ရွာငံ-PDF ချိုးဖြူတပ်သည် တော်လှန်ရေးအကျိုးစီးပွားကို ရှေးရှုပြီး DPLA နှင့်ပူးပေါင်း
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အခြေစိုက် ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့ (JPRF) သည် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး DPLF/ DPLA နှင့် ပူးပေါင်းကာ လှုပ်ရှားဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၈ ရက်တွင် ထုတ်ပြန်လိုက်သည်။ ရွာငံ-PDF ခေါ် ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့ အနေဖြင့် တော်လှန်ရေးအကျိုးစီးပွားကို ရှေးရှုပြီး တော်လှန်ရေး အရွေ့တစ်ခု...
PPP ပါတီ၏ တောင်ကြီး အမတ်လောင်းနှင့် သားဖြစ်သူ လူသတ်မှုစွဲချက်ဖြင့် ဖမ်းဆီးခံထားရ
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၏ လွှတ်တော်အမတ်လောင်းနှင့် ၎င်း၏သားဖြစ်သူတို့ကို လူသတ်မှုစွဲချက်ဖြင့် စစ်ကောင်စီက ဖမ်းဆီးထားကြောင်း စုံစမ်းသိရသည်။
TNLA ဆုတ်ခွာမည့် မိုးကုတ်မြို့တွင် စစ်အာဏာရှင်လက်မခံကြောင်း သံပုံးတီးဆန္ဒပြ
သျှမ်းပြည်နှင့် မန္တလေးနယ်စပ် TNLA ဆုတ်ခွာမည်ဟုဆိုထားသည့် မိုးကုတ်မြို့တွင် တော်လှန်ရေးအင်အားစုများနှင့် ဒေသခံပြည်သူများမှ စစ်အာဏာရှင်ဆန့်ကျင်ရေး သံပုံးတီးဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။
TNLA မှတ်ပုံတင်မရှိလျှင် ‘ဂိတ်ဖြတ်သန်းခွင့်ရမည်မဟုတ်’ဟု နမ့်ခမ်းဒေသခံများ ခြိမ်းခြောက်ခံရ
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဘက်မှ ဒေသခံများကို မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ ပြုလုပ်ခိုင်းပြီး မပြုလုပ်ပါက ၎င်းတို့၏ ဂိတ်များမှ ဖြတ်သန်းခွင့်မပြုဟု ပြောဆိုခြိမ်းခြောက်မှုများ ရှိနေကြောင်း စုံစမ်းသိရသည်။
ကျပ် ၄၅၆ သန်းတန်ဖိုးရှိ ကျားဖြန့်လုပ်ငန်းသုံးပစ္စည်းများ မိုင်းလားတပ်ဖွဲ့ NDAA မီးရှို့ဖျက်ဆီး
သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့တွင် မြန်မာကျပ်ငွေ ၄၅၆ သန်းနှင့် ညီမျှသည့် တရုတ်ယွမ်ငွေ ၁၀ သိန်း တန်ဖိုးရှိ ကျားဖြန့်လုပ်ငန်းသုံး စက်ပစ္စည်းများကို NDAA က ဖမ်းဆီးပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။
ကျားဖြန့်မှုဖြင့် နေပြည်တော်၌ ခိုလှုံခဲ့သည့် ကိုးကန့်ဥက္ကဋ္ဌဟောင်းအား တရုတ်သေဒဏ်ချမှတ်
တရုတ်နိုင်ငံတွင် ကျားဖြန့်အမှုများဖြင့် တရားရင်ဆိုင်နေရသော ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်း ဦးပယ်ဆောက်ချိန်နှင့် ၎င်း၏သားဖြစ်သူ ပယ်ရင်ချန် အပါအဝင် ၅ ဦးတို့ကို တရုတ် အစိုးရက သေဒဏ်ချမှတ်လိုက်သည်ဟု သတင်းရရှိသည်။
ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲပြင်းထန် အရပ်သားသေဆုံးမှုရှိ
သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်တွင် ယခုရက်သတ္တပတ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းတပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုများသည့်အပြင် ဒေသခံလူထုလည်း သေဆုံးမှုရှိသည်ဟု သတင်းရရှိသည်။ နိုဝင်ဘာလ ၁ ရက်မှ နိုဝင်ဘာလ ၃ ရက်နေ့အထိ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ ဘောရန်ကျေးရွာ...
နမ္မတူမြို့တွင် TNLA က Starlink အင်တာနက် အသုံးပြုမှု ကန့်သတ်ပြီး ပိုင်ရှင်နှင့်ပစ္စည်းပါဖမ်းဆီး
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့တွင် Starlink အင်တာနက် အသုံးပြုခွင့်ကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ဘက်မှ ကန့်သတ်ပိတ်ပင်ထားပြီး စက်ပစ္စည်း သိမ်းဆည်းမှုများအပြင် လူဖမ်းဆီးမှုများပါ ရှိနေကြောင်း ဒေသခံပြောဆိုချက်များအရ သိရသည်။ အောက်တိုဘာလလယ်ခန့်မှ စတင်ကာ TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့ပေါ်နှင့် ကျေးရွာများရှိ ရပ်ကွက်တိုင်းတွင်...
မက်မန်းမြို့ကို ‘ဝ’ဒေသ ရုံးစိုက်ရာမြို့အဖြစ် စစ်ကော်မရှင် ပြောင်းလဲသတ်မှတ်
သျှမ်းပြည် မက်မန်းမြို့နယ်ကို ‘ဝ’ဒေသ ရုံးစိုက်ရာမြို့အဖြစ် စစ်ကော်မရှင်က ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သတင်းသိရသည်။ အောက်တိုဘာလ (၃၁) ရက်တွင် ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် သျှမ်းပြည်အတွင်း ‘ဝ’ဒေသအတွက် ရုံးစိုက်ရာမြို့အဖြစ် မက်မန်းမြို့ကို ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ယာယီသမ္မတ တာဝန်ယူထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ...
SHAN -
၁၉၉၆ခုနှစ် နှစ်ဦးပိုင်းတွင် လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်ခဲ့သည့် “စဝ်ခွန်ဆာ”သည် ရန်ကုန်မြို့သို့ ရောက်ရှိ လာသည်။ နိုင်ငံတော်အစိုးရက ဆောက်လုပ်ပေးထားသည့် ရေကြည်အိုင်ထောက်လှမ်းရေးဝင်းအတွင်းရှိ အိမ်ဂေဟာ တွင် နေထိုင်နေရသည့် “စဝ်ခွန်ဆာ”ကို ကျနော်သွားမတွေ့ဖြစ်ပါ။ လုံခြုံရေးတင်းကြပ်ထားပြီး တွေ့ဆုံခွင့်ရရန် ခက်ခဲသည့်အပြင် သွားရောက် တွေ့ဆုံလျှင်လည်း ဆရာတပည့်နှစ်ယောက် စိတ်မကောင်းရုံသာ၊ စိတ်ဒဏ်ရာ မပေးချင် တော့ပါ။ စဝ်ခွန်ဆာ၏...





