Tuesday, January 27, 2026

အခြေအနေအရပ်ရပ်ကြောင့် သျှမ်း ND အတွက် အသေအချာမသိသေး RCSS ပြော

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ( ၂၁ ရာစုပင်လုံညီလာခံ စတုတ္ထအကြိမ်) ကိုသတ်မှတ်ထားသည့်အချိန်အတွင်း ကျင်းပနိုင်ရေးအတွက် သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပရန် RCSS/SSA က စီစဉ်နေသော်လည်း အခြေအနေအရပ်ရပ်ကြောင့် ကျင်းပမည့်ရက်မပြောနိုင်သေးကြောင်း ပြောခွင့်ရပုဂ္ဂိုလ်ကပြောပါသည်။

Photo credit to Langkhur youth

NCA လက်မှတ်ရေးထိုးခဲ့သည့် RCSS/SSA မှ ဦးဆောင်ကျင်းပမည့် သျှမ်းအမျိုးသားအဆင့် ND နှင့်ပတ်သက်ပြီး ဗိုလ်မှူးကြီးအုမ်ခေးက သျှမ်းသံတော်ဆင့်အား – “ဘယ်နေ့ကျင်းပမလဲဆိုတာလည်းအသေအချာမသိရသေးဘူး။ လုပ်ဖြစ်မလား အလုပ်ဖြစ်ဘူးလားဆိုတာလည်း မပြောတတ်သေးဘူး။ ခုက အခြေအနေအရပ်ရပ်ကိုစောင့်ကြည့်နေရတယ်။ ခုဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကိစ္စရော ၊ လက်ရှိနိုင်ငံရေးကိစ္စတွေရောဘဲ။ အဖက်ဖက်ကနေ ဆွေးနွေးနေရတယ် ”- ဟု ပြောသည်။

မည်သို့ပင်ဆိုစေ သျှမ်း ND ဖြစ်မြောက်မှုသည် RCSS နှင့် တပ်တို့ကြားဆွေးနွေးမှု အစိုးရနှင့်တပ်မတော်ကြားအဆင်ပြေမှုအပေါ်သာမူတည်ကြောင်း ပါ၀င်သည့်အရာရှိတဦးက- “မကြာခင်ရက်ပိုင်းအတွင်း တပ်မတော်နဲ့ RCSS တွေ့ဆုံဆွေးနွေးမယ်။ အဲတာကိုစောင့်ကြည့်ရမယ် ” – ဟုပြောသည်။

ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် (ကို၀စ်-၁၉) ကြောင့်ရိုးရာပွဲလမ်းသဘင်နှင့်လူစုလူဝေး မပြုလုပ်ရန်အတွက် သျှမ်းပြည်နယ် အစိုးရက ထုတ်ပြန်ထားသည်။ ထို့အပြင် ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၂၉ ရက်နေ့အထိ အစိုးရတပ်မတော်နှင့် RCSS ကြားဖြစ်ပွါးသောတိုက်ပွဲကြောင့်လည်း ယနေ့အထိ စစ်ရေးတင်းမာမှုမပြီးပြတ်သေးပေ။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပြောခွင့်ရ စိုင်းလိတ်က – “အခုအချိန်မှာ ကျနော်တို့ ဆန္ဒစောပြီးတော့ သျှမ်း ND ကို ကျင်းပခဲ့မယ်ဆိုရင် ၊ တကယ်လို့ ပွဲတက်တဲ့သူတွေ ကိုရိုနာဖြစ်လာခဲ့ရင် လူတွေပြောစရာဖြစ်ပါလိမ့်မယ်။ ကိုရိုနာ ကူးစက်မြန်ရောဂါ ကြောင့်တကမ္ဘာလုံး လူစုလူဝေး မရှိစေဖို့ တိုက်တွန်းနေချိန်မှာ ကျနော်တို့လည်း သျှမ်း ND ကို ခနတော့ဆိုင်းငံ့ထားသင့်တယ်၊ သို့မဟုတ်ရက်ရွှေ့ဆိုင်းထားသင့်တယ်ဆိုတဲ့အကြောင်း RCSS ကိုတိုက်တွန်းချင်ပါတယ်။” – ဟုသျှမ်းသံတော်ဆင့်အားပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ သို့မဟုတ် ၂၁ ရာစုပင်လုံညီလာခံ စတုတ္ထအကြိမ်ကို ၂၀၂၀ ၏ ပထမ ၄ လ ပတ်အတွင်းကျင်းပရန်အစိုးရက စီစဉ်ထားရာ RCSS/SSA အနေဖြင့် သျှမ်း အမျိုးသားအဆင့်နိုင်ငံရေးဆွေး နွေးပွဲကို မတ်လအတွင်းကျင်းပပြုလုပ်ရန် စီစဉ်ထားသည်။ UPDJC အတွင်းရေးမှူးများအဖွဲ့လည်း ၂၁ ရာစုပင်လုံညီလာခံ စတုတ္ထအကြိမ် ကျင်းပနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်နေပါသည်။

အဆိုပါ သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ND ကို ၂၀၁၈ ကလည်း ကျင်းပရန် တကြိမ် စီစဉ်ခဲ့ပါသေးသည်။ ထိုစဉ်က အဆိုပါဆွေးနွေးပွဲကျင်းပနိုင်ရန် လူမှုအခြေပြုသျှမ်းအဖွဲ့အစည်းများက ဒေသခံလူထုနှင့်ကွင်းဆင်းတွေ့ဆုံစဉ် အစိုးရတပ်မတော်ဘက်က ဟန့်တားသဖြင့် တွေ့ဆုံပွဲများပျက်ပြားကာ သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေး ပွဲကျင်းပရန်အတွက်ပါ ပျက်ပြားခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပြည်ထောင်စု ပြဿနာ နိဂုံးချုပ်သင့်ပြီ။

0
ဆောင်းရောက်လေပြီ။ အေးမြသည့် ဆောင်းရာသီနှင့်အတူ သျှမ်းပြည်မြောက်ပိုင်း၌ သေနတ်သံများ တိတ်ဆိတ်နေပြီ ဖြစ်သည်။ မရေရာမှုများစွာ ဖြစ်ပေါ်နေဆဲ ဆိုပေမယ့် ငြိမ်းချမ်းတော့မည်လော၊ သို့တည်းမဟုတ် နိုင်ငံရေးအရ ပိုမိုရှုပ်ထွေးပြီး ပို၍ ပြင်းထန်သည့် အနာဂတ် တိုက်ပွဲများအတွက် ပြင်ဆင်နေကြပြီလော။ ဒုတိယ ကမ္ဘာစစ် မဖြစ်ပွားမီ စစ်ကြိုကာလက အစပြုခဲ့သည့် ခေတ်သစ်...

နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းကြောင့် NCA အကောင်အထည် မဖော်နိုင်ခဲ့ဟု RCSS ပြော

0
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ရည်မှန်းထားသည့်အတိုင်း မဆောင်ရွက်နိုင်ခဲ့ခြင်းသည် နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းကြောင့် RCSS က ပြောဆိုလိုက်သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားတစ်ပိုင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား လက်မှတ်ရေးထိုးခဲ့သည့်...

ညီနောင်မဟာမိတ်ဆန့်ကျင်ကြောင်း စစ်ကော်မရှင်ဆန္ဒပြခိုင်းမှု တိုင်းရင်းသားအချင်းချင်း ပဋိပက္ခဖြစ်အောင် ဖန်တီးနေဟု RCSS ပြော

0
သျှမ်းပြည်တောင်ပိုင်း ဒေသခံများကို စစ်ကော်မရှင်လက်အောက်ခံများက ညီနောင်မဟာမိတ်တပ်များကို ဆန့်ကျင်ကြောင်း ဆန္ဒပြခိုင်းခြင်းသည် တိုင်းရင်းသားအချင်းချင်း ပဋိပက္ခဖြစ်အောင် ဖန်တီးနေခြင်းဖြစ်ကြောင်း RCSS/SSA ဘက်က ပြောဆိုလိုက်သည်။ ယနေ့ (ဩဂုတ်လ ၁၈ ရက်) နံနက်ပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းရှိ မိုးနဲမြို့၊ မိုင်းပန်မြို့နှင့် ကွန်ဟိန်းမြို့တို့မှ ဒေသခံများကို စစ်ကော်မရှင်လက်အောက်ခံများမှ ညီနောင်မဟာမိတ်အဖွဲ့ဝင် TNLA...

နမ့်စန်မြို့နယ် မွေတော်ဘုရားပွဲသို့ RCSS ဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ် တက်ရောက်ခဲ့

0
သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်သည် နမ့်စန်မြို့နယ် ဝမ်နောင်ကျေးရွာအုပ်စုရှိ မွေတော်ဘုရား ဓမ္မာရုံ ရေစက်ချလှူဒါန်းပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (မတ်လ ၁၉ ရက်) မွန်းလွဲပိုင်း၌ နမ့်စန်မြို့နယ် ဝမ်နောင်ကျေးရွာအုပ်စု ဟိုတိကျေးရွာရှိ တိလုံမွေတော်ဘုရားတွင် ပြုလုပ်သည့် စေတီရေစက်ချ...

မိုင်းကိုင်မြို့နယ် ဆားတောဒေသခံ ရှော့တိုက်မိုင်းအန္တရာယ်ကြောင့် ကျေးရွာအတွင်း မနေရဲ

0
သျှမ်းပြည် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု ဆားတောကျေးရွာမှ ဒေသခံများသည် သျှမ်းတပ်နှစ်တပ်အကြား ရှော့တိုက်မိုင်းအန္တရာယ်ကြောင့် ကျေးရွာအတွင်း မနေရဲကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ လဆန်းပိုင်းမှ စတင်ပြီး မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုရှိ ဆားတောကျေးရွာမှ ဒေသခံများသည် သျှမ်းတပ်နှစ်တပ်အကြား ထောင်ထားသည့် မိုင်းပေါက်ကွဲပါက သူကြီးနှင့် ရွာသားများ ခေါ်ယူစစ်ဆေးခံရခြင်းကြောင့် ရှော့တိုက်မိုင်းအန္တရာယ် စိုးရိမ်ကာ...