ခေါင်းနှင့်ပန်းလို တစ်သားတည်း ဖြစ်နေသော စစ်တပ်နှင့် ကြံ့ခိုင်ရေးပါတီ

စစ်ကော်မရှင် ဦးဆောင်ကျင်းပခဲ့သည့် အတုအယောင် ရွေးကောက်ပွဲ အပိုင်း (၁) တွင် သျှမ်းပြည် (၁၂) မြို့နယ်၌ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က မြို့နယ်အများစုတွင် အနိုင်ရ ဦးဆောင်နေကြောင်း သိရသည်။

၂၀၂၅ ဒီဇင်ဘာလ ၂၈ ရက်က အတုအယောင် ရွေးကောက်ပွဲ အပိုင်း (၁) ကို သျှမ်းပြည်အတွင်း နောင်ချို၊ လားရှိုး၊ မူဆယ်၊ တောင်ကြီး၊ ဟိုပုံး၊ ပင်းတယ၊ နမ့်စန်၊ လင်းခေး၊ လွိုင်လင်၊ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ် အပါအဝင် ၁၂ မြို့နယ်တို့တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ မြို့နယ်များတွင် အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရသူ အမည်စာရင်းများကို ကြေညာခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ သျှမ်းပြည်အတွင်း ကိုယ်စားလှယ် (၈) နေရာဖြင့် အများဆုံး ရွေးကောက်တင်မြှောက်ခံရကြောင်း ယမန်နေ့ (ဇန်နဝါရီလ ၄ ရက်) တွင် ထုတ်ပြန်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကြေညာချက်အရ သိရသည်။

အလားတူ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီမှ ကိုယ်စားလှယ် (၃) နေရာ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) မှ ကိုယ်စားလှယ် (၁) နေရာတွင် ရွေးကောက်တင်မြောက်ခံရကြောင်း UEC ကြေညာချက်တွင် ဖော်ပြထားသည်။

“ကြံ့ခိုင်ရေးပါတီက အပြတ်အသတ် နိုင်တယ်ဆိုတာက သိပ်ပြီး ထူးဆန်းတဲ့ အလုပ်တော့ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ တစ်အချက်အနေနဲ့ ကြိုတင် လမ်းရှင်းထားလို့ပဲ ဖြစ်တယ်။ လူထုထောက်ခံတဲ့ NLD ၊ SNLD ၊ ANP စတဲ့ ပါတီတွေ ပထုတ်ထားလို့ ဒါမှမဟုတ်ရင်လည်း သူတို့မဝင်အောင် အခင်းအကျင်းတွေ ဖန်တီးထားလို့ ဖြစ်ပါတယ်။ နောက်တစ်ချက်က ပြိုင်နေတဲ့ ကြံ့ခိုင်ရေးပါတီနဲ့ တပ်မတော်က ခေါင်းနဲ့ပန်းလို တစ်သားတည်း ဖြစ်နေလို့၊ တရားသူကြီးနဲ့ အမှုဆိုင်နေတဲ့ ပါတီက တစ်ကိုင်းတည်း ဖြစ်နေလို့ပဲ” ဟု သျှမ်းနိုင်ငံရေး သုတေသီ စိုင်းဝမ်းစိုင်းက သျှမ်းသံတော်ဆင့်ကို သုံးသပ်ပြောသည်။

၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းခဲ့သော စစ်ကော်မရှင်တပ်သည် ၂၀၂၅ ဒီဇင်ဘာလတွင် အတုအယောင် ရွေးကောက်ပွဲ အပိုင်း (၁) ကို ပြန်လည်ပြုလုပ်ခဲ့သော်လည်း အဆိုပါရွေးကောက်ပွဲကို ပြည်သူလူထုက စိတ်ဝင်စားမှုမရှိပေ။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်တပ်လက်အောက်ခံ နိုင်ငံ့ဝန်ထမ်းများနှင့် အတင်းအကြပ် ဖိအားပေးမှုကြောင့် မဖြစ်မနေ မဲပေးရသော ပြည်သူလူထုအချို့သာ ရှိသည်။

“ကျနော်တို့ မဲမထည့်ပါဘူး၊ မဲရုံတောင် ဘယ်နားမှာ ရှိမှန်းတောင် မသိဘူး။ တစ်မိသားစုလုံး မဲမထည့်ဘူး” ဟု တောင်ကြီးမြို့ခံတစ်ဦးက ပြောသည်။

ရွေးကောက်ပွဲ အပိုင်း (၁) တွင် တစ်နိုင်ငံလုံး မဲပေးသူ လူဦးရေ ၆ သန်းကျော် ရှိကာ ၅၂ ရာခိုင်နှုန်းကျော် မဲပေးခဲ့သည်ဟု စစ်ကော်မရှင်ထိန်းချုပ် မီဒီယာများမှတစ်ဆင့် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် စစ်ကော်မရှင် ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြားခဲ့သည်။

