“ပလက်ဖောင်း ကိုကိုကြီး” ဟု ခေါ်ခံရသည့် PP ဥက္ကဌ ရွေးကောက်ပွဲရှုံးနိမ့်

ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် နေရာ ဝင်ရောက် ယှဉ်ပြိုင်သည့် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း ပါတီ တာဝန်ရှိသူ တဦးက သျှမ်းသံတော်ဆင့်ကို ဇန်နဝါရီလ ၂၅ ရက် ညပိုင်းတွင် အတည်ပြုပြောသည်။

စစ်ကောင်စီ ရွေးကောက်ပွဲသည် မြေပေါ် နိုင်ငံရေး (ဝါ) ပါတီ နိုင်ငံရေး (ဝါ) လွှတ်တော် နိုင်ငံရေး၊ စစ်ဘက်- အရပ်ဘက် ဆက်ဆံရေး စသည်များ အတွက် လိုအပ်သည့် ပေါင်းကူးလမ်း (ဝါ) စင်္ကြန်(ဝါ) ပလက်ဖောင်း (Platform) တခု ဖြစ်ကြောင်း မကြာခဏ ပြောဆိုလေ့ရှိသဖြင့် လူမှုကွန်ရက်တွင် “ပလက်ဖောင်း ကိုကိုကြီး” ဟု ချစ်စနိုး ဝိဂြိုဟ်ပြု ခေါ်ဝေါ် ခံရသူ ဦးကိုကိုကြီး သည် ကြိုတင်မဲကြောင့် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။

“ကြိုတင်မဲနဲ့ ရှုံးတယ်။ မဲစာရင်းက မနက်ဖြန် မနက် တင်ပေးမယ်”ဟု ပြည်သူ့ပါတီ တာဝန်ရှိသူက ဆိုသည်။

လက်ရှိ မဲရလဒ်များအရ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာကို ကြံ့ခိုင်ရေးပါတီမှ ဦးရန်မျိုးအောင်သိန်း အနိုင်ရသွားကြောင်း သိရသည်။

လမ်းမတော် အပါအဝင် ရန်ကုန်တိုင်း မဲဆန္ဒနယ်များတွင် ပြည်သူ့ပါတီ၊ ကြံ့ခိုင်ရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး (တစည) ပါတီနှင့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) တို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

နောက်ဆုံး မဲရလဒ်များအရ ဒဂုံမြို့သစ် အရှေ့ပိုင်းတွင် ကြံ့ခိုင်ရေးပါတီက အနိုင်ရသွားပြီး အခြားမြို့နယ် အများစုတွင်လည်း ကြံ့ခိုင်ရေးပါတီသာ အနိုင်ရနေကြောင်း နီးစပ်သူ တဦးက ဆိုသည်။

ဇန်နဝါရီ ၂၅ ရက်နေ့ ပြုလုပ်သည့် စစ်တပ် ရွေးကောက်ပွဲ တတိယပိုင်းကို ရန်ကုန်တိုင်း မြို့နယ်များ အပါအဝင် မြို့နယ် ၆၁ ခုတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီသည် ပြီးခဲ့သည့် စစ်တပ်ရွေးကောက်ပွဲ ပထမပိုင်းနှင့် ဒုတိယပိုင်းတွင် အမျိုးသားလွှတ်တော် တနေရာ၊ တိုင်း သို့မဟုတ် ပြည်နယ် လွှတ်တော် ၇ နေရာ အနိုင်ရရှိထားပြီး စစ်တပ်၏ ကြံခိုင်ရေးပါတီက ပြည်သူ့လွှတ်တော် ၁၈၁ နေရာ၊ အမျိုးသားလွှတ်တော် ၅၂ နေရာနှင့် တိုင်း သို့မဟုတ် ပြည်နယ်လွှတ်တော်တွင် ၂၃၈ နေရာ အနိုင်ရထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံးမြို့နယ်ရှိ နေအိမ်များ ဖျက်သိမ်းရန် သက်ဆိုင်ရာတာဝန်ရှိသူများက အိမ်ပိုင်ရှင်ထံ ပိုက်ဆံကောက်

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာမှ နေအိမ်များကို ဖျက်သိမ်းရန် စစ်ကော်မရှင်နှင့် ပအိုဝ်းပြည်သူ့စစ် PNOတပ်က အိမ်ပိုင်ရှင်များကို တစ်အိမ်လျှင် ငွေကျပ် ငါးသိန်းစီ ထပ်မံကောက်ခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ ပအိုဝ်းပြည်သူ့စစ် ( PNO)...

ဟိုပုံးမြေသိမ်းမှု ကန့်ကွက်သူ ၆ ဦး သတင်းအစနမရ

0
သျှမ်းပြည်တောင်ပိုင်း၊ဟိုပုံးမြို့နယ် ညောင်ပင်ကျေးရွာမှ မြေယာသိမ်းဆည်းမှုကို ကန့်ကွက်ခဲ့သည့် ရွာသူကြီးအပါအဝင် ဒေသခံ ၆ဦးသည် ယနေ့ (မေ ၂၇)ရက်အထိ ပြန်လည်မလွတ်မြောက်သေးဘဲ သတင်းအစန မရရှိသေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ ပအိုဝ်းပြည်သူ့စစ် ( PNO)...

ညောင်ရွှေတွင် ဧည့်စာရင်းစစ်ပြီး စစ်ကော်မရှင်က ပေါ်တာဆွဲ ဖမ်းဆီးမှုများရှိ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး နယ်ခံမဟုတ်သူများကို ဖမ်းဆီပေါ်တာဆွဲနေကြောင်း ဒေသခံများပြောသည်။ ပြီးခဲ့သည့် မေလ၂၁ရက်တွင် ညောင်ရွှေမြိုနယ် အင်းလေးဒေသ နန်းပန်မြို့မှ အသက် ၃၀ ကျော် လင်မယားနှစ်ဦးသည် ညောင်ရွှေမြို့တွင် သွားရောက်တည်းခိုစဉ် စစ်ကော်မရှင်တပ်က ဧည့်စာရင်းဝင်စစ်ကာ ဖမ်းဆီးသွားကြောင်း ၎င်းအသိမိတ်ဆွေ တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထိုသို့...

ရွာငံတွင် စစ်ကော်မရှင်က ရှောင်တခင် စလော့ဂိမ်းစစ်ဆေးမှုများပြုလုပ်ပြီး ဖမ်းဆီးအရေးယူနေ

0
သျှမ်းပြည်၊ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်က ကျေးရွာလမ်းမများနှင့် စစ်ဆေးရေးဂိတ်များတွင်  ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်နေပြီး ဒေသခံများ၏ဖုန်းအတွင်း စလော့ဂိမ်းတွေ့ရှိလျှင် ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ရွာငံမြို့နယ်အတွင်း အွန်လိုင်းစလော့ဂိမ်းများကို အသက် ၁၅နှစ်ဝန်းကျင်မှစပြီး အသက် ၆၀ကျော်အထိ ဂိမ်းကစားနေကြပြီး အဆိုပါဂိမ်းကြောင့် ကျေးရွာများ အတွင်း ခိုးဆိုးလုယက်ခြင်း၊ပိုင်ဆိုင်များကို ပေါင်နှံရောင်းချမှုများ ပိုမိုများလာကြောင်း ဒေသခံများက...

သျှမ်းပြည်ကျားဖြန့်များ မြေရှားတွင်းများတွင် အဓမ္မခိုင်းစေခံနေရဟု SHRF ဆို

0
သျှမ်းပြည်အရှေ့ပိုင်းရှိ တရုတ်မြေရှားသတ္တုတွင်းများတွင် လူကုန်ကူးခံထားရသည့် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) မှ မြန်မာအလုပ်သမားများကို ကျွန်အဖြစ် အဓမ္မခိုင်းစေနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က မေလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထိုင်း-မြန်မာနယ်စပ်အနီး မိုင်းဆတ်မြို့နယ်တောင်ပိုင်းရှိ တရုတ်ကုမ္ပဏီတစ်ခု လုပ်ကိုင်နေသော မြေရှားသတ္တုတွင်းများကို တာချီလိတ်မြို့မှ လူကုန်ကူးခံရသည့် မြန်မာအလုပ်သမားများကို အဓမ္မခိုင်းစေနေခြင်း...