Wednesday, January 28, 2026

သျှမ်းရှေ့ မိုင်းယောင်း တွင် တံဆိပ်တုံးအတု ယူလာသည့်အမျိုးသားတစ်ဦး ထိန်းသိမ်းခံရ

သျှမ်းပြည် အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် ဟောင်ကြန့် ကျေးရွာ မဲရုံတွင် တံဆိပ်တုံးအတု ယူဆောင်လာသူ ရှိကြောင်း စုံစမ်းသိရသည်။

တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ဟောင်ကြန့်ကျေးရွာ အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း မဲရုံ (၃)တွင် မဲဆန်ဒရှင် အမျိုးသားတဦးသည် UEC တံဆိပ်မပါသည့် တံဆိပ်တုံးတခုယူဆောင်လာသည်ကို တွေ့ရှိသဖြင့် ၎င်းအမျိုးသားကို ထိန်းသိမ်းစစ်ဆေးနေကြောင်း မိုင်းယောင်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ခွဲ ဥက္ကဌ ဦးစံသိန်း က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ဟုတ်ပါတယ်။ UEC တံဆိပ်မပါတဲ့ တံဆိပ်တုံးအတုယူလာတယ်။ လက်ရှိမှာ မဲရုံမှူးက စစ်ဆေးနေပါတယ်။ ကျန်တာတော့ ဘာမှ ပြောလို့မရသေးဘူး” ဟု ဦးစံသိန်းကပြောသည်။

အဆိုပါ UEC တံဆိပ်တုံးအတု ယူဆောင်လာသည့်သူကို လက်ရှိမှာ မိုင်းယောင်းရဲစခန်းတွင် ထိန်းသိမ်းထားပြီး ရွေးကောက်ပွဲ ပြီးပါက မဲရုံမှူးမှ တရားလို ပြုလုပ်က တရားစွဲဆိုသွားမည် ဖြစ်ကြောင်းသိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ထုတ်ပေးထားသည့် မဲဆန္ဒပြုသည့်တံဆိပ်တုံး နှင့်UEC တံဆိပ်မပါသည့် တံဆိပ်တုံးအတုဖြင့် လဲလှယ်သည့်ဖြစ်စဉ်သည် ကြိုတင်မဲပေးသည့် အချိန်ကာလတွင်ကြုံခဲ့ရသည် ဖြစ်စဉ်ရှိခဲ့ဖူးကြောင်းသိရသည်။

မဲတံဆိပ်တုံးထုရာတွင် UEC စာတမ်းမပါသည့် တံဆိပ်တုံးဖြစ်ပါက ပယ်မဲဖြစ်သွားနိုင်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းယောင်းတွင် မဲသွားမထည့်လျှင် ငွေကောက်၊ အိမ်ထောင်စုပယ်၊ ခရီးသွားခွင့်မပြုဟု စစ်ကော်မရှင် ခြိမ်းခြောက်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် ရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပရာ မဲရုံတွင် မဲသွားမထည့်လျှင် ငွေကောက်ခံခြင်း၊ အိမ်ထောင်စုစာရင်းထဲ ပယ်ထုတ်ခြင်း၊ ခရီးသွားလာ ခွင့်မပြုခြင်းတို့ ပြုလုပ်သွားမည်ဟု စစ်ကော်မရှင်လက်အောက်ခံ အုပ်ချုပ်ရေးမှူးများက ခြိမ်းခြောက်ထားကြောင်း ဒေသခံများက ပြောသည်။ မဲရုံတွင်...

မိုင်းယောင်းတွင် ရွေးကောက်ပွဲအတွက် မဲထည့်ပေးကြရန် စစ်တပ်ခြိမ်းခြောက်ထားဟု ဒေသခံများပြော

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် မဲထည့်ပေးကြရန် စစ်တပ်က ခြိမ်းခြောက်ထားကြောင်း ဒေသခံများကပြောသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊ မိုင်းဖြတ်၊ မိုင်းတုံ၊ မိုင်းယောင်း၊ မိုင်းယန်း အပါအဝင် သျှမ်းပြည်...

မိုင်းလားတပ် NDAA ထိန်းချုပ် မိုင်းယောင်းမြို့နယ်ထဲ မြေရှားသတ္တုတွင်း (၁၉) ခုတိုးလာ

0
သျှမ်းပြည်အရှေ့ပိုင်း အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ခေါ် မိုင်းလားတပ်ဖွဲ့ (NDAA) ထိန်းချုပ်ထားသော မိုင်းယောင်းမြို့နယ်အတွင်း မြေရှားသတ္တု တူးဖော်မှုသည် စစ်အာဏာသိမ်းကာလ လေးနှစ်အတွင်း နေရာ(၁၉)ခုထက်မနည်း တိုးလာကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)က ယနေ့ (သြဂုတ် ၂၅ ရက်)တွင် ထုတ်ပြန်လိုက်သည်။ အဆိုပါ မိုင်းလားတပ်ဖွဲ့ NDAA ထိန်းချုပ်ထားသော...

မိုင်းယောင်း ရွှေတူးဖော်ခွင့် သက်တမ်းကုန်သော်လည်း ခရိုင်အုပ်ချုပ်ရေးမှူးမှ ဆက်လက်တူးဖော်ခွင့်ပြုထား

0
သျှမ်းပြည်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ်တွင် မိုင်းယောင်းခရိုင် အုပ်ချုပ်ရေးမှူးမှ ရွှေတူးဖော်ရေးကုမ္ပဏီတစ်ခုအား တူးဖော်ခွင့် သက်တမ်းကုန်ဆုံးသွားသော်လည်း ဆက်လက်တူးဖော်ခွင့်ပြုနေကြောင်း စုံစမ်းသိရှိရသည်။ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့အနီး ဝမ်တတ်စန့်ရွာနားတွင် ရွှေနဂါးရွှေတူးဖော်ရေးကုမ္ပဏီ အား ရွှေတူးဖော်ခွင့် သက်တမ်း ၅ နှစ်ပြည့်သွားသော်လည်း ဆက်လက်တူးဖော်ခွင့်ပြုနေကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။ “အုပ်ချုပ်ရေးမှူးနဲ့ စစ်တပ်ပေါင်းပြီး ခွင့်ပြုပေးထားတယ်၊ ဆီဘောက်ဆာကားနဲ့...

မိုင်းယောင်းမြို့နယ်တွင်း မိုးအဆက်မပြတ်ရွာ ရေကြီးရေလျှံမှုဖြစ်နေ

0
သျှမ်းပြည် အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းကာ တောင်ကျရေများကြောင့် ရေကြီးရေလျှံမှုများဖြစ်နေကြောင်း သိရသည်။ ယနေ့ (သြဂုတ်လ ၅ ရက်) မနက် မိုင်းယောင်းမြို့နယ် ဝမ်ဒေ၊ဝမ်လဲ နှင့် ဝမ်မိုင်ရွာတို့တွင် မိုးအဆင်မပြတ် ရွာသွန်းပြီး တောင်ကျရေများကြောင့် ‌ရေကြီးရေလျှံမှုများဖြစ်နေကြောင်း မိုင်းယောင်းမြို့ဒေသခံ အမျိုးသမီး တစ်ဦး က...