Tuesday, January 27, 2026

လေယာဉ်ပစ် စက်သေနတ်ကြီးများ အသုံးချရန် လေ့ကျင့်ပြင်ဆင်ထားပြီဟု MDY PDF ဆို

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အင်ကြင်းမြိုင်ရွာ အနီးရှိ စစ်ကောင်စီ၏ အမှတ် (၁၀၁၄) လေကြောင်းရန် ကာကွယ်ရေးတပ် တိုက်ခိုက် သိမ်းပိုက်စဉ်က ရရှိခဲ့သည့် လေယာဉ်ပစ် စက်သေနတ်ကြီးများအား ပြန်လည် အသုံးချရန် လေ့ကျင့်ပြင်ဆင်ပြီး ဖြစ်သည်ဟု MDY PDF က ယနေ့ (ဇူလိုင်လ ၁၁ ရက်) တွင် ထုတ်ပြန်သည်။

MDY PDF ထုတ်ပြန်ထားသည့် မှတ်တမ်း ဓာတ်ပုံများတွင် ခေတ်နောက်ကျနေပြီ ဖြစ်သော်လည်း အသုံးပြု၍ရသည့် ရုရှားထုတ် လေယာဉ်ပစ် စက်သေနတ်များ ဖြစ်သည်ကို တွေ့ရသည်။

ထို့အပြင် နောင်ချိုမြို့နယ် တစ်ခုလုံးကို တော်လှန်ရေးတပ်ဖွဲ့များ အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်ပြီး စစ်ကောင်စီ လုံးဝကင်းစင်သော မြို့နယ် တစ်ခု ဖြစ်လာခဲ့ပြီဟု ယနေ့ ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နောင်ချိုမြို့နယ်ရှိ ခမရ(၁၁၄) ၊ ခမရ(၁၁၅) နှင့် အမတ (၆၀၆) ဒုံးတပ်စခန်းများမှ အတွဲလိုက်ပစ် ဒုံးလက်နက်များ အပါအဝင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့ပြီး သုံ့ပန်းများ ဖမ်းဆီးရမိခဲ့သည်ဟု MDY PDF ကဆိုသည်။

လေယာဉ်ပစ် လက်နက်များ ရရှိခဲ့သည့် အင်ကြင်းမြိုင် လေကြောင်းရန် ကာကွယ်ရေး တပ်စခန်းကို ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး လေကြောင်းရန် ကာကွယ်ရေး အတွက် အသုံးပြုသည့် အရေးကြီး စစ်လက်နက် ခဲယမ်းများ ရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယင်းတပ်စခန်းတွင် SA- 16 SAM ပခုံးထမ်း လေယာဉ်ပစ် ဒုံးကျည် (ပြည်တွင်းထုတ်) ၄၈ လက်၊ 25mm နှင့် 35 mm Anti Aircraft Cannon (လေယာဉ်ပစ်) ၁၀ လက်နှင့် ကျည် ၅,၀၀၀ ကျော်၊ TWS-312 Smart Com နှင့် 1L-117 ရေဒါ၊ Pechora လက်နက်စနစ် စသည်ဖြင့် ဖွဲ့စည်းပုံ အပြည့်ရှိသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...