Wednesday, January 28, 2026

၂၀၁၈ ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည်ဟုရွေးကောက်ပွဲကော်မရှင်ကြေငြာ

မြန်မာနိုင်ငံနှင့်တဝှမ်း လစ်လပ်နေသောလွှတ်တော်ကိုယ်စားလှယ်နေရာ ၁၃ နေရာအား ပြန်လှယ်ရွေးကောက်တင်မြှောက်ဖြည့်ဆီးနိုင်ရေး ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန်စီစဉ်နေကြောင်းရွေးကောက်ပွဲကော်မရှင်ကကြေငြာလိုက်သည်။


ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန်အတွက် မဲပေးပိုင်ခွင့်ရှိသူများစာရင်းကို ဧပြီလ ၁၉ ရက်နေ့ကစပြီး ၅ ပတ်အတွင်းအပြီးကောက်ခံသွားရမည်ဖြစ်ကြောင်းလည်းကြေငြာထားသည်ဟုဆိုပါသည်။

မြန်မာနိုင်ငံအဝှမ်းလစ်လပ်နေသော ကိုယ်စားလှယ်နေရာ ၁၃ နေရာအနက် သျှမ်းပြည်နယ်တွင် ၁ နေရာပါ၀င်ပါသည်။

လဲချားမြို့နယ် ကျားခေါင်းပါတီ၏ ပြည်နယ်လွှတ်တော်အမတ် စိုင်းကျော်ဇေယျက – ကျနော်တို့လဲချားမြို့မှာလစ်လပ်နေတဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းမွန်းနေရာမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ကျနော်တို့ ဘာမှမစီစဉ်ရသေးပါဘူး။ ဗဟိုနဲ့သွားပြီးဆွေးနွေးရပါမယ်။ ဘယ်လိုလုပ်သင့်သလဲဆိုတာ။ခုလောလောဆယ်တော့ တခြားပါတီလည်း ၀င်ပြိုင်ဖို့ဘာဖို့ ဘာမှလည်းမသိရသေးပါဘူး။အရင်တွေတုန်းကအတိုင်းဘဲဖြစ်မယ်ထင်ပါတယ်။ ကျားဖြူပါတီ ကျားခေါင်းပါတီ NLD နဲ့ ကြံ့ဖွံ့ ပေါ့ – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

လစ်လပ်နေသော ၁၃ နေရာမှာ ရန်ကုန်တိုင်း၊ ချင်းပြည်နယ်၊ သျှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ် စသည်တို့ဖြစ်ကြောင်းသိရသည်။

၂၀၁၇ ခုနှစ်က လည်း ကြားဖြတ်ရွေးကောက်ပွဲတကြိမ်ကျင်းပခဲ့ပြီးဖြစ်ပါသည်။ ထိုစဉ်က မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်းအသီးသီးမှလစ်လပ်မဲဆန္ဒနေရာ ၁၉ ခုရှိရာ ၀င်ရောက်ယှဉ်ပြိုင်သည့် ပါတီ ၄၂ ခု ၊ တသီးပုဂ္ဂလ ရ ဦးမှ စုစုပေါင်းဝင်ရောက်ယှဉ်ပြိုင်သည့်ကိုယ်စားလှယ် ၈၈ ဦးရှိပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကြားဖြတ်ရွေးကောက်ပွဲ သျှမ်းလူမျိုး မဲဆန္ဒရှင်များ မဲပေးမှုနည်းပါး

0
ယနေ့နိုဝင်ဘာ ၃ ရက် ၂၀၁၈ တွင်ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲအား သျှမ်းလူမျိုး မဲဆန္ဒရှင်များ မဲလာပေးမှု နည်းနေသည်ဟု ဒေသခံများ၊ ဆိုင်ရာ ပါတီများက ပြောသည်။ လစ်လပ်နေသည့် လွှတ်တော်အမတ် နေရာ ၁၃ နေရာအတွက် မဲပေးရွေးချယ်ရန် ယနေ့နံနက် ၆ နာရီမှ ညနေ ၄...

လဲချားမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရွေးချယ်ရေး မဲပေးပိုင်ခွင့်ရှိသူ ၃၉၀၀၀ ကျော်ရှိ

0
နိုဝင်ဘာလ ၃ ရက်နေ့ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အတွက်မဲပေးပိုင်ခွင့်ရှိသူ  ၃၉၀၀၀ ကျော်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့်စာရင်းအရသိရသည်။ လဲချားဒေသခံ စိုင်းနွံ က- ကျနော်တို့လေ့လာကြည့်သလောက်တော့ ၃၀ ရာခိုင်နှုန်းလောက်က သျှမ်းပါတီတွေ မပေါင်းလို့မဲမထည့်ချင်ဘူး လို့ပြောကြတဲ့သူတွေဘဲ။ ကျနော့်သဘောထားကတော့ မဲပေးပိုင်ခွင့် အခွင့်အရေးကကိုယ့်အတွက်တကယ့်အခွင့်အရေးဘဲ။ ဒါကြောင့်လူတိုင်းကို...

သျှမ်း/တောင် လဲချားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အတွက် သျှမ်းပါတီ ၂ ခု အပြိုင်စည်းရုံးရေးဆင်း

0
သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ် လစ်လပ်နေသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ယှဉ်ပြိုင်ကြမည့် ကျားဖြူပါတီနှင့်ကျားခေါင်းပါတီတို့ တပြိုင်တည်း စည်းရုံးရေးဆင်းနေကြကြောင်း လဲချားမြို့ခံများကပြောသည်။ နို၀င်ဘာလ ၁ ရက်နေ့ ည ၁၂ နာရီအချိန်တွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် စည်းရုံးရေးကာလ ကုန်ဆုံးပြီဖြစ်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် လဲချားမြို့နယ်တွင် ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ အပြိုင်စည်းရုံး ရေးဆင်းနေကြခြင်းဖြစ်ပြီး သျှမ်းပါတီ...

ကြားဖြတ်ရွေးကောက်ပွဲအတွက် ကျားဖြူပါတီစည်းရုံးရေးဆင်း  

0
နို၀င်ဘာလ ၃ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် သျှမ်းတိုင်းရင်းသားများဒီမိုက ရက်တစ်ပါတီ SNDP မှ မန္တလေးတိုင်းအတွင်းနှင့် သျှမ်းပြည်နယ်လဲချားမြို့နယ်အတွင်းစည်းရုံးရေး ဆင်းနေပြီဖြစ်ကြောင်းသိရသည်။ မန္တလေးတိုင်း သျှမ်းတိုင်းရင်းသားရေးရာဝန်ကြီးအတွက် ယှဉ်ပြိုင်မည့် ကျားဖြူပါတီမှ ဦးစိုင်းကျော်အုန်းနှင့် လဲချားမြို့နယ်တွင် ယှဉ်ပြိုင်မည့် စိုင်းရွှေဆိုင်းတို့မှ စက်တင်ဘာလဆန်းကစပြီး စည်းရုံးရေးဆင်းနေပြီဖြစ် ကြောင်းသိရသည်။ "သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဥက္ကဌ စိုင်းအိုက်ပေါင်းက...

ကြားဖြတ်ရွေးကောက်ပွဲအတွက် SNLD ၏ ပြင်ဦးလွင် စည်းရုံးရေးခရီးစဉ် တခုဟန့်တားခံရ

0
ကြားဖြတ်ရွေးကောက်ပွဲအတွက် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်အတွင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ စည်းရုံးရေးဆင်းရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ဟန့်တားမှုပြုခဲ့သည်ဟု သိရှိရသည်။ စက်တင်ဘာလ ၂၁ ရက် SNLD ကျားခေါင်းပါတီ ကား ၆ စီးခန့်ရှိ စည်းရုံးရေးအဖွဲ့ က ပြင်ဦးလွင်မြို့ ရပ်ကွက် ကြီး ၂၀ နောင်ခမ်းကြီးကျေးရွာသို့ရောက်ရှိစဉ် -...