SSPP/SSA ခေါင်းဆောင်များအား ဦးသိန်းဇော် ဦးဆောင်သည့် ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့သွားရောက်ဆွေးနွေး  

ငြိမ်းချမ်းရေးကော်မရှင် ဒုတိယ ဥက္ကဌ ဦးသိန်းဇော် နှင့် ဒုတိယ ဗိုလ်ချုပ်ြကီး ခင်ဇော်ဦး(ငြိမ်း) ဦးဆောင်သည့် ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ ဝမ့်ဟိုင်းဌာနချုပ်သို့ရောက်ရှိကာ SSPP/SSA ခေါင်းဆောင်များနှင့်တွေ့ဆုံကြောင်းကြားသိရသည်။

SSPP/SSA ခေါင်းဆောင်များအား ဦးသိန်းဇော် ဦးဆောင်သည့် ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့သွားရောက်ဆွေးနွေး

မေလ ၁ ရက်နေ့ ယနေ့မနက်ပိုင်း ဦးသိန်းဇော်နှင့်အဖွဲ့အား သျှမ်းပြည်တပ်မတော် SSPP/SSA ဒုတိယ ဉက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ခေးတိုင်း၊ နာယက ဗိုလ်ချုပ်ြကီးဆေထဲန် တို့ မှ မိုင်းရယ်မြို့နယ်အစပ် နမ့်လောင်း တံတားတွင်လာ ရောက်ကြိုဆိုကြောင်း၊ မွန်းတည့်ချိန် SSPP/SSA ဌာနချုပ် သို့ရောက်ရှိကာ အစည်းအဝေး ခန်းမ ၌ စတင် ဆွေးနွေးကြောင်း ဌာနချုပ်အရာရှိတဦးက ဤကဲ့သို့ပြောသည်။

“ကျားဖြူပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက အကျိုးတော်ဆောင်လုပ်ပေးတာလေ။ ဒီနေ့ နဲ့ မနက်ဖြန် ဆွေးနွေးကြမယ်။ ငြိမ်းချမ်းရေးအကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးအကြောင်းတွေပေါ့ ။ အသေးစိတ်တော့ သိရသေးဘူး” – ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။

ငြိမ်းချမ်းရေးဖြစ်မြောက်အောင်မြင်စေရေးတွက် အကျိုးတော်ဆောင်လုပ်ပေးရခြင်းဖြစ်သည်ဟု ဝမ့်ဟိုင်းသို့မသွားခင် ဦးစိုင်းအိုက်ပေါင်းက သျှမ်းသံတော်ဆင့်သို့ပြောဖူးသည်။

အကျိုးတော်ဆောင်အဖွဲ့ဖြစ်သည့် ဦးစိုင်းအိုက်ပေါင်းနှင့်အတူ ကျားဖြူပါတီ ဒုဥက္ကဌ (၁) ဦးစိုင်းဆောင်ဆီ ၊ ဒုဥက္ကဌ (၂) ဦးစိုင်းလှကျော် တို့ ပါဝင်သည်ဟုသိရသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA သည် သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ၏ အဖွဲ့ဝင်ဖြစ်သည်။ တဘက်တွင်လည်း ၀ တပ်ဖွဲ့ UWSA ဦးဆောင်သည့် FPNCC မြောက်ပိုင်းမဟာ အဖွဲ့တွင်လည်း ပါဝင်သည်။ အဆိုပါ အဖွဲ့သည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီမှုစာချုပ် NCA လမ်းကြောင်း ကို လက်မခံဘဲ ပါဝင်သင့်ပါဝင်ထိုက်သူများ အားလုံးပါဝင်သည့် နိုင်ငံရေးစကားဝိုင်းသို့ တိုက်ရိုက်သွားလိုသည်။

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

ရပ်စောက်-နောင်ချိုကြား SSPP စစ်ဆေးရေးဂိတ်များကို စစ်ကော်မရှင်တပ်ဆုတ်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်း ဆုတ်ခွာခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက...

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...