CATEGORY

နိုင်ငံရေး

သျှမ်းပြည် တွင် မဲရုံပေါင်း ၃၅၀၀ကျော်ရှိ

လာမည့် ၂၀၂၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင် သျှမ်းပြည်တွင်းရှိ မဲရုံပေါင်း ၃၅၀၀ ကျော် ထားရှိမည်ဖြစ်ကြောင်း သိရသည်။ သျှမ်းပြည်တွင်းရှိ မဲရုံအရေအတွက် (၃၆၇၆) ခန့်ရှိပြီး အတိုးအလျော့ ဆက်လက်ရှိသွားမည်ဖြစ်ကြောင်း သျှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထင်ကျော်...

တပ်မဲရုံ အပြင်ထုတ်ခြင်းသည် ပွင့်လင်းမြင်သာမှု ရှိလာသည် ဟုဆို

လာမည့် ၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တပ်မဲရုံများ အပြင်ထုတ်လာခြင်းသည် ပွင့်လင်းမြင်သာမှု ရှိလာသည်ဟု နိုင်ငံရေးပါတီများက သုံးသပ်ပြောဆိုလိုက်သည်။ တပ်မတော်သားများ အပြင်ထွက်ပြီး မဲလာရောက်ထည့်ခြင်းသည် တန်းတူညီမျှသည့် အနေအထား ဖော်ဆောင်သည့်အတွက် ကြိုဆိုရမည့် ကိစ္စဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အထွေထွေအတွင်းရေးမှူး စိုင်းလိတ် က...

သျှမ်းပြည်တွင် မဲပေးပိုင်ခွင့်ရှိသူ ၂၉ ရာခိုင်နှုန်းတိုးလာ

၂၀၂၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၂၉ ရာခိုင်နှုန်းခန့် တိုးလာကြောင်း သျှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးထံ စုံစမ်းသိရှိရသည်။ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ မှာ ကျင်းပမည့် ပါတီစုံ ရွေးကောက်ပွဲသည် သျှမ်းပြည်တွင်းရှိ မဲပေးပိုင်ခွင့် ရှိသူ (၃၅)...

FPNCC ကို ဖိတ်လျှင် SSPP လည်း ၂၁ ပင်လုံညီလာခံတက်မည်

သြဂုတ်လအတွင်းကျင်းပရန်ပြင်ဆင်နေကြသည့် ၂၁ ရာစုပင်လုံညီလာခံ သို့ မဟုတ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ FPNCC  ကို ဖိတ်ကြားပါက  SSPP လည်းညီလာခံတက်ရောက်မည်ဟု SSPP ကပြောဆိုလိုက်သည်။ ၂၁ ရာစုပင်လုံညီလာခံ စတုတ္ထအကြိမ်ကျင်းပနိုင်ရေး  ဇူလိုင်လနှောင်းပိုင်းကစပြီး ယနေ့အထိ နေပြည်တော်တွင် အစိုးရကိုယ်စားလှယ်နှင့်NCA  လက်မှတ်ထိုး တိုင်းရင်းသားကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးကာပြင်ဆင်နေပြသည်။  အဆိုပါတွေ့ဆုံဆွေးနွေးပြင်ဆင်ရေးတွင် NCA...

နမ့်ခမ်းမြို့နယ်အတွင်း RCSS/SSA နှင့် အစိုးရတပ် တိုက်ပွဲ ဖြစ်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း RCSS/SSA နှင့် အစိုးရတပ်မတော်တို့ ယနေ့ ညနေပိုင်း တိုက်ပွဲဖြစ်ပွားကြောင်း မြေပြင်သတင်းအရ စုံစမ်းသိရသည်။ သြဂုတ် ၄ ရက် ယနေ့ ညနေ ၆ နာရီက နမ့်ခမ်းမြို့နယ် ဟတ်ဟင်ကျေးရွာ နှင့် ၄င်းနှင့်ထိကပ်လျက်ရှိသော မူစယ်မြို့နယ် မန့်ဟီးရိုး (မန့်ဟျိုး) မြို့နယ်ခွဲအတွင်းရှိ...

