ချင်းမိုင်တွင် ထိုင်း-မြန်မာ ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေး ကျင်းပနေ
SHAN -
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ထိုင်း-မြန်မာ ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေး (RBC) ကျင်းပလျက်ရှိပြီး စစ်ကောင်စီကိုယ်စားလှယ်များ တက်ရောက်နေကြောင်း သတင်းသိရသည်။ ဇူလိုင်လ ၂ ရက်မှ ၄ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သုံးရက်တာ ကျင်းပပြုလုပ်နေသည့် (၃၇) ကြိမ်မြောက် ထိုင်း-မြန်မာ ဒေသဆိုင်ရာ နယ်ခြားကော်မတီ...
ကျိုင်းတုံတွင် ခိုးဆိုးလုယက်မှု ပိုများလာသောကြောင့် ဒေသခံများ သွားလာရေးခက်ခဲနေ
သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွင် ခိုးဆိုးလုယက်မှု ပိုများလာသောကြောင့် ဒေသခံများ သွားလာရန်အတွက် စိုးရိမ်ပူပန်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇွန်လ ၂ ရက်)တွင် ကျိုင်းတုံမြို့နယ် ပန်ဆံကျကျေးရွာ အဝင်တွင် အမျိုးသမီးတစ်ဉီးကို အမည်မသိ အမျိုးသားမှ ဓားဖြင့်ခုတ်၍ ဆိုင်ကယ်လုယက်သွားသည့်အပြင်၊ ကတ်ဖကျေးရွာအုပ်စု ယမ်းလှကျေးရွာအနီးတွင်လည်း အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဉီးက လက်သီးဖြင့်...
လားရှိုး-မိုင်းရယ်ကြား MNDAA ခွင့်ပြုချက်ဖြင့် ရွှေတူးနေသည့်သူများကို ဒေသခံ မောင်းထုတ်
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား နမ့်ပေါင်တိုက်နယ်တွင် ကိုးကန့်တပ်ဖွဲ့ ( MNDAA) ခွင့်ပြုချက်ဖြင့် ရွှေတူးဖော်နေခြင်းကို ရပ်တန့်ပြီး (၇) ရက်အတွင်း ပစ္စည်းသိမ်း ထွက်ခွာသွားရန် ဒေသခံများက အချိန်ပေးထားကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၁၅) ရက်မှ စတင်ပြီး လားရှိုးမြို့နယ် နမ့်ပေါင်တိုက်နယ် မန်စယ်ကျေးရွာအုပ်စု ကောင်းဝိန်းကျေးရွာရှိ...
စစ်ကောင်စီက ဒေါ်စောမြရာဇာလင်းကို ဝဏ္ဏကျော်ထင်ဘွဲ့ချီးမြှင့်
SHAN -
မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းကို စစ်ကောင်စီက ဝဏ္ဏကျော်ထင်ဘွဲ့ချီးမြှင့်ခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယနေ့ ဇူလိုင် ၃ ရက်တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ စောမြရာဇာလင်းနှင့်အတူ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)...
ဝန်ကြီးချုပ်ရာထူး ဆိုင်းငံ့ခံရသည့် ပေထုန်တန်ရှင်နာဝပ် ထိုင်းအစိုးရအဖွဲ့သစ်ထဲ ယဉ်ကျေးမှုဝန်ကြီးဖြစ်လာ
SHAN -
ထိုင်းနိုင်ငံရေးမတည်ငြိမ်မှုအတွင်း ညွန့်ပေါင်းအစိုးရ ပြိုကွဲသွားပြီးနောက် အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည့် ထိုင်းအစိုးရအဖွဲ့ထဲတွင် ဝန်ကြီးချုပ်ရာထူး ဆိုင်းငံ့ခံရသည့် ပေထုန်တန် ရှင်နာဝပ်သည် ယဉ်ကျေးမှုဝန်ကြီး ဖြစ်လာသည်။ ယနေ့ (ဇူလိုင်လ ၃ ရက်) နံနက်ပိုင်းတွင် ထိုင်းအစိုးရအိမ်တော်၌ ကျင်းပသည့် အစိုးရအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ ဒုတိယဝန်ကြီးချုပ်နှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံထားသည့် Suriya Jungrungreangkit...
