တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ် နှင့် EAO’s PPWT တို့ ရန်ကုန်တွင်တွေ့ဆုံ

မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးသည့်အခမ်းအနားသို့ အသိသက်သေ အဖြစ် တက်ရောက်လာသည့် တရုတ်နိုင်ငံ အာရှ ရေးရာ အထူးကိုယ်စားလှယ် မစ္စ တာဆွန်ကော်ရှန်အား NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ဆိုင်ရာအလုပ်အဖွဲ့ PPWT တို့တွေ့ဆုံခဲ့ကြကြောင်းသိရသည် ။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ရန်ကုန်မြို့ရှိ တရုတ်သံရုံးတွင် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး မြန်မာ့ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်မှ တိုင်းရင်းသားများကြုံတွေ့နေရသည့်အခြေအနေများကို ဆွေးနွေးမေးမြန်း ခဲ့ကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA မှ အတွင်းရေးမှူး ၃ ဗိုလ်မှူးကြီးစိုင်းငင်းကပြောဆိုသည်။

သူက မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တိုင်းရင်းသားတွေဘက်က ဘယ်လိုအခက်အခဲရှိသလဲ။ ဘယ်လိုကူညီပေးရမလဲစတာတွေကိုမေးမြန်းတယ်။ ကျနော်တို့ဘက်ကလည်း ပြန်လည် ဆွေးနွေး တယ်။ အဲတာအပြင် သျှမ်းပြည်မြောက်ပိုင်းနဲ့ကချင်ပြည်နယ်ဘက်မှာ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တွေကို အစိုးရတပ်မတော် က ထိုးစစ်ဆင်တိုက်ခိုက်နေမှုကြောင့် စစ်ဘေးရှောင်လူထုများပြား လာနေတယ်။ အဲဒီအတွက် အမြန်ဆုံးရပ်တန့်ပေးနိုင်ဖို့ မြန်မာအစိုးရနဲ့ဘဲဖြစ်ဖြစ် တပ်မတော်နဲ့ဘဲဖြစ်ဖြစ်တွေ့ဆုံရင် ပြောပေးဖို့ မစ္စ တာဆွန်ကော်ရှန်ကိုကျနော်တို့အဖွဲ့က တင်ပြတယ် – ဟု ဗိုလ်မှူးကြီးစိုင်းငင်းက သျှမ်းသံတော်ဆင့်အားပြောပြသည်။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့အား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လာရေး ကူညီပေးရန် လည်း တောင်းဆိုခဲ့သည့်အပြင် ရခိုင်ပြည်နယ်အရေး ၊ NCA အရ အမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲ များကို သျှမ်းနှင့် ရခိုင် တို့၌ မကျင်းပနိုင်သေးခြင်း ကိစ္စတို့ ကိုပါ ဆွေးနွေးခဲ့သည်ဟုဆိုပါသည်။

တရုတ်ကိုယ်စားလှယ်ဘက် ကလည်း မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို စိတ်ဝင်စားမှုရှိကြောင်း ဖော်ပြပြီးအမြဲတမ်းအားပေးကူညီမည်ဟု တုံ့ပြန်ကြောင်း ၎င်းက ရှင်းပြသည်။

တရုတ်နိုင်ငံ အာရှ ရေးရာ အထူးကိုယ်စားလှယ် မစ္စ တာဆွန်ကော်ရှန်အား တွေ့ဆုံသည့် အပစ်ရပ် ၈ ဖွဲ့မှ PPWT ကိုယ်စားလှယ်များမှာ KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူး၊ RCSS/SSA အတွင်းရေးမှူး ၃ ဗိုလ်မှူးကြီး စိုင်းငင်း၊ ALP ၏ ဗဟိုကော်မတီဝင် ဒေါ်စောမြရာဇာလင်း၊ CNF အတွင်းရေးမှူး ဆလိုင်းထလာဟေး တို့ဖြစ်ကြောင်းသိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဖယ်ခုံမြို့နယ် ဒေသခံများနှင့် စစ်ဘေးရှောင်များ ရာသီတုတ်ကွေးဖြစ်၊ ဆေးဝါးအကူအညီလိုအပ်နေ

0
သျှမ်းပြည်တောင်ပိုင်း စစ်ရေးပဋိပက္ခ ဖြစ်ပွားနေသည့် ဖယ်ခုံမြို့နယ် မယ်စုံတောင်ကျေးရွာ ဒေသခံများနှင့် စစ်ဘေးလာရောက်ရှောင်သူများသည် ရာသီတုတ်ကွေးဖြစ်ပွားနေကြပြီး ဆေးဝါးအကူအညီလိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းမှ စတင်ကာ ဖယ်ခုံမြို့နယ် မယ်စုံတောင်ကျေးရွာ ဒေသခံများ နှင့် ၎င်းကျေးရွာသို့ လာရောက်စစ်ဘေးရှောင်ကြသူ (၁၆၀)ကျော်သည် ရာသီတုတ်ကွေးဖြစ်ပွားကာ ဖျားနာနေကြပြီး ဆေးဝါးကုသ ပေးမည့်သူ နှင့်...

နောင်ချို-မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း (၁,၀၀၀) ကျော်အထိ ပေးဆောင်ရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေပြီး ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ "ရက် ၁၀၀ စီမံချက်" ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့်...

စက်သုံးဆီပြဿနာကြောင့် တာချီလိတ်-မိုင်းရှူး လိုင်းကားများ ရပ်နားထားရ

0
တာချီလတ်-မိုင်းရှူးပြေးဆွဲနေသည့် လိုင်းကားများသည် ယခုနှစ်အတွင်း စက်သုံးဆီ စျေးနှုန်းမြင့်တက်မှု၊ ဝယ်ယူရန်ခက်ခဲမှုနှင့် စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်များ တင်းကြပ်မှုတို့ကြောင့် ရပ်နားလိုက်ရကြောင်း သတင်းရရှိသည်။ လက်ရှိ တာချီလိတ်မြို့တွင် ဓာတ်ဆီ ၉၁ တစ်လီတာလျှင် ၆၅ ဘတ်ခန့် ရှိသော်လည်း တရားမဝင်ဈေးကွက်တွင် ၈၀ ဘတ်မှ ၁၀၀ ဘတ်ဝန်းကျင်အထိ ပေးဝယ်ရသည့်အခြေအနေရှိပြီး...

လဲချားမြို့နယ်တွင် သုံးနှစ်ခန့် လည်ပတ်ခဲ့သည့် ကျားဖြန့်များထဲမှ ၃၄ ဦးသာ ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်တွင် ၂၀၂၄ ခုနှစ်ဝန်းကျင်ကတည်းက လည်ပတ်နေသည့် အွန်လိုင်းလိမ်လည်လောင်းကစား ကျားဖြန့်လုပ်ငန်းမှ တရုတ်နိုင်ငံသား ၃၄ ဦးကို (ဩဂုတ်လ ၁၀ ရက်)တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ လဲချားမြို့နယ် ဆီးဆောကျေးရွာအနီး တောတွင်းရှိ မိုးကာတဲများအတွင်း ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၃၄...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...