နမ့်ခမ်းမြို့နယ်တွင် အစိုးရတပ်အင်အားဖြည့် ပစ်ခတ်မှုဖြစ်မှာကို ဒေသခံများစိုးရိမ်

သျှမ်းပြည် မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် အတွင်း RCSS/SSA လှုပ်ရှားရာဘက်သို့ အစိုးရ တပ်မတော် အင်အားဖြည့်တင်းမှုများ ပြုလုပ်နေသဖြင့် ထိတွေ့မှု ဖြစ်ပွားမည် ကို ဒေသခံများက စိုးရိမ်နေကြပါသည်။ နမ့်ခမ်းမြို့နယ်အတွင်း သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်မဟာ (၇၀၁) အခြေစိုက်ရာ...

ပအိုဝ်း လူထုဆန္ဒအရ ကြံ့ခိုင်ရေး ပါတီ ကို မဟာမိတ် အဖြစ် မှ PNO ရပ်စဲ

ပအိုဝ်းတိုင်းရင်းသားများက PNO ပါတီကိုသာ မဲပေးချင်သည်ဟု တောင်းဆိုလာသည့်အတွက် ပြည်ခိုင်ဖြိုးပါတီကို မဟာမိတ် အဖြစ် မှ ရပ်စဲလိုက်ရခြင်းဖြစ်ကြောင်း PNO ကပြောသည်။ ပြီးခဲ့သည့် ရွေးကောက်ပွဲ သက်တမ်းများတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) သည် ပြည်ခိုင်ဖြိုးပါတီ (USDP) နှင့် မဟာမိတ်အဖြစ် လက်တွဲဆောင်ရွက်ခဲ့သည်။ သို့သော် လာမည့်...

RCSS/SSA တပ်သား ၂၀ ထွက်ပြေးသည့်ကိစ္စ မဟုတ်မှန်ကြောင်း RCSS ပြော

တပ်မတော် သတင်းမှန် ထုတ်ပြန်ထားသည့် RCSS/SSA တပ်သား ၂၀ ဦး ထွက်ပြေးသည့် သတင်းသည် မမှန်ကန်ကြောင်း ဗိုလ်မှူးကြီး စဝ်အုမ်ခေး က ပြောဆိုလိုက်သည်။ သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS/SSA မှ အတင်းအဓမ္မ လူသစ်စုဆောင်ပြီး လွိုင်တိုင်းလျန်း...

သီပေါမြို့နယ် စစ်ရှောင်များ စိုးရိမ်မှုဖြင့် နေရပ်ပြန်ကြ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် စစ်ဘေးရှောင်များ ယနေ့ (ဇူလိုင် ၂၄)ရက် မွန်းလွှဲပိုင်း တွင်စိုးရိမ်စိတ်ဖြင့် နေရပ်သို့ ပြန်ကြကြောင်း စုံစမ်းသိရသည်။ ဇူလိုင် ၂၂ ရက် ညနေ ၄နာရီ ကျော်တွင် သီပေါမြို့နယ် နာအုံးကျေးရွာနှင့် ပန်မုံကျေးရွာ ကြားတွင် အစိုးရတပ်မတော် နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော်(SSPP/SSA)...

သီပေါတိုက်ပွဲကြား စစ်ရှောင်တဉီး မီးဖွား

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ရှောင်ရင်းအမျိုးသမီးတဦး ကလေးမွေးဖွားခဲ့ကြောင်း သိရသည်။ စစ်ရှောင်လာရင်း မွေးဖွားလာသည့်ကလေးငယ် (ဓာတ်ပုံ Lao Main Hsipaw) ယမန်နေ့ ဇူလိုင်၂၂ ရက်က သီပေါမြို့နယ် နားအုံရွာ နှင့် ပန်မုံရွာကြား တွင်သျှမ်းပြည်တိုးတက်ရေးပါတီ၊...

Latest news