Wednesday, January 28, 2026

ကြားဖြတ်ရွေးကောက်ပွဲ သျှမ်းလူမျိုး မဲဆန္ဒရှင်များ မဲပေးမှုနည်းပါး

ယနေ့နိုဝင်ဘာ ၃ ရက် ၂၀၁၈ တွင်ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲအား သျှမ်းလူမျိုး မဲဆန္ဒရှင်များ မဲလာပေးမှု နည်းနေသည်ဟု ဒေသခံများ၊ ဆိုင်ရာ ပါတီများက ပြောသည်။

Photo by SHAN/လဲချားမြို့တွင် နို၀င်ဘာလ ၃ ရက် ၂၀၁၈ ကကျင်းပလျှက်ရှိသော ကြားဖြတ်ရွေးကောက်ပွဲမြင်ကွင်းတချို့

လစ်လပ်နေသည့် လွှတ်တော်အမတ် နေရာ ၁၃ နေရာအတွက် မဲပေးရွေးချယ်ရန် ယနေ့နံနက် ၆ နာရီမှ ညနေ ၄ နာရီ အထိ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရာ သျှမ်းလွှတ်တော်ကိုယ်စားလှယ် ၂ နေရာရွေးချယ်ရေးအတွက် မွန်းတည့်ချိန် အထိ မဲလာပေးသည့် မဲပေးခွင့်ရှိသူ မဲဆန္ဒရှင်များ နည်းနေသည်သေးသည်ဟု ဆိုသည်။

မန္တလေးတိုင်းဒေသကြီး ကျားခေါင်းပါတီ ဥက္ကဌ စိုင်းချစ်သိန်းက – “ ကျနော်တို့ မိုးကုတ်မှာ တော့ ကောင်းတယ်။ သျှမ်းလူမျိုး မဲဆန္ဒရှင် တသောင်းခွဲလောက်ရှိမယ်။ မန္တလေး တော့ စီးပွားရေးမြို့ဆိုတော့ နိုင်ငံရေး စိတ်မဝင်စားတာလား၊ သဘောမပေါက်တာလားမသိဘူး။ မဲသိပ် လာမထည့်ဘူး” ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။

Photo by SHAN/လဲချားမြို့တွင် နို၀င်ဘာလ ၃ ရက် ၂၀၁၈ ကကျင်းပလျှက်ရှိသော ကြားဖြတ်ရွေးကောက်ပွဲမြင်ကွင်းတချို့

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့ ပြည်သူ့လွှတ်တော်နေရာအတွက်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး သျှမ်းရေးရာဝန်ကြီးနေရာ အတွက်လည်းကောင်း ပါတီအသီးသီးမှ ကိုယ်စားလှယ်လောင်းများ ပြိုင်ဆိုင် နေကြသည်။

ကျားခေါင်းပါတီ စိုင်းဥက္ကာ ခေါ် စိုင်းကောင်ခမ်း၊ ကျားဖြူပါတီ စိုင်းရွှေဆိုင်း နှင့် NLD က စိုင်းအောင်ထွန်းလေး တို့အသီးသီး ယှဉ်ပြိုင် နေကြသည့် သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် လဲချားမြို့နယ်အတွင်းတွင် မဲပေးပိုင်ခွင့်ရှိသူ ၄ သောင်းနီးနီးအတွက် မဲရုံ ၃၉ ရုံ ရှိသည်ဟု ဆိုသည်။

“မဲဆန္ဒရှင်တွေ မဲလာမပေးကြဘူး။ ကျနော် ကျေးလက်ကိုပတ်နေတာ အခု ။ ထူးထူးခြားခြားဖြစ်ပေါ်တာ တော့မရှိဘူး။ မဲလာထည့်တာတော့ အရမ်းနည်းနေသေးတယ်“ – ဟု NLD အမတ်လောင်း စိုင်းအောင်ထွန်းလေးက ပြောသည်။

သျှဲန်ပိုင်းသတင်းဂျာနယ် တာဝန်ခံအယ်ဒီတာ စိုင်းဇင့် က – “ကြားဖြတ်ရွေးကောက်ပွဲက ထုံးစံဘဲ လူထု သိပ်စိတ်မဝင်စားဘူး။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက လဲချားမြို့မှာ မဲဆန္ဒရှင် ၁၀၀ မှာ ၅၄ လောက်ဘဲ မဲလာပေးတာ၊ အခု အဲဒီ့ထက်တောင်ပိုနည်းနိုင်တယ်“ – ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း သျှမ်းလူမျိုးမဲဆန္ဒရှင် ၄ သောင်းကျော်အတွက် မဲရုံ ၃၆၄ ရုံရှိပြီး ယှဉ်ပြိုင်သည့် သျှမ်းတိုင်းရင်းသားရေးရာဝန်ကြီးအတွက် အမတ်လောင်း ၅ ဦးမှာကျားခေါင်းပါတီ နန်းထွေးမှုံ ၊ ကျားဖြူပါတီ စိုင်းကျော်အုန်း၊ NLD စိုင်းပန်းဆိုင်၊ USDP (ပြည်ခိုင်ဖြိုး) စိုင်းအောင်ကြည် တို့ ပါ၀င်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လဲချားမြို့ စိုက်ပျိုးရေးပစ္စည်းရောင်းသူ နေအိမ်ကို  ဓားပြတိုက်ခံရ

