လားဟူဒီမိုကရက်တစ်အစည်းအရုံး သျှမ်း/အရှေ့ ရ မြို့နယ်မှာလူထုနဲ့တွေ့ဆုံမယ်

0

မကြာသေးခင်က NCA စာချုပ်လက်မှတ်ရေးထိုးလိုက်တဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU ဟာ သျှမ်းပြည်အရှေ့ပိုင်း ရ မြို့နယ်က လူထုနဲ့တွေ့ဆုံကြမယ်လို့သိရပါတယ်။

LDUအထွေထွေအတွင်းရေးမှူး ၂ ကြာ ဆော်လမွန်

တွေ့ဆုံမယ့်ရက်ကိုတော့ မကြေငြာသေးပါဘူး။

သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်း၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ မိုင်းတုံ နဲ့ မိုင်းယောင်းတို့မှာရှိတဲ့လားဟူလူထုနဲ့ တွေ့ဆုံသွားကြမှာဖြစ်ပြီး စည်းလုံးညီညွတ်ရေး၊ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆွေးနွေးသွားမယ်လို့ဆိုပါတယ်။

LDU အထွေထွေအတွင်းရေးမှူး ဆရာဆော်လမွန်ကတော့ – “ရှေ့ဆက်လုပ်ငန်းစဉ်မှာ အမျိုးသားရေးအတွက် ဆွေးနွေးတယ်။ ကျနော်တို့လားဟူဒေသဖွံ့ဖြိုးရေးလုပ်မယ် ။ ကျနော်တို့လားဟူတွေက ပျံ့ကြဲနေ လို့ အဲတာအရင် စုစည်းရမယ်။ ပြီးမှလားဟူ အထူးဒေသတွေဘာတွေ သတ်မှတ်ပေးဖို့အထိ ကျနော် တို့ကြိုးစားသွားမယ်။ အဲလိုကြိုးစားမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရလာလိမ့်မယ်။ အဲဒီကနေတဆင့် ပြီးတဆင့်တက်သွားမယ်။ နိုင်ငံရေးဆွေးနွေးပွဲအရပေါ့။ ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်ထဲက လားဟူဒီမိုကရက်တစ်အစည်းအရုံးဟာ ၄င်းရဲ့ ၆ ကြိမ်မြောက်ညီလာခံကို ထိုင်းနိုင်ငံပြုလုပ်ခဲ့တာဖြစ်ပြီး၊ နိုင်ငံရေးဆွေးနွေးပွဲမတိုင်ခင် လူထုတွေ့ဆုံမှုပြုရေးအတွက်အပါအဝင် အချက် ၄ ချက်ပါ ကြေငြာချက်တစောင်ကိုထုတ်ပြန်လိုက်ပါတယ်။

လားဟူဒီမိုကရက်တစ်အစည်းအရုံးနဲ့ မွန်ပြည်သစ်ပါတီတို့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေဖြစ်ပါတယ် ။

Leave a Comments

LEAVE A REPLY

Please enter your comment!
Please enter your name here