CATEGORY

နိုင်ငံရေး

၂၀၁၈ ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည်ဟုရွေးကောက်ပွဲကော်မရှင်ကြေငြာ

မြန်မာနိုင်ငံနှင့်တဝှမ်း လစ်လပ်နေသောလွှတ်တော်ကိုယ်စားလှယ်နေရာ ၁၃ နေရာအား ပြန်လှယ်ရွေးကောက်တင်မြှောက်ဖြည့်ဆီးနိုင်ရေး ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန်စီစဉ်နေကြောင်းရွေးကောက်ပွဲကော်မရှင်ကကြေငြာလိုက်သည်။ ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန်အတွက် မဲပေးပိုင်ခွင့်ရှိသူများစာရင်းကို ဧပြီလ ၁၉ ရက်နေ့ကစပြီး ၅ ပတ်အတွင်းအပြီးကောက်ခံသွားရမည်ဖြစ်ကြောင်းလည်းကြေငြာထားသည်ဟုဆိုပါသည်။ မြန်မာနိုင်ငံအဝှမ်းလစ်လပ်နေသော ကိုယ်စားလှယ်နေရာ ၁၃ နေရာအနက် သျှမ်းပြည်နယ်တွင် ၁ နေရာပါ၀င်ပါသည်။ လဲချားမြို့နယ် ကျားခေါင်းပါတီ၏ ပြည်နယ်လွှတ်တော်အမတ် စိုင်းကျော်ဇေယျက - ကျနော်တို့လဲချားမြို့မှာလစ်လပ်နေတဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းမွန်းနေရာမှာ...

ငြိမ်းချမ်းရေးတွင် အားလုံးပါ၀င်ခွင့်ရဖို့ SSPP တောင်းဆို

ငြိမ်းချမ်းရေးတွင် ပါ၀င်သင့်ပါ၀င်ထိုက်သူများ အားလုံးပါ၀င်ခွင့်ရရှိရေးအတွက် သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA က ဦးသိန်းဇော်ဦးဆောင်သည့် နေပြည်တော် ငြိမ်းချမ်းရေးကော်မရှင် PC နှင့်ဆွေးနွေးစဉ် ပြောဆို လိုက်ကြောင်းသိရသည်။ ငြိမ်းချမ်းရေးကော်မရှင် PC ၏ ဒုတိယ ဥက္ကဌ ဦးသိန်းဇော် နှင့် အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)...

SSPP/SSA ခေါင်းဆောင်များအား ဦးသိန်းဇော် ဦးဆောင်သည့် ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့သွားရောက်ဆွေးနွေး  

ငြိမ်းချမ်းရေးကော်မရှင် ဒုတိယ ဥက္ကဌ ဦးသိန်းဇော် နှင့် ဒုတိယ ဗိုလ်ချုပ်ြကီး ခင်ဇော်ဦး(ငြိမ်း) ဦးဆောင်သည့် ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ ဝမ့်ဟိုင်းဌာနချုပ်သို့ရောက်ရှိကာ SSPP/SSA ခေါင်းဆောင်များနှင့်တွေ့ဆုံကြောင်းကြားသိရသည်။ မေလ ၁ ရက်နေ့ ယနေ့မနက်ပိုင်း ဦးသိန်းဇော်နှင့်အဖွဲ့အား သျှမ်းပြည်တပ်မတော် SSPP/SSA ဒုတိယ ဉက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး...

ကျားဖြူအကျိုးဆောင်မှုဖြင့် SSPP နှင့် နေပြည်တော် ငြိမ်း/ကောင်စီ တို့ ၀မ့်ဟိုင်းတွင်တွေ့ဆုံမည်

ကျားဖြူပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်း ကြားဝင်အကျိုးဆောင်ပေးမှုကြောင့် လာမည့်ရက်ပိုင်းအတွင်း နေပြည်တော် ငြိမ်းချမ်းရေးကောင်စီ မှ သျှမ်းပြည်တိုးတက်ရေးပါတီ ၀မ့်ဟိုင်းဌာနချုပ် သို့ သွားရောက်ကာ တွေ့ဆုံဆွေးနွေးကြမည်ဟုသိရသည်။ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ဟိုင်းဌာနချုပ်သို့သွားပြီး တွေ့ဆုံကြမည့် ခရီးစဉ်တွင် နေပြည်တော်အစိုးရ ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး...

သျှမ်းပြည်နယ်နေ့အား သျှမ်းပြည်၏တရားဝင်ရုံးပိတ်ရက်သတ်မှတ်ရေးအဆို ကန့်ကွက်မဲ ၁ မဲအနိုင်ရ အဆိုရှုံး

ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် နဝမပုံမှန်အစည်းအဝေး၌ သျှမ်းပြည်နယ်နေ့ (သျှမ်းအမျိုးသားနေ့)ကို တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် လွှတ်တော်တွင်း အဆိုပြုသည့်အပေါ် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ တစ်မဲ ကပ်ရှုံးသွားကြောင်း သိရသည်။ ၄င်းအဆိုကို သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ၏ မိုင်းကိုင်ပြည်နယ်လွှတ်တော်အမတ် ဦးစိုင်းလုံက မတ်လ ၂၉ ရက်နေ့ လွှတ်တော် တတိယနေ့တွင်...