0
သျှမ်းပြည် လဲချားမြို့ စိုက်ပျိုးရေး ရောင်းဝယ်သည့် မိသားစု နေအိမ်ကို အမည်မသိ လက်နက်ကိုင်အမျိုးသား၅ဦး က ဝင်ရောက် ဓားပြတိုက်ခဲ့ပြီး ကျပ်သိန်း ၂ထောင်ခန့်ပါသွားကြောင်း သတင်းရရှိသည်။   ယမန်နေ့ ( အောက်တိုဘာလ ၃ ရက်) ညနေ ၄ နာရီဝန်းကျင် လဲချားမြို့ ရပ်ကွက် (...

လဲချားမြို့ ဈေးအတွင်းရှိ “ခမ်းလီ”ရွှေဆိုင် ဓားပြတိုက်ခံရ

0
သျှမ်းပြည် လဲချားမြို့ရှိ ဈေးအတွင်း၌ ဖွင့်လှစ်ထားသော "ခမ်းလီ"ရွှေဆိုင်အား အမည်မသိ အမျိုးသားတစ်ဦး၏ သေနတ်ဖြင့်ခြိမ်းခြောက်ကာ ဓားပြတိုက်ခြင်းခံရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၃ ရက်) နေ့လယ် ၂ နာရီခွဲခန့်က လဲချားမြို့ ရပ်ကွက်(၁)မှ ဈေးအရှေ့ဘက်တွင် လာရောက်ဖွင့်လှစ်ထားသော “ခမ်းလီ”ရွှေဆိုင်ကို အမည်မသိ အမျိုးသားတစ်ဦးက သေနတ်ဖြင့်ခြိမ်းခြောက်ပြီး...

လဲချားမြို့နယ် စစ်ကောင်စီက အရပ်သား ၂ ဦးကို သေနတ်နဲ့ ပစ်၊ ၁ ဦးသေ

0
သျှမ်းပြည် လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့ (သြဂုတ် ၁၆) ရက် နံနက်ပိုင်းတွင် ဆိုင်ကယ် စီးနင်းလာသည့် အရပ်သား နှစ်ဦးကို သေနတ်ဖြင့် ပစ်လိုက်သည့်အတွက် တစ်ဦးသေ တစ်ဦးဒဏ်ရာရသွားကြောင်း သိရသည်။ . ဖြစ်စဥ်မှာ ယနေ့ (သြဂုတ်လ ၁၆) ရက် နံနက်ပိုင်း ၁၁...

လဲချားမြို့နယ် စစ်ကောင်စီ ဂျက်လေယာဥ် ဖြင့် (၄) ကြိမ်ထက်မနည်း လာရောက်ပျံဝဲ

0
သျှမ်းပြည် လဲချားမြို့နယ်အတွင်း စစ်ကောင်စီ သည် ဂျက်ဖိုက်တာဖြင့် (၄) ကြိမ်ထက်မနည်း လာရောက် ပျံဝဲကြောင်း စုံစမ်း သိရှိရသည်။ . ပြီးခဲ့သည့် သြဂုတ် (၆) ရက်နေ့က စတင်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် ယမန်နေ့ သြဂုတ်...

လဲချားမြို့နယ် SSPP နှင့် တိုက်ရန် ပြည်သူ့စစ်များကို စစ်ကောင်စီ ခေါ်ယူ

0
သျှမ်းပြည် လဲချားမြို့နယ်အတွင်း စစ်ကောင်စီမှ စစ်အင်အား ဆက်တိုက် တိုးချဲ့နေသည့်အပြင် ပြည်သူ့စစ်တပ်ဖွဲ့ တစ်ဖွဲ့လျှင် တပ်သား ၁၀၀ ပါဝင်ပေးရန်လည်း တောင်းယူနေကြောင်း စုံစမ်းသိရသည်။ . စစ်ကောင်စီ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် ( SSPP/SSA) တို့ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း လဲချားမြို့နယ်အတွင်း စစ်ရေးတင်းမာ နေလျက်ရှိသည့်အပြင် စစ်ကောင်စီဘက်မှလည်း...