၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ် မေလလယ်တွင်ကျင်းပရန် JICM ၇ ကြိမ်မြောက်အစည်းအဝေးတွင် ဆုံးဖြတ်

0

စတုတ္ထအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံခေါ် ၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ် ကို JICM ၇ ကြိမ်မြောက်အစည်းအဝေးဆုံးဖြတ်ချက်အရ မေလတွင် ပြုလုပ်ကျင်းပမည်ဖြစ်ကြောင်း သိရပါ သည်။

RCSS/SSA သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် ၏ အတွင်းရေးမှူး ၃
ဗိုလ်မှူးကြီးစိုင်းငင်း အားသျှမ်းသံတော်ဆင့်မှတွေ့ဆုံမေးမြန်းမှုပြုနေစဉ်

RCSS/SSA သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် ၏ အတွင်းရေးမှူး ၃ ၊ UPDJC အတွင်း ရေးမှူးများအဖွဲ့ဝင် ဗိုလ်မှူးကြီးစိုင်းငင်းက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နေပြည်တော်တွင်ကျင်းပပြုလုပ်သည့် အစည်းအဝေးအရ ၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ်ကို ၂၀၁၈ မေလလယ်ပိုင်းတွင်ကျင်းပနိုင်ဖွယ်ရှိသည်ဟု ပြောဆိုသည်။

“အချက်အလက်ပါအတိုင်းသွားမယ်ဆိုရင် ၂၁ ရာစုပင်လုံလို့ခေါ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ဟာ တနှစ်မှာ ၂ ကြိမ်လုပ်ရမယ်။ အခုက ၁ နှစ်တောင်ပြည့်တော့မယ်တကြိမ်မှ မလုပ်ရသေးဘူး။ အဲတာကြောင့်မေလမှာလုပ်ဖို့ကျနော်တို့ဆွေးနွေးဆုံးဖြတ်ရတာပါ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောဖူးတယ်။ ၂၀၁၉ မှာ ဖက်ဒရယ်အခြေခံလေးရှိအောင်လုပ်မယ် ဆိုတာလေ။ သူပြောတဲ့အတိုင်း ကျနော်တို့ EAO ဘက်ကလည်းလုပ်ချင်တယ်။ ဒါပေမယ့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမှာ လာညှိနေတာ။ လူထုတွေ့ဆုံပွဲက တားဆီးခံနေရတော့ ဒီကနေရှေ့မဆက်နိုင်သေးဖြစ်နေတာလေ။ NCA အရဆိုရင်တော့ ကျနော်တို့ တနှစ် ၂ ကြိမ်လုပ်ရမှာ ညီလာခံက”- ဟု သျှမ်းသံတော်ဆင့်အား ပြောပြသည်။

JICM အစည်းအဝေးအား ၂၇ နှင့် ၂၈ ရက်နေ့တွင်ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA သည် အစိုးရနှင့် ပထမအသုတ် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော အဖွဲ့ ၈ ဖွဲ့အနက် အဖွဲ့ဝင်တဖွဲ့ဖြစ်ပြီး အစိုးရနှင့်အတူ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အဆင့်ဆင့်တွင် ပါဝင်ကျင်းပခဲ့သည့်အဖွဲ့ဖြစ်ပါသည်။ သို့သော် NCA လမ်းကြောင်းအတိုင်း နိုင်ငံရေးဆွေးနွေးရေးအတွက် သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေး ၂ ကြိမ်တိုင်တိုင် တားမြစ်ခံရသဖြင့် ယခုတိုင်ကျင်းပ နိုင်ခြင်းမရှိသေးပေ။

ဒီဇင်ဘာလက မွန်ပြည်သစ်ပါတီနှင့်လားဟူအမျိုးသားအစည်းအရုံးတို့ NCA လက်မှတ်ရေးထိုးရာလက်ရှိတွင် အစိုးရနှင့် NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ရှိပြီးဖြစ်ပါသည်။

Leave a Comments

LEAVE A REPLY

Please enter your comment!
Please enter your name here