Tuesday, January 27, 2026

လဲချားမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရွေးချယ်ရေး မဲပေးပိုင်ခွင့်ရှိသူ ၃၉၀၀၀ ကျော်ရှိ

နိုဝင်ဘာလ ၃ ရက်နေ့ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အတွက်မဲပေးပိုင်ခွင့်ရှိသူ  ၃၉၀၀၀ ကျော်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့်စာရင်းအရသိရသည်။

လဲချားမြို့နယ်မဲပေးပိုင်ခွင့်ရှိသူများစာရင်း

လဲချားဒေသခံ စိုင်းနွံ က- ကျနော်တို့လေ့လာကြည့်သလောက်တော့ ၃၀ ရာခိုင်နှုန်းလောက်က သျှမ်းပါတီတွေ မပေါင်းလို့မဲမထည့်ချင်ဘူး လို့ပြောကြတဲ့သူတွေဘဲ။ ကျနော့်သဘောထားကတော့ မဲပေးပိုင်ခွင့် အခွင့်အရေးကကိုယ့်အတွက်တကယ့်အခွင့်အရေးဘဲ။ ဒါကြောင့်လူတိုင်းကို ကျနော် တိုက်တွန်းတယ် ရပ်ကွက်တိုင်း အုပ်စုတိုင်းရွာကတိုင်းကလူတွေ မဲသွားပေးဖို့ပေါ့- ဟု သျှမ်းသံတော်ဆင့်အား ပြောသည်။

နိုဝင်ဘာလ ၃ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာတနိုင်ငံလုံး    လစ်လပ်နေသည့် လွှတ်တော်ကိုယ်စားလှယ်များနေရာ ၁၃ နေရာအတွက်  ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးမည်ဖြစ်ရာ ဝင်ရောက်ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်း ၆၉ ဦးရှိကြောင်းသိရသည်။

လဲချားမြို့အတွင်း ရပ်ကွက် ၄ ခုနှင့် အုပ်စု ၁၉ ခုရှိပြီး စုစုပေါင်း မဲပေးပိုင်ခွင့်ရှိသူ ၃၉၇၆၀ ဦးရှိကြောင်း မဲရုံစုစုပေါင်း ၃၆ နေရာထားရှိပေးမည်ဖြစ်ကြောင်း သိရသည်။

စာရေးဆရာ ဟိဏ်း ကာယန်းကမူ-  သျှမ်းပါတီမပေါင်းလို့ မဲမပေးတော့ဘူးဆိုပြီး မဲသွားမပေးရင် ကျနော်တို့ မြို့ရွာဒေသအတွက် ရသင့်တဲ့အခွင့်အရေးတွေဆုံးရှုံးရပါမယ် ။ – ဟု ပြောဆိုသည်။

လဲချားမြို့တွင်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းများမှာ ကျားခေါင်းပါတီမှ စိုင်းဥက္ကာ၊ ကျားဖြူပါတီမှ စိုင်းရွှေဆိုင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ စိုင်းအောင်ထွန်းလေး တို့ဖြစ်ကြောင်းသိရသည်။

 

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လဲချားမြို့ စိုက်ပျိုးရေးပစ္စည်းရောင်းသူ နေအိမ်ကို  ဓားပြတိုက်ခံရ

0
သျှမ်းပြည် လဲချားမြို့ စိုက်ပျိုးရေး ရောင်းဝယ်သည့် မိသားစု နေအိမ်ကို အမည်မသိ လက်နက်ကိုင်အမျိုးသား၅ဦး က ဝင်ရောက် ဓားပြတိုက်ခဲ့ပြီး ကျပ်သိန်း ၂ထောင်ခန့်ပါသွားကြောင်း သတင်းရရှိသည်။   ယမန်နေ့ ( အောက်တိုဘာလ ၃ ရက်) ညနေ ၄ နာရီဝန်းကျင် လဲချားမြို့ ရပ်ကွက် (...

လဲချားမြို့ ဈေးအတွင်းရှိ “ခမ်းလီ”ရွှေဆိုင် ဓားပြတိုက်ခံရ

0
သျှမ်းပြည် လဲချားမြို့ရှိ ဈေးအတွင်း၌ ဖွင့်လှစ်ထားသော "ခမ်းလီ"ရွှေဆိုင်အား အမည်မသိ အမျိုးသားတစ်ဦး၏ သေနတ်ဖြင့်ခြိမ်းခြောက်ကာ ဓားပြတိုက်ခြင်းခံရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၃ ရက်) နေ့လယ် ၂ နာရီခွဲခန့်က လဲချားမြို့ ရပ်ကွက်(၁)မှ ဈေးအရှေ့ဘက်တွင် လာရောက်ဖွင့်လှစ်ထားသော “ခမ်းလီ”ရွှေဆိုင်ကို အမည်မသိ အမျိုးသားတစ်ဦးက သေနတ်ဖြင့်ခြိမ်းခြောက်ပြီး...

လဲချားမြို့နယ် စစ်ကောင်စီက အရပ်သား ၂ ဦးကို သေနတ်နဲ့ ပစ်၊ ၁ ဦးသေ

0
သျှမ်းပြည် လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့ (သြဂုတ် ၁၆) ရက် နံနက်ပိုင်းတွင် ဆိုင်ကယ် စီးနင်းလာသည့် အရပ်သား နှစ်ဦးကို သေနတ်ဖြင့် ပစ်လိုက်သည့်အတွက် တစ်ဦးသေ တစ်ဦးဒဏ်ရာရသွားကြောင်း သိရသည်။ . ဖြစ်စဥ်မှာ ယနေ့ (သြဂုတ်လ ၁၆) ရက် နံနက်ပိုင်း ၁၁...

လဲချားမြို့နယ် စစ်ကောင်စီ ဂျက်လေယာဥ် ဖြင့် (၄) ကြိမ်ထက်မနည်း လာရောက်ပျံဝဲ

0
သျှမ်းပြည် လဲချားမြို့နယ်အတွင်း စစ်ကောင်စီ သည် ဂျက်ဖိုက်တာဖြင့် (၄) ကြိမ်ထက်မနည်း လာရောက် ပျံဝဲကြောင်း စုံစမ်း သိရှိရသည်။ . ပြီးခဲ့သည့် သြဂုတ် (၆) ရက်နေ့က စတင်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် ယမန်နေ့ သြဂုတ်...

လဲချားမြို့နယ် SSPP နှင့် တိုက်ရန် ပြည်သူ့စစ်များကို စစ်ကောင်စီ ခေါ်ယူ

0
သျှမ်းပြည် လဲချားမြို့နယ်အတွင်း စစ်ကောင်စီမှ စစ်အင်အား ဆက်တိုက် တိုးချဲ့နေသည့်အပြင် ပြည်သူ့စစ်တပ်ဖွဲ့ တစ်ဖွဲ့လျှင် တပ်သား ၁၀၀ ပါဝင်ပေးရန်လည်း တောင်းယူနေကြောင်း စုံစမ်းသိရသည်။ . စစ်ကောင်စီ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် ( SSPP/SSA) တို့ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း လဲချားမြို့နယ်အတွင်း စစ်ရေးတင်းမာ နေလျက်ရှိသည့်အပြင် စစ်ကောင်စီဘက်မှလည်း...