ရွာငံမြို့နယ် စစ်ကော်မရှင်တပ်မှ အရပ်သား (၄)ဦးကို အကြောင်းမဲ့ ထပ်မံဖမ်းဆီးနေ
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်ကော်မရှင်က စစ်ကြောင်းထိုးပြီး အရပ်သား (၄)ဦးကို ထပ်မံ ဖမ်းဆီးသွားကြောင်းသတင်းရရှိသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ရက်တွင် စစ်ကော်မရှင်က ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီး တောတောင်အနီး တော်လှန်ရေးတပ်ဖွဲ့များကို ရှာဖွေခြင်း၊ အရပ်သားနေအိမ်သို့ ဝင်ရောက် ရှာဖွေခြင်းများ ပြုလုပ်ကာ အရပ်သား (၄)ဦးကို စစ်ကော်မရှင်က ဖမ်းသွားခဲ့ကြောင်း...
PNOခေါင်းဆောင် ခရိုနီ နေဝင်းထွန်း ကိုယ်တိုင် စံကားဒေသ ဆင်းပြီး ရှေ့တန်းထွက်ရန် တပ်သားခေါ်နေ
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် စံကားဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO/PNA) က ဒေသခံများကို ရှေ့တန်းတွင် စစ်တိုက်ထွက်ရန် အတင်းဖိအားပေးခေါ်ယူ နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် အောက်တိုဘာလ နောက်ဆုံးပတ်မှစပြီး PNOခေါင်းဆောင် ခရိုနီနေဝင်းထွန်းကိုယ်တိုင် စံကားဒေသ ထီရီးကျေးရွာ၊ နမ့်ဗွန်ကျေးရွာ၊ ရေပူကျေးရွာ နှင့် ညောင်လေးပင်း ကျေးရွာသို့ရောက်ရှိလာပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံချိန်တွင်...
ဖယ်ခုံ – ပင်လောင်းနယ်စပ်ရှိ စစ်ရှောင် ၅၀၀ ကျော်အတွက် ဆေးဝါး နှင့် အနွေးထည်များလိုအပ်
သျှမ်းပြည် ဖယ်ခုံ - ပင်လောင်းနယ်စပ်တကြောသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင် ၅၀၀ ကျော် အတွက် ဆေးဝါး နှင့် အနွေးထည်များ အကူအညီလိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်တွင် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း ဘောရန်ကျေးရွာ နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ်...
စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း အင်းလေး မူးယစ်ဆေးသုံးစွဲမှုပိုများလာ
စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် မူးယစ်ဆေးဝါး သုံးစွဲသူ သိသိသာသာများလာကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ အင်းလေးဒေသအတွင်း မူးယစ်ဆေးဝါးကို ပေါ်ပေါ်ထင်ထင် ရောင်းချနေကြပြီး၊ သုံးစွဲသူများတွင် အသက်မပြည့်သေးသည့်သူများနှင့်အမျိုးသမီးများလည်း ပါဝင်နေကြောင်း ကိုယ်တိုင်မြင်တွေ့ရသည့် အင်းလေးဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထိုမူးယစ်ဆေးသုံးစွဲ ရောင်းချသူများကိုလည်း သက်ဆိုင်ရာ အာဏာပိုင်များက ဟန်ပြဖမ်းဆီးမှုသာပြုလုပ်နေသည်။ " မူးယစ်ဆေးတွေက...
မိုးကုတ်မြို့ကို ဆုတ်ခွာရမည့် TNLA မှ ဒေသခံကျောက်တူးခွင့် လုပ်ကွက်ခွဲဝေချပေးနေ
သျှမ်းပြည်နှင့် မန္တလေးနယ်စပ် မိုးကုတ်မြို့ရှိ ဂေါက်ကွင်းနေရာတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဒေသခံများကို ကျောက်တူးခွင့် လုပ်ကွက်ခွဲဝေ ချထားပေးနေကြောင်း သတင်းရရှိသည်။ မိုးကုတ်မြို့မှ မကြာခင် ဆုတ်ခွာမည်ဟု ကြေညာထားသည့် TNLA တပ်ဖွဲ့သည် နိုဝင်ဘာ လဆန်းပိုင်းမှ စပြီး ၎င်းတို့ထိန်းချုပ်စဉ် အကြီးအကျယ် ကျောက်တူးဖော်မှု...
