Tuesday, January 27, 2026

ကွတ်ခိုင်မြို့တွင် အစ်ကိုအစား အသက်မပြည့်သေးသည့် ညီဖြစ်သူမှ မဲသွားပေး

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် အစ်ကိုဖြစ်သူ ခရီးလွန်သဖြင့် အသက်မပြည့်သည့် ညီဖြစ်သူက အကို ဖြစ်သူကိုယ်စား မဲသွားပေးခဲ့သည်ဟု ဒေသအတွင်းသတင်းရပ်ကွက်မှ သိရသည်။

ကွတ်ခိုင်မြို့ အမှတ် ၇ ရပ်ကွက် မဲရုံ ၂ တွင် မြန်မာနိုင်ငံသား မှတ်ပုံတင်ကိုင်ဆောင်ထားသူ တရုတ် အမျိုးသားတဉီးက ခရီးလွန်သဖြင့် အသက် ၁၅ နှစ် အရွယ် ညီဖြစ်သူက အစ်ကိုဖြစ်သူ၏ မှတ်ပုံတင်ကိုင်ဆောင်ကာ အစ်ကိုကိုယ်စား သွားရောက် မဲပေးခဲ့ သည်ဟုသိရသည်။

“ဒီကိစ္စက ဟုတ်မှန်တယ်။ ပြည်သူ့လွှတ်တော်ပုံးမှာ မဲသွားပေးပြီ၊ သူ့အစ်ကိုအစားမဲလာထည့်ပေးတာတဲ့ အ သက် က ၁၅ နှစ်ဘဲ ရှိသေးတယ်။ သူ့အစ်ကိုက တရုတ်ပြည်မှာ အလုပ်သွားလုပ်တာတဲ့။ ကျနော့အမြင် က ခိုင်းတဲ့အဖွဲ့အစည်း မရှိရင် မလာရဲဘူးထင်တယ်။ ကျနော်တို့ ထပ်စိစစ်သွားပါ့မယ်၊ ဒီအမှုတော့ ကော်မ ရှင်ထံ အပ်ထားပြီ” – ကျားခေါင်းပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း စိုင်းပြည့်ဖြိုးကျော် က ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကွတ်ခိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင် ဉက္ကဌ ဉီးဂျေလဆမ်က ဟုတ်မှန် ကြောင်း အတည်ပြုပါသည်။ အသေးစိတ်သိရှိရန် မြို့နယ် ကော်မရှင်အတွင်းရေးမှူး ဒေါ်တောင်ဂျာခေါန် အားဆက်သွယ်သော်လည်း ဖုန်းမအားပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ် ‌မဲရုံများတွင် လုံခြုံရေးယူရန် စစ်တပ်နှင့် PNO အင်အားဖြည့်

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် ကျေးရွာဘက်ရှိ မဲရုံများ၌ လုံခြုံရေးယူရန် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်ထားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်မှ စတင်ပြီး ရွာငံမြို့နယ်နှင့် အနီးတစ်ဝိုက် ရွေးကောက်ပွဲကျင်းပမည့် ကျေးရွာများတွင် စစ်ကော်မရှင်တပ်နှင့် ၎င်း၏လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့က လုံခြုံရေး တင်းကြပ်နေပြီး...

ဟိုပုံးတွင် ကျန်းမာရေးမကောင်းသူကို စစ်တပ်စာရင်းကောက်ခံ၊ ဆန္ဒမပါဘဲ ကိုယ်စား မဲသွားထည့်မည်ကို စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်တွင် နေထိုင်သည့် ကျန်းမာရေးမကောင်းသူ စာရင်းများကို စစ်တပ်လက်အောက်ခံ ရဲနှင့် အုပ်ချုပ်ရေးမှူးများက စာရင်းလိုက်လံ ကောက်ယူနေပြီး ပြည်သူ့ ဆန္ဒမပါဘဲ ကိုယ်စားမဲထည့်မည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင် စတင်ကျင်းပနေသည့် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ...
Namhpakka_Flood

ကွတ်ခိုင်မြို့နယ်အတွင်း အခါလွန်မိုးရွာပြီး တောင်ကျရေကြောင့် စပါးခင်းရေမြုပ် ပျက်စီးမှုများ

0
သျှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေကြောင့် စပါးခင်းများ ရေမြုပ်ကာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်မြို့ အသက် (၈) နှစ် မိန်းကလေးကို သတ်ခဲ့သည့် တရားခံများ ထွက်ပြေးလွတ်မြောက်နေဆဲ

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် အသက် (၈) နှစ်အရွယ်ရှိ မိန်းကလေးငယ်တစ်ဦးကို သတ်ဖြတ်ခဲ့သည့် တရားခံများ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက် နေ့လယ် ၃ နာရီခွဲအချိန်က ကွတ်ခိုင်မြို့ ရပ်ကွက် (၈) တွင် နေထိုင်သော အသက် (၈)...

ကွတ်ခိုင်တွင် MNDAA ရုံးထဲ မြန်မာနိုင်ငံအလံလွှင့်ထူ၊ TNLA မှ စာသင်ကျောင်းများ အရေးပေါ်ပိတ်ထား

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ရုံးများထဲတွင် မြန်မာနိုင်ငံတော်အလံကို ပြန်လည်လွှင့်ထူထားပြီး TNLA ဘက်မှလည်း စာသင်ကျောင်းများ အရေးပေါ် ပိတ်ထားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (သြဂုတ်လ ၂၇ ရက်) တွင် ကွတ်ခိုင်မြို့ပေါ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ဘက်ခြမ်းရှိ ဌာနဆိုင်ရာ ရုံးများထဲတွင်...