FPNCC ကို ဖိတ်လျှင် SSPP လည်း ၂၁ ပင်လုံညီလာခံတက်မည်

သြဂုတ်လအတွင်းကျင်းပရန်ပြင်ဆင်နေကြသည့် ၂၁ ရာစုပင်လုံညီလာခံ သို့ မဟုတ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ FPNCC  ကို ဖိတ်ကြားပါက  SSPP လည်းညီလာခံတက်ရောက်မည်ဟု SSPP ကပြောဆိုလိုက်သည်။

၂၁ ရာစုပင်လုံညီလာခံ စတုတ္ထအကြိမ်ကျင်းပနိုင်ရေး  ဇူလိုင်လနှောင်းပိုင်းကစပြီး ယနေ့အထိ နေပြည်တော်တွင် အစိုးရကိုယ်စားလှယ်နှင့်NCA  လက်မှတ်ထိုး တိုင်းရင်းသားကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးကာပြင်ဆင်နေပြသည်။  အဆိုပါတွေ့ဆုံဆွေးနွေးပြင်ဆင်ရေးတွင် NCA  လက်မှတ်မထိုးရသေးသည့် အဖွဲ့များကိုလည်း ပါ၀င်စေလိုကြောင်းပြောဆိုတိုက်တွန်းထားသည်။ သို့သော်ယနေ့တိုင်  နေပြည်တော်အစိုးရက အပစ်ရပ်လက်မှတ်မထိုးရသေးသည့် ၀ တပ်ဖွဲ့ဉီးဆောင်သော FPNCC အား ဖိတ်ကြားခြင်းမရှိသေးပေ။

ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA ပြောခွင့်ရ ဗိုလ်မှူးစ၀်သန်းအောင်က – “လာမယ့် ၂၁ ရာစုပင်လုံညီလာခံကနေ ကျနော်တို့ SSPP/SSA က  မျှော်လင့်ချက်ကြီးကြီးမားမားမရှိဘူး။ ညီလာခံတက်မလား မတက်ဘူးလားဆိုတာကတော့ FPNCC ကိုစောင့်ကြည့်ရပါမယ်။ ဖိတ်ကြားခံရမယ်ဆိုရင်တော့ အားလုံးအတူတူ တက်ကြပါမယ်။ ကျနော်တို့က FPNCC အဖွဲ့၀င်ဆိုတော့ နိုင်ငံရေးအပိုင်းဆိုရင် FPNCC ကိုဘဲ စောင့်ကြည့်ရပါမယ် ”- ဟုသျှမ်းသံတော်ဆင့်အားပြောသည်။

၂၁ ရာစု ပင်လုံညီလာခံအား သြဂုတ်လ ဒုတိယအပတ်တွင်ကျင်းပရန်စီစဉ်ထားကြသော်လည်း ပြင်ဆင်ရေးအပိုင်းနှင့်  ရှေ့လုပ်ငန်းစဉ်များ အတွက်မပြီးပြတ်နိုင်သေးသဖြင့် ညီလာခံအား သြဂုတ်လ ၁၉ ရက်မှ ၂၁ ရက်နေ့အထိ ရွှေ့ဆိုင်းထားသည်ဟုသိရပါသည်။

၂၁ ရာစုပင်လုံညီလာခံ ဒုတိယအကြိမ်

သျှမ်းပြည်မြောက်ပိုင်း ရှမ်းလူငယ်များအဖွဲ့ TYO ဉက္ကဌ စိုင်းဟန် က-  “လာမယ့် ၂၁ ရာစုပင်လုံညီလာခံကနေ  ရိုးသားမှုရှိဖို့ ၊ စစ်မှန်သောငြိမ်းချမ်းရေးကို တကယ်ရချင်သော စိတ်ဆန္ဒရှိဖို့အတွက် ကျနော်တို့ လူထုက အလိုရှိပါတယ်။”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

တဖက်ကလည်း သျှမ်းပြည်မြောက်ပိုင်းသို့ အစိုးရတပ်မတော်က အင်အားဖြည့်တင်းနေမှုကြောင့် တိုက်ပွဲများဖြစ်ပွါးမည်ကို လူထုကစိုးရိမ်နေကြပြီး လာမည့် ၂၀၂၀ ရွေးကောက်ပွဲ မကျင်းပနိုင်မည်ကို စိုးရိမ်နေကြကြောင်းသိရသည်။ တဖက်တွင်လည်း ၂၁ ရာစုပင်လုံညီလာခံတက်ရောက်မည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား ခြိမ်းခြောက်မှုတရပ်လည်းဖြစ်နိုင်ကြောင်း သုံးသပ်နေသူများလည်းရှိသည်။

၂၁ ရာစုပင်လုံညီလာခံ စတုတ္ထအကြိမ်အား ၂၀၁၉ ခုနှစ်ကတည်းက ကျင်းပရန်အစိုးရက စီစဉ်ထားသည်။ သို့သော်ဆွေးနွေးမှုများတစ်ဆို့မှုများကြောင့် ယနေ့တိုင်မကျင်းပနိုင်သေးဘဲရှိခဲ့ပါသည်။ပြီးခဲ့သည့် တတိယအကြိမ် ပင်လုံညီလာခံကလည်း ပြည်ထောင်စုမှ ခွဲမထွက်ရ ၊ လက်နက်ဖျက်သိမ်းရေး  ၊ တပ်မတော်တခုတည်းထားရှိရေးမူတို့နှင့်ပတ်သက်ပြီး ဆွေးနွေးနိုင်ခဲ့ခြင်းမရှိခဲ့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...

SSPP ကိုယ်စားလှယ်အဖွဲ့နှင့် NSPNC နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အသွင်ပြောင်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၂ ရက်) နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ SSPP ဒုဥက္ကဋ္ဌဖြစ်သူ...