စစ်တပ် ဖမ်းဆီးခေါ်ဆောင်သွားသည့် ရွာငံဒေသခံ ၇ဦး ပြန်မလွှတ်သေး
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တွင် စစ်ကော်မရှင် က ဖမ်ဆီးခေါ်ဆောင်သွားသော ဒေသခံ ၇ဦးကို ယနေ့အထိ ပြန်မလွှတ်ပေးသေးကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင် ဖမ်းဆီးသွားသည့် ရွာငံမြို့နယ်တွင်နေထိုသည့် ဒေသခံ (၇)ဦးသည် အောက်တိုဘာလလယ်တွင် ဒေသခံ (၅)ဦး နှင့် နိုဝင်ဘာလ ပထမပတ်တွင် ဒေသခံ (၂)ဦး ဖြစ်ကြပြီး၊...
ပုံးအင်းဒေသတွင် စစ်မှုထမ်းလူစားထိုးရန် လူမရှိ၊ မဲနှိုက်ပြီးလူခေါ်နေ
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ပုံးအင်းဒေသတွင် စစ်မှုထမ်းလူစားထိုးရန် လူမရှိတော့သဖြင့် လာမည့် ဒီဇင်ဘာလမှ စပြီး မဲနှိုက်စနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ပြီး စစ်ကော်မရှင်က စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် ပုံးအင်းဒေသတွင် စစ်မှုထမ်းအပတ်စဉ်များအလိုက် လူတစ်ယောက်လျှင် ကျပ်ငွေ သိန်း ၈၀...
အတုအယောင် ရွေးကောက်ပွဲအပေါ် မိတ်ဖက်နိုင်ငံများ၏ ထောက်ခံမှုအခိုင်အမာ ရရှိထားဟု စစ်ကော်မရှင်ပြော
SHAN -
စစ်ကော်မရှင် ကျင်းပပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲအပေါ် ကွဲပြားခြားနေသော နိုင်ငံတကာ တုံ့ပြန်မှုများ ရှိနေသော်လည်း မိတ်ဖက်နိုင်ငံများ၏ ထောက်ခံမှုများကတော့ အခိုင်အမာ ရရှိထားပြီးဖြစ်ကြောင်း စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ ယနေ့ (နိုဝင်ဘာလ ၁၁) ရက်တွင် စစ်ကော်မရှင်လက်အောက်ခံ မြန်မာအလင်းသတင်းစာမှတစ်ဆင့် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ “မြန်မာနိုင်ငံရဲ့...
UWSA နှင့် NDAA ကြား တရားစီရင်ရေး လုပ်ထုံးလုပ်နည်းများ ဆွေးနွေး
SHAN -
သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့သို့ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA လက်အောက်ရှိ တရားစီရင်ရေးကော်မတီ ကိုယ်စားလှယ်အဖွဲ့ သွားရောက်ပြီး တရားစီရင်ရေး လုပ်ထုံးလုပ်နည်းများ ဆွေးနွေးခဲ့ကြကြောင်း သတင်းသိရသည်။ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့ NDAA ၏ ဖိတ်ကြားချက်အရ UWSA လက်အောက်ခံ တရားစီရင်ရေးကော်မတီသည် NDAA လက်အောက်ခံ အထူးဒေသ(၄) ၏ နိုင်ငံရေးနှင့် ဥပဒေရေးရာ...
SHAN -
စစ်ကော်မရှင်မှ ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲသည် ၎င်းတို့၏ အာဏာတည်မြဲရေးနှင့် တရားဝင်ဖြစ်အောင် ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း မွန်ခမာအုပ်စု ဖြစ်ကြသည့် “ဝ”၊ တအာင်း၊ မွန် လူငယ်များက ယနေ့တွင် ပူးတွဲထုတ်ပြန်ကြေညာလိုက်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်ကော်မရှင်မှ တရားမဝင်...