သို့သော် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပြည်တွင်း၊ ပြည်ပရှိ ရွေးကောက်ပွဲ စောင့်ကြည့်သူများကမူ ရွေးကောက်ပွဲ အပိုင်း (၁) ရလဒ်နှင့် ပတ်သက်၍ မဲပေးသူလူဦးရေ မည်မျှရှိကြောင်း မည်သည့် သတင်းအချက်မျှ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

“ဒီရွေးကောက်ပွဲကတော့ (၁) အချက်က မင်းအောင်လှိုင် သမ္မတဖြစ်ဖို့အတွက် ကြံဖန်တဲ့ ရွေးကောက်ပွဲလို့ ပြောရမှာပေါ့။ (၂) အချက်အနေနဲ့ကတော့ သူ့ကို လုပ်စေချင်တဲ့ တရုတ်ကြီးရဲ့ အလိုအတိုင်း လုပ်ပေးပြီးတော့ နိုင်ငံရဲ့ သယံဇာတတွေကို တရုတ်အလိုကျ ထုတ်ယူသုံးစွဲဖို့အတွက် လုပ်တဲ့ လုပ်ပွဲလို့ ပြောရမှာပေါ့” ဟု သျှမ်းနိုင်ငံရေး သုတေသီ စိုင်းဝမ်းစိုင်းက ပြောသည်။

စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲ အပိုင်း (၁) အတွက် ကြိုတင်မဲ ကောက်ယူသည့်အခါတွင်လည်း ပွင့်လင်းမြင်သာမှု အားနည်းသောကြောင့် ပြည်သူ့ပါတီ (PP) အပါအဝင် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ် (SNDP) ပါတီ (ကျားဖြူပါတီ) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကလည်း ဇန်နဝါရီလ ၂ ရက်၊ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုးက ဇန်နဝါရီလ ၁ ရက်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ စာပို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။

အလားတူ အတုအယောင် ရွေးကောက်ပွဲ အပိုင်း (၂) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မြို့နယ် ၁၀၀ မြို့နယ်၌ ကျင်းပမည်ဖြစ်ပြီး ရွေးကောက်ပွဲ အပိုင်း (၃) ကိုလည်း ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် မြို့နယ် ၆၃ မြို့နယ်၌ ကျင်းပမည် ဖြစ်သောကြောင့် ရွေးကောက်ပွဲ ကျင်းပမည့် မြို့နယ် စုစုပေါင်း ၂၆၅ မြို့နယ်ဖြစ်သည်။

ရွေးကောက်ပွဲ အပိုင်း (၂) တွင် သျှမ်းပြည်မှ တန့်ယန်း၊ မိုင်းရယ်၊ ရွာငံ၊ ဆီဆိုင်၊ ကလော၊ ရပ်စောက်၊ ကွန်ဟိန်း၊ မိုင်းပန်၊ မောက်မယ်၊ မိုင်းကိုင်၊ လဲချား၊ မိုင်းခတ်၊ မိုင်းပျဉ်း၊ မိုင်းဖြတ်၊ မိုင်းတုံ၊ မိုင်းယောင်းနှင့် မိုင်းယန်း (၁၇) မြို့နယ်တို့ ဖြစ်သည်။

ရွေးကောက်ပွဲ အပိုင်း (၃) တွင် သျှမ်းပြည်မှ မက်မန်း၊ ပင်လောင်း၊ ညောင်ရွှေ၊ ဖယ်ခုံ၊ မိုးနဲ၊ ကျေးသီး၊ မိုင်းရှူး၊ သီပေါနှင့် ကျောက်မဲ (၉) မြို့နယ်တို့ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ် ပေါ်တာဆွဲမှု သောင်းကျန်း၊ လူငယ်များ သွားလာသတိပြုရန်

0
စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှု ပြုလုပ်လာသဖြင့် သျှမ်းပြည်တောင်ပိုင်း လူငယ်များလည်း အသွားအလာ သတိရှိရှိ နေရကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်း အောင်ပန်းမြို့တွင် ပေါ်တာဆွဲမှုများရှိနေသဖြင့် လူငယ်များသည် နေ့လည်ပိုင်းတွင် အပြင်ကို သတိဖြင့်သွားလာရပြီး ညနေပိုင်းတွင် အပြင်ထွက်ရန်ပင် စိုးရိမ်နေကြကြောင်း အသက် ၂၅ ဝန်းကျင်ရှိ...

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

နယ်စပ်တည်ငြိမ်ရေးနှင့် ကျားဖြန့်နှိမ်နင်းရန် စစ်တပ်နှင့် ထိုင်းအရာရှိများ ဆွေးနွေး

0
မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက် တရားဥပဒေစိုးမိုးရေးနှင့် ဒေသတွင်း ဆိုးဝါးစွာဖြစ်ပေါ်နေသော အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများကို တိုက်ဖျက်ရန် စစ်ကော်မရှင်၏ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ်တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (သြဂုတ်လ ၂၇ ရက်) နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌...