Tuesday, January 27, 2026

သျှမ်းပြည်တဝှမ်း ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူ (၃၆)သိန်းကျော်ရှိ

မနက်ဖန် (နိုဝင်ဘာ ၈)ရက် ၂၀၂၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် သျှမ်းပြည်တဝှမ်း မဲပေးပိုင်ခွင့်ရှိသူ ( ၃၆) သိန်းကျော် ရှိကြောင်း ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ထံ စုံစမ်းသိရှိရသည်။

၂၀၂၀ ခုနှစ် နိုဝင်ဘာ (၈) ရက်တွင် ကျင်းပမည့် ပါတီစုံ ရွေးကောက်ပွဲ၌ သျှမ်းပြည်တွင်းရှိ မဲပေးပိုင်ခွင့်ရှိသူ (၃၆,၃၄၀၀၀) ရှိပြီး ၂၀၁၅ ခုနှစ် ပါတီစုံ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ (၃၁) သိန်းကျော်သာ ရှိကြောင်း သျှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးထင်ကျော်က ပြောသည်။

“မဲ ဆန္ဒရှင်က ၂၀၁၅ ခုနှစ်ထက် ပိုတိုးလာပါတယ်” ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထင်ကျော် က ပြောသည်။

သျှမ်းပြည်နယ်တွင် ရွေးကောက်ပွဲ ကျင်းပသည့် မြို့နယ်ပေါင်း (၄၉ ) မြို့ရှိပြီး နိုဝင်ဘာ ၅ ရက်နေ့ နောက်ဆုံးမဲစာရင်း အရ မဲဆန္ဒရှင် (၃၆၃၄၀၀၀) ရှိကြောင်း၊ သျှမ်းပြည်တောင်ပိုင်းတွင် မဲဆန္ဒရှင် (၁၆၉၉၀၀၀) ဦး ၊ သျှမ်းပြည်မြောက်ပိုင်းတွင် မဲဆန္ဒရှင်(၁၄၄၀၀၀၀) ကျော်ရှိပြီး သျှမ်းပြည်အရှေ့ပိုင်းတွင် (၄၈၀၀၀၀) ကျော်ရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထင်ကျော် ကပြောသည်။

နိုဝင်ဘာ ၂ ရက်နေ့ထိ အသက် (၆၀) ကျော်အထက်ရှိသူ သျှမ်းပြည်တွင်း ကြိုတင်မဲပေးသူ ဦးရေ (၇၄၀၀၀) ကျော်ရှိကြောင်း ဥက္ကဋ္ဌ ဦးထင်ကျော် ကဆက်လက်ပြောသည်။

“သျှမ်းပြည်တွင်း မြို့ပေါင်း ၄၉ မြို့နယ် မဲဆန္ဒနယ် ၄၉ နေရာမှာ ကြိုတင်မဲ ပေးတဲ့ စာရင်းက အသက် ၆၀ ကျော်အထက် က သုံးသိန်း ကိုးသောင်း ခြောက်ထောင် ရှိတယ်”ဟု ဦးထင်ကျော် ကပြောသည်။

၂၀၁၅ ခုနှစ်ပါတီစုံ အထွေထွေ ဒီမိုကရေစီရွေးကောက်ပွဲ ကာလသည် မဲရုံပေါင်း (၃၃၃၁) ခု ထားရှိပြီး ၂၀၂၀ ရွေးကောက်ပွဲသည် မဲရုံပေါင်း (၃၅၉၁) ခု ထားရှိခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မဲရုံ ဝန်ထမ်းပေါင်း (၅၅၀၀၀) ဦး ရှိပြီး မသန်စွမ်း မဲပေးမယ့်သူ (၅၀၀၀) ကျော် ရှိကြောင်း သိရသည်။

သျှမ်းပြည်တွင် ၂၀၂၀ပါတီစုံ အထွေထွေရွေးကောက်ပွဲ မကျင်းပသည့် မိုင်းကိုင်မြိုနယ် အပါအဝင် (၈)မြို့နယ် ရှိကာ မဲဆန္ဒရှင် (၇)သောင်းခွဲကျော် မဲပေးပိုင်ခွင့်ဆုံးရှုံးကြောင်းလည်း ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးမှသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ပလက်ဖောင်း ကိုကိုကြီး” ဟု ခေါ်ခံရသည့် PP ဥက္ကဌ ရွေးကောက်ပွဲရှုံးနိမ့်

0
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် နေရာ ဝင်ရောက် ယှဉ်ပြိုင်သည့် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း ပါတီ တာဝန်ရှိသူ တဦးက သျှမ်းသံတော်ဆင့်ကို ဇန်နဝါရီလ ၂၅ ရက် ညပိုင်းတွင် အတည်ပြုပြောသည်။ စစ်ကောင်စီ ရွေးကောက်ပွဲသည် မြေပေါ် နိုင်ငံရေး (ဝါ)...

ညောင်ရွှေမြို့နယ် ကျေးရွာများတွင် စစ်တပ်လက်အောက်ခံ ပျူစောထီးများကြောင့် မဲရုံစောသွားရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ကျေးရွာအချို့တွင် စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့များမှ ကျေးရွာအတွင်း လှည့်ပတ်စစ်ဆေးမှုကြောင့် ဒေသခံများ နံနက် ၅ နာရီခန့်တွင် စတင်မဲပေးခဲ့ရကြောင်း သတင်းရရှိသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ညောင်ရွှေ၊ ပင်လောင်း၊...

သျှမ်းမြောက်စစ်ရေးပဋိပက္ခကြား PR စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ခွဲတမ်းရရှိရေး နိုင်ငံရေးပါတီများ မျှော်လင့်

0
သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခများကြောင့် မြို့နယ်အများစုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသော်လည်း အချိုးကျကိုယ်စားပြု PR စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ခွဲတမ်းရရှိရေး နိုင်ငံရေးပါတီများ မျှော်လင့်နေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ကျင်းပနေသည့် ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲတွင် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP) ကျင့်သုံး၍ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်း...

ကျေးသီးနှင့် မိုင်းရှူးမြို့နယ်တွင် ရွေးကောက်ပွဲ ဆန္ဒမဲပေးသူ နည်းပါး

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးနှင့် မိုင်းရှူးမြို့နယ်တွင် ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးသူ နည်းပါးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲ၌ ကျေးသီးမြို့နယ်မှ ဆန္ဒမဲပေးသူ နည်းပါးခြင်းကြောင့် ရပ်ကွက်အတွင်း သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများက ဆန္ဒမဲထည့်ရန် လိုက်လံဆော်သြခဲ့ရကြောင်း ကျေးသီးမြို့နယ်...

မိုင်းရှူးမြို့နယ်တွင် ရွေးကောက်ပွဲ လူစိတ်ဝင်စားမှုမရှိ၊ မဲတိုကင်ကတ်များကို အိမ်ထိ လိုက်ပေးနေ

0
သျှမ်းပြည် မိုင်းရှူးမြို့နယ်တွင် စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲကို လူထုစိတ်မဝင်စားဘဲ မဲတုံကင်ကတ်များကို အိမ်တိုင်ရာရောက် လိုက်ဝေပေးနေရကြောင်း စုံစမ်းသိရသည်။ လာမည့် (ဇန်နဝါရီလ ၂၅ ရက်)တွင် ပြုလုပ်ကျင်းပမည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်လည်း ပါဝင်ပါသည်။ မိုင်းရှူးမြို့နယ်တွင် စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ တတိယပိုင်းကို လူထု...