ကျားဖြူအကျိုးဆောင်မှုဖြင့် SSPP နှင့် နေပြည်တော် ငြိမ်း/ကောင်စီ တို့ ၀မ့်ဟိုင်းတွင်တွေ့ဆုံမည်

ကျားဖြူပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်း ကြားဝင်အကျိုးဆောင်ပေးမှုကြောင့် လာမည့်ရက်ပိုင်းအတွင်း နေပြည်တော် ငြိမ်းချမ်းရေးကောင်စီ မှ သျှမ်းပြည်တိုးတက်ရေးပါတီ ၀မ့်ဟိုင်းဌာနချုပ် သို့ သွားရောက်ကာ တွေ့ဆုံဆွေးနွေးကြမည်ဟုသိရသည်။

၂၀၁၈ မတ်လ လယ်ပိုင်းက ကျားဖြူပါတီ ဥက္ကဌ ဦးဆောင်သည့် အဖွဲ့ ၀မ့်ဟိုင်းဌာနချုပ်သို့ ရောက်ရှိစဉ်

သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ဟိုင်းဌာနချုပ်သို့သွားပြီး တွေ့ဆုံကြမည့် ခရီးစဉ်တွင် နေပြည်တော်အစိုးရ ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) တို့ ဦးဆောင်မည်ဖြစ်ကြောင်း၊ အကျိုးတော် ဆောင်ပေးသည့် ကျားဖြူပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်း၊ ဒုတိယ ဥက္ကဌ ဦးစိုင်းဆောင်ဆီ တို့လည်းပါ၀င်မည်ဖြစ်ကြောင်း ကြားသိရသည်။

“ကျားဖြူပါတီ အနေ့နဲ့ အကျိုးတော်ဆောင်ပေးတာဘဲရှိတယ်။ အခုတော့ဘာမှ မပြောနိုင်သေးဘူး။ ၄ ရက်နေ့ လောက်မှ တွေ့ပြီးတော့မှဘဲ အသေးစိပ်သိရမယ် ”- ဟု ကျားဖြူပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက ပြောသည်။

အမည်မဖေါ်လိုသည့် ၀မ့်ဟိုင်းဌာချုပ်အရာ ရှိကြီးတဦးက – မည်သည့်ပုဂ္ဂိုလ်လက်ခံတွေ့ဆုံဆွေးနွေးကြမည် မသိရသေးသော်လည်း လကုန်ပိုင်းလောက်တွင်ဆွေးနွေးမှု ဖြစ်နိုင်သည်ဟုလည်း သျှမ်းသံတော် ဆင့်သို့ အတည် ပြုသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA မှ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးချုပ်ဆိုနိုင်ရန်၊ ငြိမ်းချမ်းရေးကောင်စီ နှင့် တွေ့ဆုံဆွေးနွေးရန် အတွက် မတ်လ လယ်ပိုင်းက ကျားဖြူပါတီ ဥက္ကဌ ဦးဆောင်သည့် အဖွဲ့ ၀မ့်ဟိုင်းဌာနချုပ်သို့ ရှေ့ပြေးသွားရောက်ခဲ့ပါသေးသည်။

ငြိမ်းချမ်းရေးကောင်စီ PC သည် ဧပြီ ၂၆ ရက်နေ့က ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့်လည်း ကယားပြည်နယ် လွိုင်ကော်မြို့တွင် တွေ့ဆုံခဲ့ပါသေးသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA သည် ၀တပ် UWSA နှင့် ကချင်တပ် KIA တို့ ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ FPNCC တွင်ပါ၀င်သည့် သျှမ်းလက်နက်ကိုင်တပ်တခုဖြစ်သည်။ ထို FPNCC သည် တနိုင်ငံအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လမ်းကြောင်းကို လက်မခံ ဘဲ ပါ၀င်သင့် ပါ၀င်ထိုက် သူများအားလုံးပါ၀င်သည့် နိုင်ငံရေးဆွေးနွေးပွဲသို့ တိုက်ရိုက်သွားလိုသည့် မဟာမိတ်အဖွဲ့အစည်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက်ဒေသ KIA ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ရောက်စဉ် MNDAA စစ်အင်အားဖြည့်

0
သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ဒေသခံ ပြည်သူလူထုအပြင် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များမှ ခေါင်းဆောင်များကိုလည်း တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ပထမပတ်အတွင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာနှင့် နမ့်ခမ်းမြို့သို့ ရောက်ရှိလာသည့် ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်...

မိုင်းကိုင်- နမ့်လန်ကြား SSPP စစ်ဆေးရေးဂိတ်များ စစ်ကော်မရှင်တပ် ထပ်မံဆုတ်ခိုင်း

0
သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့ မှ သျှမ်းပြည် မြောက်ပိုင်း နမ့်လန်မြို့ကို သွားတဲ့ လမ်းမပေါ်ရှိသည့် SSPP/SSA စစ်ဆေးရေးဂိတ်များ ထပ်မံ ဖြုတ်သိမ်းဆုတ်ခွာရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မိုင်းကိုင် - နမ့်လန် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA စစ်ဆေးရေးဂိတ်ကို စစ်ကော်မရှင်တပ်...

တရုတ်ဖိအားကြောင့်လားရှိုး-မူဆယ် လမ်းမပေါ်ရှိ SSPP နှင့် KIA ဂိတ်များ ဖြုတ်သိမ်းဆုတ်ခွာရ

0
မြန်မာ - တရုတ်နယ်စပ် အဓိက ကုန်သွယ်ရေးလမ်းဖြစ်သည့် လားရှိုး - မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ SSPP/SSA နှင့် KIA တပ်တို့၏ စစ်ဆေးရေးဂိတ်များ တရုတ်ဖိအားကြောင့် ဖြုတ်သိမ်းဆုတ်ခွာရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ တတိယပတ်တွင် လားရှိုး - မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ဖမ်းဆီးခံရသည့် ရွာသားနှစ်ဦး ပြန်မလွှတ်သေး

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ဖမ်းဆီးခဲ့သည့် ရွာသားများထဲမှ အချို့မှာ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ (၁၀) ရက်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)...

ကွဲအက်ရာကို ကျော်လွှားပြီး စုပေါင်းအားနဲ့ အာဏာရှင်ကို ရင်ဆိုင်နိုင်ဖို့

0
မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ တရားဝင်အခင်းအကျင်းရဖို့ ဟန်ပြရွေးကောက်ပွဲကျင်းပပြီး တရားဝင်လွှတ်တော်၊ တရားဝင်အစိုးရ၊ တရားဝင်သမ္မတ နေရာရဖို့ အာဏာသိမ်းစစ်တပ်က လုံးပမ်းနေချိန်မှာ သျှမ်းပြည်တိုင်း ရင်းသား လက်နက်ကိုင်အုပ်စုကြားမှာ ယှဉ်ပြိုင်မှုတွေ ပြည့်နှက်လာပြီး ပဋိပက္ခတွေဟာ နေ့စဉ်နဲ့အမျှ တိုးများလာနေပါတယ်။ TNLA နဲ့ KIA ၊ TNLA နဲ့ SSPP ၊...