ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်မည်ဟု ကြေညာသည့် LDU ပါတီအဖွဲ့၀င်ခေါင်းဆောင်များကို အရေးယူမည်

စစ်အာဏာသိမ်းခေါင်းဆောင် ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတက်မည်ဟု ကြေညာသည့် အတွင်းရေးမှူး ကျားဆော်လမွန် နှင့် အလုပ်အမှုဆောင်တချို့ကို LUD ခေါင်းဆောင်များက အရေးယူသွားမည် ဖြစ်ကြောင်း တရား၀င် ထုတ်ပြန်ကြေညာသည်။

၂၀၁၈ ခုနစ်လားဟူဒီမိုကရက်တစ်ယူနီယံ LDU ဆဌမအကြိမ်မြောက်ညီလာခံ

လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU အနေဖြင့် စစ်အာဏာသိမ်းခေါင်းဆောင် ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးကို တက်ရောက်မည်မဟုတ်ကြောင်း LUD ဥက္ကဌနှင့် ဒုတိယဥက္ကဌ တို့က လက်မှတ်ရေးထိုးပြီး ယမန်နေ့ (မေ ၁၂)ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။

LDU ဥက္ကဋ္ဌ ကျာခွန်ဆာကိုယ်တိုင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်မည်မဟုတ်ကြောင်း မေလ ၅ ရက်တွင် စစ်ကောင်စီကို အကြောင်းကြားထားပြီးဖြစ်ကြောင်း၊ PPST အနေဖြင့်လည်း LDU မတက်ရောက်နိုင်ကြောင်း ပြောဆိုပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုပြောဆိုထားသော်လည်း LDU အတွင်းရေးမှူး ကျာဆော်လမွန်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲတက်မည်ဟု ပြောဆိုခြင်းသည် ချမှတ်ထားသော စည်းမျဉ်းဥပဒေများ၊ မူပေါ်လစီများ၊ ဖွဲ့စည်းအုပ်ချုပ်ပုံအဆင့်ဆင့် လေးစားလိုက်နာခြင်းမရှိ ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဥက္ကဋ္ဌ၏ ခွင့်ပြုချက်မရှိဘဲ အလုပ်အမှုဆောင်အချို့က လုပ်ဆောင်မှုအပေါ် လားဟူဒီမိုကရက်တစ်အစည်းအရုံး၏ စည်းမျဉ်းဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ကြေညာသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

ညီနောင် EAO တစ်ဖွဲ့ချင်း ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးနှင့် ဟန်ချက်ညီရန် 7 EAO Alliance ကြိုးပမ်းထိန်းညှိနေ

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့နှင့် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ နေပြည်တော်တွင် တွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်ခဲ့ကြောင်း သတင်းသိရသည်။ ဇူလိုင်လ ၂၀ နှင့် ၂၁ ရက်တို့တွင် နေပြည်တော်ရှိ M...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ထင်ယောင်ထင်မှား ငြိမ်းချမ်းရေးနှင့် ကျရှုံးရန်ဇာတာပါလာသော “ရက် ၁၀၀ စီမံချက်”

0
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်-မြန်မာနယ်စပ် တလျှောက်ရှိ အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဇွန်လ လယ်ပိုင်းတွင် သျှမ်းပြည်သို့ လာရောက်ခဲ့သည်။ ထိုကိုယ်စားလှယ်အဖွဲ့သည်  ဇွန် ၁၇ရက်တွင် မိုင်းလားမြို့၌ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) နှင့် တွေ့ဆုံကာ အစိုးရသစ်၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်နှင့်...