ကရင်နီတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်ရန် စစ်ကောင်စီတပ် အပြင်းအထန် ထိုးစစ်ဆင်ပြီးနောက် မိုးဗြဲမြို့လမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ ကရင်နီတော်လှန်ရေးတပ်များက ၂၀၂၃ နိုဝင်ဘာလအတွင်း ခြေမြန်တပ်ရင်း ( ခမရ) ၄၂၂ မှအပ မိုးဗြဲမြို့နှင့် မြို့ထဲရှိ စစ်တပ်စခန်းများကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ မိုးဗြဲမြို့မြောက်ဘက်...
တန့်ယန်းမြို့နယ်ထဲ ဖမ်းမိသည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၆၆ ဦးကို UWSA မှ တရုတ်ရဲလက်အပ်
SHAN -
သျှမ်းပြည် တန့်ယန်းမြို့နယ်အတွင်း ဖမ်းဆီးရမိသည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၆၆) ဦးတို့ကို ‘ဝ’တပ်ဖွဲ့ UWSA မှ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းသိရသည်။ ဇူလိုင်လ (၁) ရက်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဝင်ရောက်တပ်စွဲထားသည့် တန့်ယန်းမြို့နယ်အတွင်း ဖမ်းဆီးရမိသော အွန်လိုင်းကျားဖြန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၆၆)...
စစ်ကောင်စီ ပြည်သူ့စစ်မှုထမ်း တသက်သာ ရှောင်ရှားခွင့် သျှမ်းတောင်တွင် ကျပ်သိန်း (၈၀)ပေါက်
သျှမ်းပြည်တောင်ပိုင်း၊တောင်ကြီးမြို့ တွင် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း တသက်သာ ရှောင်ရှားခွင့် ကျပ်သိန်း (၈၀)ထိပေါက်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လနောက်ဆုံးပတ်မှ စတင်ပြီး တောင်ကြီးမြို့တွင် အမှတ်(၁၅) ပြည်သူ့စစ်မှုထမ်းအတွက် မဲနှိုက်ခေါ်ယူနေပြီး၊ ပြည်သူ့စစ်မှုထမ်းရန် အလှည့်ကျသူများ စစ်မှုမထမ်းချင်ပါက တသက်သာ ရှောင်ရှားခွင့်ဟုဆိုပြီး ငွေကျပ်(၈၀)ပေးရမည်ဟု စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...
စစ်ကောင်စီက တာလေတံတား ညဖြတ်သန်းခွင့်ကန့်သတ်
သျှမ်းပြည် အရှေ့ပိုင်း တာလေမြို့ရှိ တံတားကို စစ်ကောင်စီက ညအချိန်ဖြတ်သန်းသွားလာခွင့် ကန့်သတ်လိုက်သဖြင့် ဒေသခံများအတွက် ကျန်းမာရေး အရေးပေါ်လူနာအတွက် အခက်အခဲဖြစ်ကြောင်း သတင်းရရှိသည်။ တာလေမြို့ရှိ တံတားကို စစ်ကောင်စီက ည ၁၀ နာရီအချိန်ကျော်လျှင် မည်သည့်ယာဉ်မျှ ဖြတ်သန်းသွားလာခွင့် မပြုသည့်အပြင် အရေးပေါ်လူနာတင်ကားများကိုလည်း ဖြတ်သန်းသွားလာခွင့် မပြုသည့်အတွက် ဒေသခံများ...
ထိုင်းနိုင်ငံရေးလှုပ်ရှားမှုများတွင် မပါဝင်ရန် ထိုင်းရောက်မြန်မာများကို NUG သတိပေး
SHAN -
ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံရေးလှုပ်ရှားမှုများတွင် မပါဝင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG မှ သတိပေးစာ ထုတ်ပြန်လိုက်သည်။ ယနေ့ (ဇူလိုင် ၂ ရက်) တွင် ထုတ်ပြန်ခဲ့သည့် NUG ၏ အသိပေးမေတ္တာရပ်ခံချက်ထဲတွင် ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေထိုင်နေကြသည့် မြန်မာနိုင်ငံသားများ အနေဖြင့် ထိုင်းနိုင်ငံသားများ...





