အခြေအနေအရပ်ရပ်ကြောင့် သျှမ်း ND အတွက် အသေအချာမသိသေး RCSS ပြော

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ( ၂၁ ရာစုပင်လုံညီလာခံ စတုတ္ထအကြိမ်) ကိုသတ်မှတ်ထားသည့်အချိန်အတွင်း ကျင်းပနိုင်ရေးအတွက် သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပရန် RCSS/SSA က စီစဉ်နေသော်လည်း အခြေအနေအရပ်ရပ်ကြောင့် ကျင်းပမည့်ရက်မပြောနိုင်သေးကြောင်း ပြောခွင့်ရပုဂ္ဂိုလ်ကပြောပါသည်။

Photo credit to Langkhur youth

NCA လက်မှတ်ရေးထိုးခဲ့သည့် RCSS/SSA မှ ဦးဆောင်ကျင်းပမည့် သျှမ်းအမျိုးသားအဆင့် ND နှင့်ပတ်သက်ပြီး ဗိုလ်မှူးကြီးအုမ်ခေးက သျှမ်းသံတော်ဆင့်အား – “ဘယ်နေ့ကျင်းပမလဲဆိုတာလည်းအသေအချာမသိရသေးဘူး။ လုပ်ဖြစ်မလား အလုပ်ဖြစ်ဘူးလားဆိုတာလည်း မပြောတတ်သေးဘူး။ ခုက အခြေအနေအရပ်ရပ်ကိုစောင့်ကြည့်နေရတယ်။ ခုဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကိစ္စရော ၊ လက်ရှိနိုင်ငံရေးကိစ္စတွေရောဘဲ။ အဖက်ဖက်ကနေ ဆွေးနွေးနေရတယ် ”- ဟု ပြောသည်။

မည်သို့ပင်ဆိုစေ သျှမ်း ND ဖြစ်မြောက်မှုသည် RCSS နှင့် တပ်တို့ကြားဆွေးနွေးမှု အစိုးရနှင့်တပ်မတော်ကြားအဆင်ပြေမှုအပေါ်သာမူတည်ကြောင်း ပါ၀င်သည့်အရာရှိတဦးက- “မကြာခင်ရက်ပိုင်းအတွင်း တပ်မတော်နဲ့ RCSS တွေ့ဆုံဆွေးနွေးမယ်။ အဲတာကိုစောင့်ကြည့်ရမယ် ” – ဟုပြောသည်။

ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် (ကို၀စ်-၁၉) ကြောင့်ရိုးရာပွဲလမ်းသဘင်နှင့်လူစုလူဝေး မပြုလုပ်ရန်အတွက် သျှမ်းပြည်နယ် အစိုးရက ထုတ်ပြန်ထားသည်။ ထို့အပြင် ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၂၉ ရက်နေ့အထိ အစိုးရတပ်မတော်နှင့် RCSS ကြားဖြစ်ပွါးသောတိုက်ပွဲကြောင့်လည်း ယနေ့အထိ စစ်ရေးတင်းမာမှုမပြီးပြတ်သေးပေ။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပြောခွင့်ရ စိုင်းလိတ်က – “အခုအချိန်မှာ ကျနော်တို့ ဆန္ဒစောပြီးတော့ သျှမ်း ND ကို ကျင်းပခဲ့မယ်ဆိုရင် ၊ တကယ်လို့ ပွဲတက်တဲ့သူတွေ ကိုရိုနာဖြစ်လာခဲ့ရင် လူတွေပြောစရာဖြစ်ပါလိမ့်မယ်။ ကိုရိုနာ ကူးစက်မြန်ရောဂါ ကြောင့်တကမ္ဘာလုံး လူစုလူဝေး မရှိစေဖို့ တိုက်တွန်းနေချိန်မှာ ကျနော်တို့လည်း သျှမ်း ND ကို ခနတော့ဆိုင်းငံ့ထားသင့်တယ်၊ သို့မဟုတ်ရက်ရွှေ့ဆိုင်းထားသင့်တယ်ဆိုတဲ့အကြောင်း RCSS ကိုတိုက်တွန်းချင်ပါတယ်။” – ဟုသျှမ်းသံတော်ဆင့်အားပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ သို့မဟုတ် ၂၁ ရာစုပင်လုံညီလာခံ စတုတ္ထအကြိမ်ကို ၂၀၂၀ ၏ ပထမ ၄ လ ပတ်အတွင်းကျင်းပရန်အစိုးရက စီစဉ်ထားရာ RCSS/SSA အနေဖြင့် သျှမ်း အမျိုးသားအဆင့်နိုင်ငံရေးဆွေး နွေးပွဲကို မတ်လအတွင်းကျင်းပပြုလုပ်ရန် စီစဉ်ထားသည်။ UPDJC အတွင်းရေးမှူးများအဖွဲ့လည်း ၂၁ ရာစုပင်လုံညီလာခံ စတုတ္ထအကြိမ် ကျင်းပနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်နေပါသည်။

အဆိုပါ သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ND ကို ၂၀၁၈ ကလည်း ကျင်းပရန် တကြိမ် စီစဉ်ခဲ့ပါသေးသည်။ ထိုစဉ်က အဆိုပါဆွေးနွေးပွဲကျင်းပနိုင်ရန် လူမှုအခြေပြုသျှမ်းအဖွဲ့အစည်းများက ဒေသခံလူထုနှင့်ကွင်းဆင်းတွေ့ဆုံစဉ် အစိုးရတပ်မတော်ဘက်က ဟန့်တားသဖြင့် တွေ့ဆုံပွဲများပျက်ပြားကာ သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေး ပွဲကျင်းပရန်အတွက်ပါ ပျက်ပြားခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မောက်မယ် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၈ ဦး RCSS ထံ ဘက်ပြောင်းခိုလှုံ

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ စုစုပေါင်း (၇၈) ဦးတို့ RCSS တပ်ဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) တွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

7 EAO Alliance ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သွားပြီး NSPNC နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေး

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့မှ နေပြည်တော်သို့ သွားရောက်ကာ အသွင်ပြောင်းစစ်အစိုးရ အသစ်ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇွန်လ ၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး...

ဗိုလ်ချုပ်ကြီးယွက်စစ်ကို စစ်တပ်ဘက်မှ တိုက်လေယာဉ်ဖြင့် အနီးကပ်ပျံသန်း ခြိမ်းခြောက်ခဲ့ကြောင်း RCSS ပြော

0
သျှမ်းပြည် နမ့်စန်မြို့နယ် ခိုလမ်မြို့အနီးသို့ ရောက်ရှိနေသော RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် အဖွဲ့အား စစ်တပ်ဘက်မှ တိုက်လေယာဉ်တစ်စင်းဖြင့် အနီးကပ် ခြိမ်းခြောက်ပျံသန်းခဲ့ကြောင်း RCSS ဘက်မှ ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (မေလ ၂၇ ရက်) နံနက် ၁၀ နာရီကျော်တွင် နမ့်စန်မြို့နယ် ခိုလမ်မြို့၊...