Thursday, January 29, 2026

ကြားဖြတ်ရွေးကောက်ပွဲအတွက် ကျားဖြူပါတီစည်းရုံးရေးဆင်း  

နို၀င်ဘာလ ၃ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် သျှမ်းတိုင်းရင်းသားများဒီမိုက ရက်တစ်ပါတီ SNDP မှ မန္တလေးတိုင်းအတွင်းနှင့် သျှမ်းပြည်နယ်လဲချားမြို့နယ်အတွင်းစည်းရုံးရေး ဆင်းနေပြီဖြစ်ကြောင်းသိရသည်။

Photo From Newspaper/ သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဥက္ကဌ စိုင်းအိုက်ပေါင်းက

မန္တလေးတိုင်း သျှမ်းတိုင်းရင်းသားရေးရာဝန်ကြီးအတွက် ယှဉ်ပြိုင်မည့် ကျားဖြူပါတီမှ ဦးစိုင်းကျော်အုန်းနှင့် လဲချားမြို့နယ်တွင် ယှဉ်ပြိုင်မည့် စိုင်းရွှေဆိုင်းတို့မှ စက်တင်ဘာလဆန်းကစပြီး စည်းရုံးရေးဆင်းနေပြီဖြစ် ကြောင်းသိရသည်။

“သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဥက္ကဌ စိုင်းအိုက်ပေါင်းက – ဒီ ၂ နေရာကို ကျနော်တို့ ကျားဖြူပါတီက အနိုင်ရရင် ကျနော်တို့သျှမ်းလူမျိုးအတွက် လူ့အခွင့်အရေး မျှတစွာရရှိရေး အတွက်လုပ်ဆောင်ပေးမယ်။ လမ်းပန်း ဆက်သွယ်ရေးလွယ်ကူချောမွေ့အောင်လုပ်ပေးမယ်။ ပညာရေး၊ ကျန်းမာရေး၊လျှပ်စစ်မီးရရှိရေး စတာတွေအတွက်လုပ်ပေးမယ်။” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

မန္တလေးတိုင်းဒေသကြီးရှိ သျှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ကျားခေါင်းပါတီမှ နန်းထွေးမှုံ၊ ကျားဖြူပါတီမှ စိုင်းကျော်အုန်းနှင့် ကြံ့ခိုင်ရေးပါတီမှ စိုင်းအောင်ကြည် ၊ NLD ပါတီမှ စိုင်းပန်းဆိုင်တို့မှလည်း ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ထို့အပြင် တသီးပုဂ္ဂလအနေဖြင့်လည်း ၁ ဦး ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ် ကြောင်းသိရသည်။

လဲချားမြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အတွက် ကျားဖြူပါတီမှ စိုင်းရွှေဆိုင်း၊ ကျားခေါင်းပါတီမှ စိုင်းဥက္ကာနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ စိုင်းအောင်ထွန်းလေး တို့က ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ် ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါ ကျားဖြူပါတီကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲမှ နုတ်ထွက်ရန် ဆုံးဖြတ်

0
သျှမ်းပြည် သီပေါမြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP ကျားဖြူပါတီ) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းသည် ရွေးကောက်ပွဲမှ နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ကြောင်း ကိုယ်ပိုင်လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။ ယနေ့ (ဇန်နဝါရီလ ၁၀ ရက်) တွင် သီပေါမြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ရှမ်းနှင့်...

လေယာဉ်ပစ် စက်သေနတ်ကြီးများ အသုံးချရန် လေ့ကျင့်ပြင်ဆင်ထားပြီဟု MDY PDF ဆို

0
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အင်ကြင်းမြိုင်ရွာ အနီးရှိ စစ်ကောင်စီ၏ အမှတ် (၁၀၁၄) လေကြောင်းရန် ကာကွယ်ရေးတပ် တိုက်ခိုက် သိမ်းပိုက်စဉ်က ရရှိခဲ့သည့် လေယာဉ်ပစ် စက်သေနတ်ကြီးများအား ပြန်လည် အသုံးချရန် လေ့ကျင့်ပြင်ဆင်ပြီး ဖြစ်သည်ဟု MDY PDF က ယနေ့ (ဇူလိုင်လ ၁၁...

မိုးကုတ်မှာ ဘာဖြစ်နေလဲ

0
သျှမ်းပြည်နှင့် မန္တလေးတိုင်း နယ်စပ်မြို့ဖြစ်သည့် မတ္တမြားမြေ မိုးကုတ်မြို့နယ်တွင် ယနေ့ (ဇွန် ၂၅ ရက်) နံနက်က စပြီး တိုက်ပွဲ ပြင်းထန်နေရာ လက်နက်ကြီး ပစ်ခတ်သံများ ကြားနေရသည်ဟု မိုးကုတ်မြို့ခံများက ပြောသည်။ TNLA/ PDF တပ်များက မိုးကုတ်မြို့ အနောက်ဘက်၊ ဒေါ်နန်းကြည်တောင်ရှိ စစ်ကောင်စီတပ်ကို...

“၂၀၂၅ ရွေးကောက်ပွဲလာရင် ဝင်ပြိုင်ဖို့ အဆင်သင့်ဖြစ်နေပြီ”

0
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အရ ဖွဲ့စည်းထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)၏ နိုင်ငံရေးပါတီ အစုအဖွဲ့ကို စစ်ကောင်စီ ခွင့်ပြုထားသည့် နိုင်ငံရေးပါတီ ၄ ခုတို့မှ ပူးတွဲခေါင်းဆောင်သွားရန် ရွေးချယ်လိုက်သည်။ မေလ ၂၅ နှင့် ၂၆ ရက်များတွင်...

ကျားဖြူပါတီ အပါအဝင် ပါတီ ၄ ခုက UPDJC နိုင်ငံရေးပါတီအစုအဖွဲ့ကို ဦးဆောင်

0
ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP အပါအဝင် စစ်ကောင်စီထံ မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၄ ခုတို့က အသစ်ဖွဲ့မည့် UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့ကို ဦးဆောင်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ မေလ ၂၅ နှင့် ၂၆ ရက်များတွင် စစ်ကောင်စီ၏ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က...