Wednesday, January 28, 2026

NCA စာချုပ်လက်မှတ်ရေးထိုးခဲ့သည့် လားဟူဒီမိုကရက်တစ်ယူနီယံ ဆဌမအကြီစုံညီ ညီလာခံ ကျင်းပ ဗဟိုကော်မတီဝင်များပြန်လည်ဖွဲ့စည်း

လားဟူဒီမိုကရက်တစ်ယူနီယံ LDU ဆဌမအကြိမ်မြောက်ညီလာခံကို ထိုင်းနယ်စပ်တနေရာတွင်ကျင်းပရာ ဗဟိုကော်မတီဝင်များပြန်လည်ဖွဲ့စည်းခြင်းအပါ၀င် လားဟူဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်သွားရန် အထူးဆွေးနွေးခဲ့ကြကြောင်းသိရသည်။

LDUအထွေထွေအတွင်းရေးမှူး ၂ ကြာ ဆော်လမွန်

ပြည်တွင်းပြည်ပရှိ လားဟူအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ် ၅၀ ကျော်တက်ရောက်သည့် အဆိုပါ ညီလာခံအား မတ်လ ၁၉ နှင့် ၂၀ ရက်နေ့ ၂ ရက်တာကျင်းပခဲ့ကြောင်းသိရသည်။

“ဒီညီလာခံမှာ လားဟူတိုင်းရင်းသားကိုယ်စားလှယ် စုံစုံညီညီတက်ရော်ကဲ့ပါတယ်။ ဗဟိုကော်မတီဝင်တွေအပြင် အမျိုးသမီးကိုယ်စားလှယ်အဖွဲ့ရယ် လူငယ်ကိုယ်စားလှယ်အဖွဲ့ဆိုရင် စုံစုံညီညီဆိုတော့ ကျနော်တို့ညီလာခံ ဟာအထမြောက်အောင်မြင်တယ်လို့ပြောလို့ရပါတယ်။ ရှေ့ဆက်လုပ်ငန်းစဉ်မှာ အမျိုးသားရေးအတွက် ဆွေးနွေးတယ်။ ကျနော်တို့လားဟူဒေသဖွံ့ဖြိုးရေးလုပ်မယ် ။ ကျနော်တို့လားဟူတွေက ပျံ့ကြဲနေ လို့ အဲတာအရင် စုစည်းရမယ်။ ပြီးမှလားဟူ အထူးဒေသတွေဘာတွေ သတ်မှတ်ပေးဖို့အထိ ကျနော် တို့ကြိုးစားသွားမယ်။ အဲလိုကြိုးစားမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရလာလိမ့်မယ်။ အဲဒီကနေတဆင့် ပြီးတဆင့်တက်သွားမယ်။ နိုင်ငံရေးဆွေးနွေးပွဲအရပေါ့။ ”ဟု အထွေထွေအတွင်းရေးမှူး ၂ ကြာ ဆော်လမွန်က သတင်းသမားများအားပြောသည်။

အဆိုပါအစည်းအဝေးမှ ကော်မတီဝင်များအား လဲလှယ်ခြင်းဖွဲ့စည်းခြင်းအပြင် UPDJC တွင်ပါ၀င်မည့်ကိုယ်စားလှယ်ကိုလည်းရွေးချယ်ခဲ့ကြောင်း ဆိုပါသည်။

“ဒီညီလာခံကနေ ဒုဥက္ကဌ အထွေထွေအတွင်းရေးမှူးတို့ အပြောင်းအလဲရှိပါတယ်။ ကော်မတီဝင် အသစ် ၂ ယောက် ၃ ယောက်ထပ်ဖြည့်ထားပါတယ်။ အားလုံးကော်မတီဝင်က ၁၃ ဦး။ အရံကော်မတီဝင်က ၅ ဦးပေါ့။ ဥက္ကဌက ကြာခွန်ဆာဘဲ။ ဒုဥက္ကဌက ကြာဟား ။ ကျနော် ကြာဆော်လမွန် ကတော့ အရင်ဒုတိယဥက္ကဌနေရာကနေ အထွေထွေအတွင်းရေးမှူးပြန်ဆင်းလုပ်ရတယ်။ အရင်အထွေထွေအတွင်းရေးမှူး နာဝီးဘိုကတော့ သူ့ပုဂ္ဂိုလ်ရေးအခက်အခဲကြောင့် နှုတ်ထွက်သွားတယ်။ ”- ဟု ကြာဆော်လမွန်ကပြောသည်။

လားဟူဒီမိုကရက်တစ်ယူနီယံ LDU ဆဌမအကြိမ်မြောက်ညီလာခံ

အဓိကလုပ်ငန်းစဉ်အဖြစ် လူုတွေ့ဆုံပွဲပြုလုပ်သွားရန်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို သက်ဆိုင်ရာအဖွဲ့များနှင့် ပူးတွဲလုပ်ဆောင်သွားရန် ၊ နိုင်ငံရေးဆွေးနွေးပွဲတွင် လူထုပူးပေါင်းပါ၀င်မှုရရှိရေးဖော်ဆောင် သွားရန ်စီစဉ်ထားကြောင်းလည်းသိရသည်။

လားဟူဒီမိုကရက်တစ်အစည်းအရုံး ညီလာခံအပြီး အချက် ၄ ချက်ပါသည့်ကြေငြာချက်တစောင်ကိုပါ ထုတ်ပြန်ခဲ့ပါသည်။

UNFC အဖွဲ့ဝင်ဖြစ်သည့် လားဟူဒီမိုကရက်တစ်အစည်းအရုံးသည် ပြီးခဲ့သည့်ဖေဖော်ဝါရီလက မွန်ပြည်သစ် ပါတီနှင့် အတူ အစိုးရနှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုး သည့်အဖွဲ့ဖြစ်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကောင်စီမှ ဒီမိုကရက်တစ် အင်အားစု နိုင်ငံရေးပါတီများကို ပိုတင်းကြပ်လာနိုင်

0
အကြားအလပ်မရှိ နိုင်ငံတော်အဆင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အာဏာသိမ်း စစ်ကောင်စီ နှင့် အတူ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်း ထွက်ပေါ် လာခဲ့သည်။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပြင်ဆင်ပြဋ္ဌာန်းရေးနှင့် ပတ်သက်ပြီး ရွေးကောက်ပွဲဝင်မည့် တည်ဆဲ...

တိုင်းရင်းသားအဖွဲ့အစည်းတချို့ အာဏာသိမ်း စစ်ခေါင်းဆောင်နှင့် ဒုတိယအကြိမ်တွေ့ဆုံ

0
ဒုတိယအကြိမ် ငြိမ်းချမ်းရေး ကိစ္စရပ် တွေ့ဆုံဆွေးနွေးရန် တိုင်းရင်းသားအဖွဲ့အစည်းတချို့နှင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (သြဂုတ် ၂၂) ရက်တွင် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့်တွေ့ဆုံသည့်အဖွဲ့များမှာ ကျာဆော်လမွန် ဦးဆောင်သော လားဟူဒီမိုကရက်တစ်ပါတီ (LDU)၊ ဥက္ကဌခွန်သူရိန် ဦးဆောင်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)...

လားဟူ LDU တာဝန်ရှိသူများ စကစ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသွား

0
စစ်ကောင်စီ ဦးဆောင်ပြုလုပ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ရန် အတွက် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) မှ ကျားဆော်လမွန် ဦးဆောင်သော အဖွဲ့သားများသည် နေပြည်တော်သို့ စတင်ထွက်ခွာသွားကြောင်း သတင်းသိရသည်။ ယနေ့ ဇူလိုင်လ ၆ ရက်နေ့ နေ့လယ်ပိုင်းအချိန်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ တစ်ဆင့် တာချီလိတ်မြို့ အမှတ်...

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်မည်ဟု ကြေညာသည့် LDU ပါတီအဖွဲ့၀င်ခေါင်းဆောင်များကို အရေးယူမည်

0
စစ်အာဏာသိမ်းခေါင်းဆောင် ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတက်မည်ဟု ကြေညာသည့် အတွင်းရေးမှူး ကျားဆော်လမွန် နှင့် အလုပ်အမှုဆောင်တချို့ကို LUD ခေါင်းဆောင်များက အရေးယူသွားမည် ဖြစ်ကြောင်း တရား၀င် ထုတ်ပြန်ကြေညာသည်။ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU အနေဖြင့် စစ်အာဏာသိမ်းခေါင်းဆောင် ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးကို တက်ရောက်မည်မဟုတ်ကြောင်း LUD ဥက္ကဌနှင့်...

လားဟူတိုင်းရင်းသားရေးရာဝန်ကြီးကို ပြည်ထောင်စုအဆင့်တွင်ထားရန် LNDP တောင်းဆို

0
လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ကို ပြည်ထောင်စုအဆင့်တွင်ထားပေးရန် အတွက် LNDP က အာဏာရပါတီ NLD ကို တောင်းဆိုလိုက်သည်။ ယနေ့ ဇန်နဝါရီ ၁၅ ရက် မနက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏တောင်ကြီးမြို့ရှိ ရုံးတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၃)ဦးနှင့်တွေ့ဆုံစဉ် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ LNDP ကတောင်းဆိုခဲ့ခြင်းဖြစ်သည်။ “ ကျမတို့...