Wednesday, January 28, 2026

သျှမ်း/တောင် လဲချားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အတွက် သျှမ်းပါတီ ၂ ခု အပြိုင်စည်းရုံးရေးဆင်း

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ် လစ်လပ်နေသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ယှဉ်ပြိုင်ကြမည့် ကျားဖြူပါတီနှင့်ကျားခေါင်းပါတီတို့ တပြိုင်တည်း စည်းရုံးရေးဆင်းနေကြကြောင်း လဲချားမြို့ခံများကပြောသည်။

Photo by SNDP /ကြားဖြတ်ရွေးကောက်ပွဲအတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ဥက္ကဌ စိုင်းအိုက်ပေါင်းကိုယ်တိုင် လဲချားမြို့တွင်ကွင်းဆင်းမဲဆွယ်

နို၀င်ဘာလ ၁ ရက်နေ့ ည ၁၂ နာရီအချိန်တွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် စည်းရုံးရေးကာလ ကုန်ဆုံးပြီဖြစ်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် လဲချားမြို့နယ်တွင် ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ အပြိုင်စည်းရုံး ရေးဆင်းနေကြခြင်းဖြစ်ပြီး သျှမ်းပါတီ ၂ ခုဖြစ်သော ကျားခေါင်းနှင့်ကျားဖြူပါတီမှာ ယခုတလောတပြိုင်တည်း စည်းရုံး ရေးဆင်းနေခြင်းဖြစ်သည်ဟု လဲချားမြို့နယ်လူငယ်စိုင်းအိုက် ကပြောသည်။

“၂ ပါတီကတော့ အပြိုင်ပေါ့။ သူ့ပရိသတ်နဲ့သူ ထိုက်သင့်တဲ့သူ့အင်အားနဲ့သူတော့ရှိပါတယ်။ ဘယ်သူနိုင် နိုင်ဖွယ် ရှိလဲဆိုတော့ခန့်မှန်းမပြောတတ်ဘူးလောလောဆယ်။ မဲပေးတဲ့နေ့ဘဲစောင့်ကြည့်ရမယ်လေ။ – ဟုသျှမ်းသံတော်ဆင့်အားပြောသည်။

SNLD ကျားခေါင်းပါတီ မှာ တရွာဝင်တရွာထွက်စည်းရုံးရေးဆင်းနေပြီး SNDP ကျားဖြူပါတီမှာမူ အောက်တိုဘာလ ၃၀ ရက်နေ့ ယနေ့မနက်ပိုင်းကတည်းက ပါတီဥက္ကဌ စိုင်းအိုက်ပေါင်းကိုယ်တိုင် လဲချားတွင်စည်းရုံးရေးဆင်းနေကြောင်း ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာမူ သာမာန်အားဖြင့်သာ စည်းရုံးရေးဆင်းမှုပြုကြောင်း စိုင်းအိုက် ကပြောသည်။

“ကျားဖြူပါတီကအသံချဲ့စက်နဲ့ ဆော်သြစည်းရုံးနေတယ်။ NLD ကတော့ သာမာန်လောက်ပါဘဲ။ လက်ကမ်းစာစောင်လေးတွေဝေတယ်အဲလောက်ဘဲ – ဟုစိုင်းအိုက်ကပြောသည်။

လဲချားမြို့နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်သူများမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD မှ စိုင်းကောင်ခမ်း(ခေါ်)စိုင်းဥက္ကာ ၊ ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီ SNDP မှစိုင်းရွှေဆိုင်း နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ စိုင်းအောင်ထွန်းလေး တို့ဖြစ်ကြပြီး ကြံ့ခိုင်ရေးပါတီ USDP မှာမူ ယှဉ်ပြိုင်ခြင်းမရှိကြောင်း သိရသည်။

Photo by SNLD / လဲချားမြို့ ကျေးလက်များတွင် SNLD ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ စည်းရုံးရေးဆင်းနေပုံ

၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိ ခဲ့သော လဲချားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကျားခေါင်းပါတီဝင်စိုင်းမွန်းမှာ ယမန်နှစ်နှောင်းပိုင်းက ကွယ်လွန်သွားခဲ့သဖြင့်၄င်းနေရာလစ်လပ်နေခြင်းဖြစ်သည်။

NLD အစိုးရလက်ထက် ဒုတိယအကြိမ်မြောက်ကြားဖြတ်ရွေးကောက်ပွဲကို နို၀င်ဘာလ ၃ ရက်နေ့တွင်ကျင်းပမည်ဖြစ်ရာ မြန်မာတနိုင်ငံလုံးလစ်လပ်နေသောမဲဆန္ဒနယ် ၁၃ နယ်ရှိပြီး ၄င်းအတွက် ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ် လောင်း ၆၉ ဦးရှိကြောင်းသိရသည်။

