Tuesday, January 27, 2026

တိုင်းရင်းသားအချင်းချင်းကြား သွေးခွဲစေမည့် အတုအယောင် ရွေးကောက်ပွဲအား ပူးပေါင်းပါဝင်မှု မလုပ်ကြရန် “ဝ”၊ တအာင်း၊ မွန် လူငယ်များ ထုတ်ပြန်

စစ်ကော်မရှင်မှ ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲသည် ၎င်းတို့၏ အာဏာတည်မြဲရေးနှင့် တရားဝင်ဖြစ်အောင် ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း မွန်ခမာအုပ်စု ဖြစ်ကြသည့် “ဝ”၊ တအာင်း၊ မွန် လူငယ်များက ယနေ့တွင် ပူးတွဲထုတ်ပြန်ကြေညာလိုက်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်ကော်မရှင်မှ တရားမဝင် ပြည်သူ့အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝှမ်းရှိ အရပ်သားများ၏ နေအိမ်များနှင့် ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ နေ့စဉ်နှင့်အမျှ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခြင်းနှင့် ပြည်သူများအား လူမဆန်စွာ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးအကျဉ်းချခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းများကို ပြည်သူများမှ နေ့စဉ်နှင့်အမျှ ခါးသည်းစွာ ခံစားလာကြကြောင်း ဆိုသည်။

ထိုသို့ ရာဇဝတ်များ ကျူးလွန်နေသည့် စစ်ကော်မရှင်သည် “နိုင်ငံတော်တည်ငြိမ်ရေး” ဟု အကြောင်းပြကာ လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် အတုအယောင် ရွေးကောက်ပွဲကျင်းပရန် စီစဉ်လျက်ရှိသည်။

စစ်တပ်၏ သမိုင်းတစ်လျှောက် ကျင်းပပြုလုပ်ခဲ့သော ရွေးကောက်ပွဲတိုင်းသည် ၎င်းတို့၏ အာဏာတည်မြဲရေး နှင့် တရားဝင်ဖြစ်အောင် ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် တိုင်းရင်းသားအင်အားစုများ အချင်းချင်းကြား စည်းလုံးညီညွတ်မှု ပျက်ပြားစေရေး၊ သွေးခွဲရေးနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကို လှည့်စားကာ တရားဝင်ရရှိရေးအတွက်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်ကြောင်း “ဝ”၊ တအာင်း၊ မွန် လူငယ်များက ဆိုသည်။

ထို့အပြင် စစ်ကော်မရှင်ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲကို ဝန်းရံခြင်း (သို့မဟုတ်) ပါဝင်ခြင်းသည် ပြည်သူ့တော်လှန်ရေး၏ ရည်မှန်းချက်နှင့် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး မျှော်မှန်းချက်ကို ဆန့်ကျင်ရာရောက်သည့်အတွက်ကြောင့် ပူးပေါင်းပါဝင်မှု မလုပ်ဆောင်ကြရန် အဆိုပါလူငယ်များက တိုက်တွန်းထားသည်။

အလားတူ တရုတ်အစိုးရအပါအဝင် နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပြင်ပနိုင်ငံမှ အိမ်နီးချင်း ရင်းနှီးမြုပ်နှံသူအားလုံး စစ်ကော်မရှင်မှ ကျင်းပပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲအား နည်းပညာအရ ပံ့ပို့ကူညီခြင်း၊ စောင့်ကြည့်လေ့လာခြင်း၊ ပူးပေါင်းပါဝင်ခြင်း၊ အသိအမှတ်ပြုခြင်း စသည့် ပံ့ပိုးဆောင်ရွက်မှုများ မလုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။

မွန်ခမာအုပ်စုဖြစ်ကြသည့် “ဝ”၊ တအာင်း၊ မွန် လူငယ်များသည် အကြမ်းဖက်စစ်တပ် အာဏာသက်ဆိုး ရှည်စေမည့် မည်သည့်လုပ်ရပ်မျိုးများကိုမဆို ဆန့်ကျင်တော်လှန်သွားမည်ဖြစ်ကြောင်း ဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ပလက်ဖောင်း ကိုကိုကြီး” ဟု ခေါ်ခံရသည့် PP ဥက္ကဌ ရွေးကောက်ပွဲရှုံးနိမ့်

0
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် နေရာ ဝင်ရောက် ယှဉ်ပြိုင်သည့် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း ပါတီ တာဝန်ရှိသူ တဦးက သျှမ်းသံတော်ဆင့်ကို ဇန်နဝါရီလ ၂၅ ရက် ညပိုင်းတွင် အတည်ပြုပြောသည်။ စစ်ကောင်စီ ရွေးကောက်ပွဲသည် မြေပေါ် နိုင်ငံရေး (ဝါ)...

ခေါင်းနှင့်ပန်းလို တစ်သားတည်း ဖြစ်နေသော စစ်တပ်နှင့် ကြံ့ခိုင်ရေးပါတီ

0
စစ်ကော်မရှင် ဦးဆောင်ကျင်းပခဲ့သည့် အတုအယောင် ရွေးကောက်ပွဲ အပိုင်း (၁) တွင် သျှမ်းပြည် (၁၂) မြို့နယ်၌ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က မြို့နယ်အများစုတွင် အနိုင်ရ ဦးဆောင်နေကြောင်း သိရသည်။ ၂၀၂၅ ဒီဇင်ဘာလ ၂၈ ရက်က အတုအယောင် ရွေးကောက်ပွဲ...

“စစ်အုပ်စုကတော့ ဥပဒေရော အကြမ်းဖက်မှုပါ သုံးပြီး လူထုကိုဖိနှိပ်မှာ ဖြစ်တယ်”

0
စစ်ကော်မရှင်သည် အတုအယောင် ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်ပြီး အပိုင်းသုံးပိုင်းခွဲကာ ကျင်းပသွားမည်ဟု ကြေညာထားသည်။ အတုအယောင် ရွေးကောက်ပွဲ အပိုင်း (၁) ကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြို့နယ် ၁၀၂ မြို့နယ်၌ ကျင်းပသွားမည် ဖြစ်ပြီး အပိုင်း (၂)...

အတုအယောင် ရွေးကောက်ပွဲအပေါ် မိတ်ဖက်နိုင်ငံများ၏ ထောက်ခံမှုအခိုင်အမာ ရရှိထားဟု စစ်ကော်မရှင်ပြော

0
စစ်ကော်မရှင် ကျင်းပပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲအပေါ် ကွဲပြားခြားနေသော နိုင်ငံတကာ တုံ့ပြန်မှုများ ရှိနေသော်လည်း မိတ်ဖက်နိုင်ငံများ၏ ထောက်ခံမှုများကတော့ အခိုင်အမာ ရရှိထားပြီးဖြစ်ကြောင်း စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ ယနေ့ (နိုဝင်ဘာလ ၁၁) ရက်တွင် စစ်ကော်မရှင်လက်အောက်ခံ မြန်မာအလင်းသတင်းစာမှတစ်ဆင့် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ “မြန်မာနိုင်ငံရဲ့...

စစ်ရေးနှင့်လက်နက်ဖြင့် ခြိမ်းခြောက်ဆက်ဆံမှုသည် တိုင်းရင်းသားအချင်းချင်းကြား အဖြေကောင်းမဟုတ်ဟု KIA ပြော

0
စစ်ရေးနှင့်လက်နက်ဖြင့် ခြိမ်းခြောက်ဆက်ဆံမှုမျိုးသည် တိုင်းရင်းသားအချင်းချင်းကြားအတွက် အဖြေကောင်း မထွက်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်နှင့် ၁၂ ရက်နေ့တို့တွင် ကွတ်ခိုင်မြို့နယ် TNLA အုပ်ချုပ်ရေးအဖွဲ့မှ KIA ဆက်ဆံရေးရုံး တာဝန်ရှိသူများကို နှစ်ကြိမ်တိုင်တိုင် လာရောက်တွေ့ဆုံပြီး ဧပြီလ ၁၅...