Friday, April 19, 2024

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်မည်ဟု ကြေညာသည့် LDU ပါတီအဖွဲ့၀င်ခေါင်းဆောင်များကို အရေးယူမည်

Must read

စစ်အာဏာသိမ်းခေါင်းဆောင် ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတက်မည်ဟု ကြေညာသည့် အတွင်းရေးမှူး ကျားဆော်လမွန် နှင့် အလုပ်အမှုဆောင်တချို့ကို LUD ခေါင်းဆောင်များက အရေးယူသွားမည် ဖြစ်ကြောင်း တရား၀င် ထုတ်ပြန်ကြေညာသည်။

၂၀၁၈ ခုနစ်လားဟူဒီမိုကရက်တစ်ယူနီယံ LDU ဆဌမအကြိမ်မြောက်ညီလာခံ

လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU အနေဖြင့် စစ်အာဏာသိမ်းခေါင်းဆောင် ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးကို တက်ရောက်မည်မဟုတ်ကြောင်း LUD ဥက္ကဌနှင့် ဒုတိယဥက္ကဌ တို့က လက်မှတ်ရေးထိုးပြီး ယမန်နေ့ (မေ ၁၂)ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။

LDU ဥက္ကဋ္ဌ ကျာခွန်ဆာကိုယ်တိုင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်မည်မဟုတ်ကြောင်း မေလ ၅ ရက်တွင် စစ်ကောင်စီကို အကြောင်းကြားထားပြီးဖြစ်ကြောင်း၊ PPST အနေဖြင့်လည်း LDU မတက်ရောက်နိုင်ကြောင်း ပြောဆိုပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုပြောဆိုထားသော်လည်း LDU အတွင်းရေးမှူး ကျာဆော်လမွန်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲတက်မည်ဟု ပြောဆိုခြင်းသည် ချမှတ်ထားသော စည်းမျဉ်းဥပဒေများ၊ မူပေါ်လစီများ၊ ဖွဲ့စည်းအုပ်ချုပ်ပုံအဆင့်ဆင့် လေးစားလိုက်နာခြင်းမရှိ ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဥက္ကဋ္ဌ၏ ခွင့်ပြုချက်မရှိဘဲ အလုပ်အမှုဆောင်အချို့က လုပ်ဆောင်မှုအပေါ် လားဟူဒီမိုကရက်တစ်အစည်းအရုံး၏ စည်းမျဉ်းဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ကြေညာသည်။

Leave a Comments

- Advertisement -spot_img

Latest article