လစ်လပ်နေရာ ၁၃ နေရာအနက် သျှမ်းနှင့်သက်ဆိုင်သောလစ်လပ်နေရာ ၂ နေရာရှိပါသည်။ လဲချားမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အတွက်တနေရာနှင့် မန္တလေးတိုင်းဒေသကြီး သျှမ်းတိုင်းရင်းသားရေးရာဝန်ကြီးအတွက်တနေရာတို့ဖြစ်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လဲချားမြို့ စိုက်ပျိုးရေးပစ္စည်းရောင်းသူ နေအိမ်ကို  ဓားပြတိုက်ခံရ

0
သျှမ်းပြည် လဲချားမြို့ စိုက်ပျိုးရေး ရောင်းဝယ်သည့် မိသားစု နေအိမ်ကို အမည်မသိ လက်နက်ကိုင်အမျိုးသား၅ဦး က ဝင်ရောက် ဓားပြတိုက်ခဲ့ပြီး ကျပ်သိန်း ၂ထောင်ခန့်ပါသွားကြောင်း သတင်းရရှိသည်။   ယမန်နေ့ ( အောက်တိုဘာလ ၃ ရက်) ညနေ ၄ နာရီဝန်းကျင် လဲချားမြို့ ရပ်ကွက် (...

လဲချားမြို့ ဈေးအတွင်းရှိ “ခမ်းလီ”ရွှေဆိုင် ဓားပြတိုက်ခံရ

0
သျှမ်းပြည် လဲချားမြို့ရှိ ဈေးအတွင်း၌ ဖွင့်လှစ်ထားသော "ခမ်းလီ"ရွှေဆိုင်အား အမည်မသိ အမျိုးသားတစ်ဦး၏ သေနတ်ဖြင့်ခြိမ်းခြောက်ကာ ဓားပြတိုက်ခြင်းခံရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၃ ရက်) နေ့လယ် ၂ နာရီခွဲခန့်က လဲချားမြို့ ရပ်ကွက်(၁)မှ ဈေးအရှေ့ဘက်တွင် လာရောက်ဖွင့်လှစ်ထားသော “ခမ်းလီ”ရွှေဆိုင်ကို အမည်မသိ အမျိုးသားတစ်ဦးက သေနတ်ဖြင့်ခြိမ်းခြောက်ပြီး...

လဲချားမြို့နယ် စစ်ကောင်စီက အရပ်သား ၂ ဦးကို သေနတ်နဲ့ ပစ်၊ ၁ ဦးသေ

0
သျှမ်းပြည် လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့ (သြဂုတ် ၁၆) ရက် နံနက်ပိုင်းတွင် ဆိုင်ကယ် စီးနင်းလာသည့် အရပ်သား နှစ်ဦးကို သေနတ်ဖြင့် ပစ်လိုက်သည့်အတွက် တစ်ဦးသေ တစ်ဦးဒဏ်ရာရသွားကြောင်း သိရသည်။ . ဖြစ်စဥ်မှာ ယနေ့ (သြဂုတ်လ ၁၆) ရက် နံနက်ပိုင်း ၁၁...

လဲချားမြို့နယ် စစ်ကောင်စီ ဂျက်လေယာဥ် ဖြင့် (၄) ကြိမ်ထက်မနည်း လာရောက်ပျံဝဲ

0
သျှမ်းပြည် လဲချားမြို့နယ်အတွင်း စစ်ကောင်စီ သည် ဂျက်ဖိုက်တာဖြင့် (၄) ကြိမ်ထက်မနည်း လာရောက် ပျံဝဲကြောင်း စုံစမ်း သိရှိရသည်။ . ပြီးခဲ့သည့် သြဂုတ် (၆) ရက်နေ့က စတင်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် ယမန်နေ့ သြဂုတ်...

လဲချားမြို့နယ် SSPP နှင့် တိုက်ရန် ပြည်သူ့စစ်များကို စစ်ကောင်စီ ခေါ်ယူ

0
သျှမ်းပြည် လဲချားမြို့နယ်အတွင်း စစ်ကောင်စီမှ စစ်အင်အား ဆက်တိုက် တိုးချဲ့နေသည့်အပြင် ပြည်သူ့စစ်တပ်ဖွဲ့ တစ်ဖွဲ့လျှင် တပ်သား ၁၀၀ ပါဝင်ပေးရန်လည်း တောင်းယူနေကြောင်း စုံစမ်းသိရသည်။ . စစ်ကောင်စီ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် ( SSPP/SSA) တို့ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း လဲချားမြို့နယ်အတွင်း စစ်ရေးတင်းမာ နေလျက်ရှိသည့်အပြင် စစ်ကောင်စီဘက်မှလည်း...