လားဟူဒီမိုကရက်တစ်အစည်းအရုံး သျှမ်း/အရှေ့ ရ မြို့နယ်မှာလူထုနဲ့တွေ့ဆုံမယ်

မကြာသေးခင်က NCA စာချုပ်လက်မှတ်ရေးထိုးလိုက်တဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU ဟာ သျှမ်းပြည်အရှေ့ပိုင်း ရ မြို့နယ်က လူထုနဲ့တွေ့ဆုံကြမယ်လို့သိရပါတယ်။ တွေ့ဆုံမယ့်ရက်ကိုတော့ မကြေငြာသေးပါဘူး။ သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်း၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ မိုင်းတုံ နဲ့ မိုင်းယောင်းတို့မှာရှိတဲ့လားဟူလူထုနဲ့ တွေ့ဆုံသွားကြမှာဖြစ်ပြီး စည်းလုံးညီညွတ်ရေး၊ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆွေးနွေးသွားမယ်လို့ဆိုပါတယ်။ LDU အထွေထွေအတွင်းရေးမှူး ဆရာဆော်လမွန်ကတော့ - "ရှေ့ဆက်လုပ်ငန်းစဉ်မှာ အမျိုးသားရေးအတွက်...

NCA စာချုပ်လက်မှတ်ရေးထိုးခဲ့သည့် လားဟူဒီမိုကရက်တစ်ယူနီယံ ဆဌမအကြီစုံညီ ညီလာခံ ကျင်းပ ဗဟိုကော်မတီဝင်များပြန်လည်ဖွဲ့စည်း

လားဟူဒီမိုကရက်တစ်ယူနီယံ LDU ဆဌမအကြိမ်မြောက်ညီလာခံကို ထိုင်းနယ်စပ်တနေရာတွင်ကျင်းပရာ ဗဟိုကော်မတီဝင်များပြန်လည်ဖွဲ့စည်းခြင်းအပါ၀င် လားဟူဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်သွားရန် အထူးဆွေးနွေးခဲ့ကြကြောင်းသိရသည်။ ပြည်တွင်းပြည်ပရှိ လားဟူအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ် ၅၀ ကျော်တက်ရောက်သည့် အဆိုပါ ညီလာခံအား မတ်လ ၁၉ နှင့် ၂၀ ရက်နေ့ ၂ ရက်တာကျင်းပခဲ့ကြောင်းသိရသည်။ “ဒီညီလာခံမှာ လားဟူတိုင်းရင်းသားကိုယ်စားလှယ် စုံစုံညီညီတက်ရော်ကဲ့ပါတယ်။ ဗဟိုကော်မတီဝင်တွေအပြင် အမျိုးသမီးကိုယ်စားလှယ်အဖွဲ့ရယ်...

သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ မေလမတိုင်မှီ ကျင်းပမည်ဟု RCSS/SSA ပြော

၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ်တွင်ပါ၀င်နိုင်ရေးအတွက် သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို မေလမတိုင်ခင် ကျင်းပနိုင်ရန်စီစဉ်နေကြောင်း RCSS/SSA ကပြောဆိုလိုက်သည်။ “သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ဖို့က စစ်တပ်ကိုရော၊ အစိုးရဘက်ကိုရောဆွေးနွေးမယ်။ တဖက်ကလည်း RCSS အနေနဲ့ ပါတီကိုရော တခြားအဖွဲ့အစည်းတွေ၊လူမှုအဖွဲ့အစည်းတွေနဲ့ဆွေးနွေးမယ်။ အဆင်ပြေလွယ်ကူအောင်ဘယ်လိုလုပ်ဆောင်သွားမလဲ ၊ အလုပ်ဖြစ်အောင်ဘယ်လိုလုပ်မလဲ ဆိုတာပေါ့။ အစီအစဉ်ထပ်ချဦးမယ်။ ရှိတဲ့အချိန် ၂ လအတွင်းမှာအထမြောက်အောင်မြင်အောင်...

၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ်   မေလလယ်တွင်ကျင်းပရန် JICM ၇ ကြိမ်မြောက်အစည်းအဝေးတွင် ဆုံးဖြတ်

စတုတ္ထအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံခေါ် ၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ် ကို JICM ၇ ကြိမ်မြောက်အစည်းအဝေးဆုံးဖြတ်ချက်အရ မေလတွင် ပြုလုပ်ကျင်းပမည်ဖြစ်ကြောင်း သိရပါ သည်။ RCSS/SSA သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် ၏ အတွင်းရေးမှူး ၃ ၊ UPDJC အတွင်း ရေးမှူးများအဖွဲ့ဝင် ဗိုလ်မှူးကြီးစိုင်းငင်းက ပြီးခဲ့သည့်...

တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ် နှင့် EAO’s PPWT တို့ ရန်ကုန်တွင်တွေ့ဆုံ

မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးသည့်အခမ်းအနားသို့ အသိသက်သေ အဖြစ် တက်ရောက်လာသည့် တရုတ်နိုင်ငံ အာရှ ရေးရာ အထူးကိုယ်စားလှယ် မစ္စ တာဆွန်ကော်ရှန်အား NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ဆိုင်ရာအလုပ်အဖွဲ့...

Latest news