Tuesday, January 27, 2026

သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ မေလမတိုင်မှီ ကျင်းပမည်ဟု RCSS/SSA ပြော

၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ်တွင်ပါ၀င်နိုင်ရေးအတွက် သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို မေလမတိုင်ခင် ကျင်းပနိုင်ရန်စီစဉ်နေကြောင်း RCSS/SSA ကပြောဆိုလိုက်သည်။

RCSS/SSA ၏အတွင်းရေးမှူး ၃ ဗိုလ်မှူးကြီးစိုင်းငင်း

“သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ဖို့က စစ်တပ်ကိုရော၊ အစိုးရဘက်ကိုရောဆွေးနွေးမယ်။ တဖက်ကလည်း RCSS အနေနဲ့ ပါတီကိုရော တခြားအဖွဲ့အစည်းတွေ၊လူမှုအဖွဲ့အစည်းတွေနဲ့ဆွေးနွေးမယ်။ အဆင်ပြေလွယ်ကူအောင်ဘယ်လိုလုပ်ဆောင်သွားမလဲ ၊ အလုပ်ဖြစ်အောင်ဘယ်လိုလုပ်မလဲ ဆိုတာပေါ့။ အစီအစဉ်ထပ်ချဦးမယ်။ ရှိတဲ့အချိန် ၂ လအတွင်းမှာအထမြောက်အောင်မြင်အောင် လုပ်ဆောင်ရမှာဖြစ်တယ် ”- ဟု RCSS/SSA ၏အတွင်းရေးမှူး ၃ ဗိုလ်မှူးကြီးစိုင်းငင်း ကပြောသည်။

သို့သော် ပြုလုပ်ကျင်းပမည့်အချိန်နှင့်နေရာကိုမူ အဖွဲ့အစည်းများဆွေးနွေးညှိနှိုင်းပြီးမှသာသိရှိနိုင်မည်ဖြစ်ကြောင်းပြောဆိုပါသည်။

ဒီဇင်ဘာလက သျှမ်းလူထုနှင့် CSSU တွေ့ဆုံမှုအား အစိုးရ၏တပ်မတော်မှ လိုက်လံတားမြစ်ပြီးသည့်နောက်ပိုင်း လင်းခေးတွင်ကျင်းပမည့် သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲပျက်ပြားခဲ့ပြီးနောက် မေလတွင်ကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ်မတိုင်မှီ သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမည်ဖြစ်ကြောင်း UPDJC မှအတွင်းရေးမှူးအဖွဲ့ဝင် ဗိုလ်မှူးကြီးစိုင်းငင်း ကပြောသည်။

“ကျနော်တို့လူထုဆန္ဒမပါရင် ၂၁ ရာစုပင်လုံညီလာခံမှာဘာမှဆွေးနွေးနိုင်မှာမဟုတ်ဘူးလေ သျှမ်းက။ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲက တရားဝင်ဆိုတော့ ရရှိလာတဲ့လူထုဆန္ဒတွေကို တရားဝင်သွားအောင် အဲဒီဆွေးနွေးပွဲမှာ လာပြီး စီစစ်မယ်။နိုင်ငံရေးမူဘောင်အရဆိုရင်လည်း လူထုဆန္ဒကို အမျိုးသားအဆင့်ဆွေးနွေးပွဲမှာလာပြီး အတည်ပြုရမယ်။စာတမ်းရရှိလာမှ ငြိမ်းချမ်းရေးညီလာခံမှာသွားပြီးတင်ပြနိုင်မယ်လေ”- ဟု RCSS/SSA ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တလျှောက်ဦးဆောင်လာခဲ့သူ ဗိုလ်မှူးကြီးစိုင်းငင်းကသျှမ်းသံတော်ဆင့် အားပြောပြသည်။

 

၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ် အား မေလလယ်ပိုင်းတွင်ကျင်းပရန်အတွက် ဖေဖော်ဝါရီလ ၂၇ နှင့် ၂၈ ရက်နေ့တွင် နေပြည်တော်၌ကျင်းပသော UPDJC ၏ ရ ကြိမ်မြောက်အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ကြသည်။

 

သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့တွင် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပ ရန် -၂၀၁၇ နိုဝင်ဘာလက နေပြည်တော်တွင် ကျင်းပသည့် ၆ ကြိမ်မြောက် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲ ရေး စာချုပ် အကောင်အထည်ဖေါ်မှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ JICM အစည်းအဝေး မှ သဘော တူညီမှု ရရှိခဲ့ကြသည်။ သို့သော် ဆွေးနွေးပွဲ ဖြစ်မြောက်ရေးကော်မတီမှ သျှမ်းလူထုအား ကွင်းဆင်း တွေ့ဆုံစဉ် တပ်မတော်မှ လူသူစစ်လက်နက် အင်အားအပြည့်အစုံဖြင့် ဆွေးနွေးပွဲများအား တားမြစ် ပိတ်ပင်ခဲ့သောကြောင့် ၂၀၁၈ ဂျန္နဝါရီ ၁၂ – ၁၄ ရက် အထိ လင်းခေးမြို့တွင် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန် စီစဉ်ထားမှုအား အကန့်အသတ်မရှိ ရက်ရွှေ့ဆိုင်းလိုက်ကြောင်း ၂၀၁၈ ဂျန္နဝါရီလ ၈ ရက်နေ့က သျှမ်းပြည်တပ်မတော် RCSS/ SSA မှ ထုတ်ပြန်ကြေငြာသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခွဲမထွက်ရေး ဆိုတဲ့အချက် NCA မှာမပါလို့ အဲတာကိုလက်မခံပါဘူး (RCSS/SSA အတွင်းရေးမှူး ၃ ဗိုလ်မှူးကြီးစိုင်းငင်း နှင့် ဆက်သွယ်မေးမြန်းချက်)

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကို နို၀င်ဘာလ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့တွေမှာ ကျင်းပခဲ့ပါတယ်။ အစည်းအဝေးမှာ အကြံပေးပုဂ္ဂိုလ်များ၊ ဗဟိုအလုပ်အမှုဆောင် မတီဝင်များ၊ ဗဟိုဦးစီးကော်မတီဝင်များနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီဝင်များ တက်ရောက်ခဲ့ပါတယ်။ NCA သဘောတူညီချက် အကောင်အထည်ဖော်မှုနဲ့ပတ်သက်တာတွေ၊ အောက်တိုဘာလ ၁၅...