ်ပြီး မြို့ပေါ်ရပ်ကွက်များကို မူလ (၄) ရပ်ကွက်မှ (၆) ရပ်ကွက်အဖြစ် ပြောင်းလဲသတ်မှတ်ပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်လျက်ရှိသည်။

ထို့ပြင် မြို့သိမ်းတိုက်ပွဲအတွင်း ဗုံးဖောက်ခွဲခံရပြီး ပျက်ဆီးသွားသည့် သိန္နီမြို့ဝင်တံတားကို ကွန်ကရစ်တံတားအဖြစ် မေလ ၂၉ ရက်နေ့တွင် ပြန်လည်ပြင်ဆင်ပြီးစီးခဲ့ပြီး ကုန်တင်ကားကြီးများပါ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

အလားတူ သိန္နီမြို့ အထက (၂) စာသင်ကျောင်းကို လားရှိုးမြို့ ပြည်သူ့ဆေးရုံမှ သယ်ယူလာသည့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများဖြင့် MNDAA မှ ယာယီဆေးရုံ ဖွင့်လှစ်ထားခဲ့ရာ လက်ရှိတွင် သိန္နီပြည်သူ့ဆေးရုံကို ပြန်လည်ပြင်ဆင်ပြီး ဆေးကုသမှုတိုးချဲ့နိုင်ရန် လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...